Sales Hotline : 09448001653    



လူငယ်များ လက်မလွှတ်သင့်သည့် ပညာရေးနှင့် အလုပ်အကိုင်ပြပွဲကြီး

 

Asian Institute for Excellence နှင့် Myanmar Edu-Hub Holdings(MEH) တို့မှပူးပေါင်း၍ ပညာရေး နှင့်အလုပ်အကိုင်ပြပွဲကြီး တစ်ခုဖြစ်သည့် " MEH Education & Career Fair 2023 " ပွဲကြီးကို လာမည့် ဇွန်လ ၄ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါပွဲကြီးတွင် မြန်မာနိုင်ငံရှိ Hotel ကြီးများ၊ Luxury Restaurant များ၊ Bank များ၊ Distribution Company များ၊ အလုပ်အကိုင်ရှာဖွေရေး Agency များမှ လိုအပ်နေသည့် အလုပ်အကိုင်ရာထူးများကို Company တိုက်ရိုက်ခေါ်ယူသွားမည်ဖြစ်သည်။

 

ပွဲမှာ Asian Institute for Excellence တွင်တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများအတွက် အဓိကရည်ရွယ်ပြီး ပြင်ပမှ ကျောင်းသူ/ကျောင်းသားများ၊ အလုပ်အကိုင်ရှာဖွေနေသူများ၊ သက်မွေးပညာ အတွက်ကျောင်းစုံစမ်းလေ့လာလိုသူများလည်း လာရောက်နိုင်ကြောင်း သိရှိရသည်။

Advertisement 

Click Here > GK General Trading Co.,ltd.

ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ_

 

  • ကျောင်းသူ/သားများအနေဖြင့်မိမိဝါသနာနှင့်ကိုက်ညီသည့် Careerနောက်သို့ လျှောက်လှမ်းနိုင်ရန်

  • အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်

  • ပြည်ပတက္ကသိုလ်များမှ ပညာတော်သင်ဆုများကို တိုက်ရိုက်လျှောက်ထားနိုင်ရန်

  • ပြည်တွင်းမှာပဲ နိုင်ငံတကာအသိအမှတ်ပြု MBAဘွဲ့နှင့် Diploma ဘွဲ့ရယူလိုသူများအနေဖြင့် မေးမြန်းစုံစမ်းနိုင်ရန် စသည်တို့ဖြစ်သည်။

 

ထို့အပြင် ပွဲသို့လာရောက်မည့် ကျောင်းသူ/ကျောင်းသားများနှင့် ပြင်ပဧည့်သည်များအတွက် အလုပ်အကိုင် နှင့်ပတ်သက်သည့် ဗဟုသုတများကို Knowledge Sharing လုပ်ပေးသွားမည့် Seminar အစီအစဥ်များနှင့် Lucky Draw ဆုမဲများ ဖောက်ပေးမည့် အစီအစဥ်များလည်း ပါဝင်မည်ဖြစ်သည်။

 

ပွဲအစီအစဥ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်_

 

Date - 4th June,2023 (Sunday)

Time - 9:00AM to 5:00PM 

Location - Summit Parkview Hotel (Grand Ballroom),No.350, Ahlone Road,Dagon Township,Yangon.


Credited to Original Post Link > https://shorturl.at/zCIVX

Latest Post Local News Read 1143 times