Sales Hotline : 09448001653       Download App



ရုံးချိန်လွတ် ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေး မဟာပညာဘွဲ့ သင်တန်းများ စတင်လျှောက်ထားနိုင်

 

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်က ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး မဟာ ပညာဘွဲ့သင်တန်းများကို  Online ဖြင့် ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

ဖွင့်လှစ်ပို့ချမည့် သင်တန်းများမှာအောက်ပါအတိုင်းဖြစ်သည်_

  1. ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF) သင်တန်း

  2. ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်

Advertisement 

Click Here > Taw Win Yadanar

အဆိုပါဘွဲ့သင်တန်းများအတွက်အောက်ပါအရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်း တစ်ခုခုတက်ရောက်နေသူ မဖြစ်စေရ။

  • ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ အချိန်ပြည့်သင်တန်းတက်ရောက်ရန် ခွင့်ပြုချက် တင်ပြနိုင်သူ ဖြစ်ရမည်။

  • သက်ဆိုင်ရာ အကြီးအကဲ၏ ထောက်ခံချက်လက်မှတ်ပါရှိရမည်။

  • ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF) သင်တန်းအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံ (လုပ်သက်) အနည်းဆုံး (၂)နှစ်ရှိရမည်။

  • သတ်မှတ်ထားသောသင်ရိုးအတိုင်းအချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။

  • သင်တန်းအား Online စနစ်ဖြင့် သင်ကြားမည်ဖြစ်ပါ၍ ကွန်ပျူတာတက်မြောက်မှု ကျွမ်းကျင်ပြီး Google Classroom နှင့် Zoom Application အား ကောင်းစွာအသုံးပြုနိုင်သူ ဖြစ်ရမည်။

 

လျှောက်ထားလိုသူများ အနေဖြင့် သင်တန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၃ခုနှစ် မေလ ၂၅ရက်နေ့စ၍ သွားရောက်ထုတ်ယူ နိုင်ပြီး ၂၀၂၃ခုနှစ် ဇွန်လ ၂၇ရက်နေ့ နောက်ဆုံးထား တင်သွင်းနိုင်သည်။

 

လျှောက်ထားသူများသည် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံမည်ဖြစ်သည်။

 

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ သင်တန်းတက်ရောက်မှု အချိန်ဇယားမှာ အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ဖြစ်ပြီး သင်တန်းကာလမှာ (၂)နှစ်ဖြစ်သည်။ 

 

သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မိတ္ထီလာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာ ဌာန ဖုန်းနံပါတ် ၀၉ ၂၅၁၆၅၅၅၉၀ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

Source: The Mirror Daily Newspaper

 

Latest Post Local News Read 946 times