ဘဏ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုချင်သူ လူငယ်များအတွက် အလုပ်သင်ခေါ်ယူမှု အခွင့်အရေး

လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျှက်ရှိသော ရိုးမဘဏ်မှ “Yoma Bank Youth Internship Program” Batch (2)အတွက် စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရှိရသည်။

 

လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ထက်မြက်သောလူငယ်များပေါ်ပေါက်လာစေနိုင်ရေးအတွက် အဆိုပါ အစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ရာ ယခုအခါတွင် ဒုတိယအကြိမ်အဖြစ် အလုပ်သင်လူငယ်များကို ခေါ်ယူခြင်းဖြစ်သည်။

 

အဆိုပါ ပရိုဂရမ်ကို အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

 

ပြည်တွင်း/ပြည်ပ မည်သည့် တက္ကသိုလ်မှမဆို ပညာသင်နှစ် (အနည်းဆုံး - ဒုတိယနှစ်) အထိ တက်ရောက် ထားသော တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ

Advertisement

Click Here > URBAN 

လျှောက်ထားမှုအတွက် ဘဏ်လုပ်ငန်း အတွေ့အကြုံနှင့် အခြားလုပ်ငန်းအတွေ့အကြုံရှိရန်ပါ။

အလုပ်သင်ကာလတွင် အနည်းဆုံး (၃)လ တာဝန်ထမ်းဆောင်ရန်လိုအပ်သည်။ 

 

လျှောက်ထားလိုသူများအနေဖြင့် Yoma Bank ၏ Facebook Page Original Post Link မှတစ်ဆင့် လျှောက်လွှာဖြည့်စွက်ပြီး မေလ (၂၃)ရက်နေ့မှ (၂၈)ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

Yoma Bank Youth Internship Program > https://shorturl.at/HKZ57 

 

Credited to Yoma Bank Limited Facebook Page

 

Latest Post Local News Vocational Read 1368 times