Sales Hotline : 09448001653       Download App



စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများမှ သင်တန်းသားများစတင်ခေါ်ယူ

 

သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများဖြစ်ကြသော (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး) မြို့များတွင် ၂၀၂၃ခုနှစ် အတွက် စာရင်းကိုင်သက်မွေးပညာ သင်တန်းကို သင်ကြားဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းသိရှိရသည်။

 

အဆိုပါသင်တန်းမှာ ၂၀၂၃ခုနှစ် ဇွန်လ ၁၆ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)နှစ် ကြာမြင့်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ) အောင်လက်မှတ် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

Advertisement

Click Here > DM Trading

သင်တန်းကို အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများလျှောက်ထားနိုင်သည်_

 

  • အသက် (၁၆)နှစ်နှင့် (၂၅)နှစ်ကြားဖြစ်ရမည်။

  • အခြေခံပညာစနစ်သစ်Grade(10)အောင်မြင်ပြီးသူဖြစ်ရမည်။(သို့မဟုတ်) အခြေခံပညာစနစ်ဟောင်း အဌမတန်းအောင်မြင်ပြီးသူဖြစ်ရမည်။

  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။

  • သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဥ်း/စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

 

အဆိုပါ(၂)နှစ်သင်တန်းကို ပြီးဆုံးအောင်မြင်သူများအနက်မှ  သတ်မှတ်အရည်အချင်း ပြည့်မှီသူများသည်သမဝါယမ ကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။

 

တက်ရောက်ခွင့်ရရှိသော သင်တန်းသားတိုင်းအတွက် သင်တန်းကာလအတွင်း သင်တန်းသား တစ်ဦးချင်းစီအတွက်  ပုံနှိပ်စာအုပ်စာအုပ်များကို   အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သည်။  နယ်ဝေးမှတက်ရောက်သည့် သင်တန်းသားများအတွက် အဆောင်စီစဥ်ပေးမည်ဖြစ်သည်။

 

လျှောက်ထားလိုသူများအနေဖြင့် 

 

  • သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။ 

  • သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)၊  မကွေးဘူတာ တောင်ဘက်၊ အောင်မေတ္တာ(ဃ)ရပ်ကွက်၊  မြင်းကင်းကျေးရွာအနီး၊  မကွေးမြို့၊  မကွေးတိုင်းဒေသကြီး။

  • သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (ပုသိမ်)၊ မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။

  • သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မော်လမြိုင်)၊ အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

  • သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မန္တလေး)၊ အကွက် -၁၇၇၊ ၈၃လမ်း၊ ၂၅-၂၆လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး

 

စသည်တို့တွင် လျှောက်လွှာများရယူပြီး ၂၀၂၃ခုနှစ် ဇွန်လ ၁၅ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုသည်များကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

ရုံးချုပ်  - ၀၆၇ ၃၄၁၀၃၄၃

တောင်ကြီး - ၀၈၁ ၂၁၂၁၃၂၀

မကွေး - ၀၆၃ ၂၀၂၃၁၅၅

ပုသိမ် - ၀၄၂ ၂၉၀၀၃

မော်လမြိုင် - ၀၅၇ ၂၇၀၇၈

မန္တလေး - ၀၂ ၄၀၃၉၁၄၈

Source : The Mirror Daily News 

 

Latest Post Local News Read 987 times