Sales Hotline : 09448001653       Download App



နိုင်ငံခြားဘာသာတက္ကသိုလ်မှရုံးချိန်လွတ် ဘာသာစကားသင်တန်းများ ဇွန်လ ၂ရက်နေ့တွင် လျှောက်ထားနိုင်

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊  လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ  အောက်ပါနိုင်ငံခြားဘာသာစကားအခြေခံသင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ ပညာအရည်အချင်း အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများမှ စတင်၍ လျှောက်ထားနိုင်ကြောင်း သိရှိရသည်_

 

၁။ တရုတ်

၂။ အင်္ဂလိပ်

၃။ ပြင်သစ်

၄။ ဂျာမန်

၅။ ဂျပန်

၆။ ကိုရီးယား

၇။ ထိုင်း

၈။ အီတာလျံ

၉။ မြန်မာဘာသာ (နိုင်ငံခြားသားများအတွက်)

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို YUFL Website http://www.chrd.yufl.edu.mm တွင် လျှောက်ထားရ မည်ဖြစ်ပြီး သင်တန်းကြေးပေးသွင်းရန်အတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ငွေစာရင်းအမှတ် (MD-010777) မြန်မာ့စီးပွားရေးဘဏ် (ကမာရွတ်ဘဏ်ခွဲ) (သို့မဟုတ်) KPay ဖြင့် ပေးသွင်းရမည် ဖြစ်သည်။

 

သင်တန်းလျှောက်လွှာများကို ၂၀၂၃ခုနှစ် ဇွန်လ ၂ရက်နေ့ (သောကြာနေ့) တွင် နံနက် ၉း၃၀မှစပြီး http://www.chrd.yufl.edu.mm လင့်ခ်မှတစ်ဆင့် Online မှလက်ခံသွားမည်ဖြစ်သည်။  သတ်မှတ်သင်တန်းသားဦးရေ   ပြည့်သွားပါက   အလိုအလျောက်   မှတ်ပုံတင်ခွင့်ရပ်ဆိုင်းသွားမည်ဖြစ်သည်။ 

 

ပေးထားသော သင်တန်းဝင်ခွင့်လျှောက်လွှာ တင်ရမည့် လင့်ခ်မှာ ဇွန်လ ၂ရက်နေ့ နံနက် ၉း၃၀မှသာ ဖွင့်ပေးမည်ဖြစ်သည်။ သင်တန်းများကို မိမိကြိုက်နှစ်သက်ရာ ဘာသာစကားသင်တန်းအား ရွေးချယ်လျှောက်ထားနိုင်သည်။ Sever သို့အရင် ရောက်ရှိလာသော လျှောက်လွှာများကို ဦးစားပေးအစီအစဥ်အတိုင်း လက်ခံပေးသွားမည်ဖြစ်သည်။

Advertisement 

Click Here > Central Ko Soe Myint

တင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ

  • ပတ်စ်ပို့တ်ဓာတ်ပုံ (၃)ပုံ

  • ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာမူရင်း

  • အလုပ်ရှင်၏ထောက်ခံစာ(မြန်မာဘာသာသင်တန်းတက်ရောက်မည့်နိုင်ငံခြားသားကျောင်းသားများသာ)

 

သင်တန်းတက်ရောက်ခွင့်ရရှိသူ အမည်စာရင်းကို Website တွင် ၂၀၂၃ခုနှစ် ဇွန်လ ၉ရက်နေ့ နံနက် ၁၀း၀၀တွင် ကြေညာပေးထားမည်ဖြစ်သည်။ သင်တန်းကြေးမှာ မြန်မာနိုင်ငံသားများအတွက် ကျပ် ၁၀၀,၀၀၀/- (တစ်သိန်း) ဖြစ်ပြီး မြန်မာဘာသာသင်ကြားမည့် နိုင်ငံခြားသားများအတွက် (USD 180)နှင့် ညီမျှသော (ဗဟိုဘဏ်၏ နေ့စဥ် ငွေလဲလှယ်နှုန်းထားအတိုင်း) ပေးသွင်းရမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်ခွင့်ပါဝင်မှသာ သင်တန်းကြေးကို ဆက်လက်ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကြေး ပေးသွင်းပြီးမှသာလျှင် သင်တန်းသာအဖြစ် သတ်မှတ်မည်ဖြစ်သည်။ ပညာအရည်အချင်းသတ်မှတ်ချက်အား မှားယွင်းစွာ ဖော်ပြပြီး သင်တန်းတက်ရောက်နေကြောင်း စစ်ဆေးတွေ့ရှိပါက သင်တန်းမှ ထုတ်ပယ်ပြီး သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရှိရသည်။ 

 

တင်ပြရမည့် စာရွက်စာတမ်းများကို သင်တန်းမတက်မီ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်တန်းရေးရာ ဌာနသို့ လာရောက်ပေးပို့ရမည်။ သင်တန်းမှာ Face to Face သင်ကြားမည်ဖြစ်ပြီး ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်  တက်ရောက်ရမည်ဖြစ်သည်။

 

သင်တန်းကာလမှာ ၂၀၂၃ခုနှစ် ဇွန်လ ၁၇ရက်နေ့မှ ၂၀၂၃ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့အထိ (၁၂)ပတ်တိတိ ကြာမြင့်မည်ဖြစ်ပြီး အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀)အထိ တက်ရောက် ရမည်ဖြစ်သည်။

 

သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊  သင်တန်းရေးရာဌာန ဖုန်းနံပါတ် ၀၉ ၄၂၈၂၂၇၄၈၄၊ ၀၉ ၇၉၁၂၆၉၇၉၈၊ ၀၉ ၄၅၀၀၂၇၂၆၃၊ ၀၉ ၄၄၂၂၅၃၈၁၂ နံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။ 

 

Source: The Mirror Daily News

 

Latest Post Local News Read 6468 times