Sales Hotline : 09448001653       Download App



လုပ်ငန်းအတွေ့အကြုံမရှိသေးသူတွေအတွက် ကမ္ဘာ့ဘဏ်က လစာပေး ဂျူနီယာအလုပ်သင်အခွင့်အရေး

 

ဘဏ်လုပ်ငန်းနယ်ပယ်ကို စိတ်ဝင်စားသူများ၊ လက်ရှိဘဏ်မှာလုပ်ကိုင်နေသူများအတွက် အခွင့်အရေးထူးလေး တစ်ခုလာပါပြီ။ ဒါကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ရှိတဲ့ ကမ္ဘာ့ဘဏ် (World Bank) ကြီးကနေပြီးတော့ ဘွဲ့ရပြီးသား လူငယ်များအတွက် အတွေ့အကြုံလည်းရ လစာပါရရှိဦးမယ့် အလုပ်သင်အခွင့်အရေးပါ။

 

ဒီပရိုဂရမ်ဟာဆိုရင် World Bank Junior Professional Associates Program (JAP) လို့ခေါ်ပြီး နှစ်စဥ်ခေါ်ယူနေကြဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ၂၀၂၃-၂၄ခုနှစ်အတွက် ခေါ်ယူတာဖြစ်ပြီး နိုင်ငံအရပ်ရပ်က ဘဏ်လုပ်ငန်းကို စိတ်ပါဝင်စားတဲ့လူငယ်တွေအတွက် အခွင့်အရေးတွေပေးနေတာပဲဖြစ်ပါတယ်။

 

လူငယ်တွေအနေနဲ့ ဘဏ်လုပ်ငန်းမှာလည်း လုပ်ချင်တယ်။ အသက်မွေးဝမ်းကြောင်း ပညာရပ်ကိုလည်း ဘဏ်လုပ်ငန်းကိုမှ ရွေးချယ်ထားတယ်။ အတွေ့အကြုံလည်းမရှိသေးဘူးဆိုရင်တော့ အခုလို ကမ္ဘာ့ဘဏ်ကြီးမှာ နိုင်ငံတကာအတွေ့အကြုံကိုယူပြီး လစာလည်းရရှိမယ်ဆိုတာ တကယ့်ကို ထူးခြားတဲ့အခွင့်အရေးပါ။

 

ဒါဆိုရင်တော့  ဒီအလုပ်သင်အခွင့်အရေးနဲ့  ပတ်သက်ပြီး  အသေးစိတ်ကိုအောက်မှာကြည့်လိုက်ကြရအောင်_

 

ခေါ်ယူသည့်ပရိုဂရမ် - World Bank Junior Professional Associates Program (JAP) 2023-24

 

လက်ခံခေါ်ယူသည့် အဖွဲ့အစည်း - The World Bank

 

တာဝန်ထမ်းဆောင်ရမည့်နိုင်ငံ - လုပ်ငန်းလိုအပ်ချက်အရ လိုအပ်လျှင်နိုင်ငံတကာမှ ဘဏ်ခွဲများတွင် တာဝန်ထမ်းဆောင်ရမည်။

 

အလုပ်သင်ကာလ - ၂နှစ် 

 

အလုပ်သင်ကာလမှာ ၂နှစ်ကြာမြင့်မည်ဖြစ်ပြီး အလုပ်သင်ကာလပြီးဆုံးရင်တော့ World Bank အနေနဲ့ ဆက်လက်ပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားမှာမဟုတ်ပါဘူး။ ကာလပြီးဆုံးတာနဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်ရ မှာပါ။ ဒါပေမယ့် တစ်ခုရှိတာက World Bank ရဲ့ အလုပ်ခေါ်ယူမှုတွေမှာ သင့်အနေနဲ့ စိတ်ဝင်စားရင် ပြန်လည် လျှောက်ထားလို့ရပါတယ်။ 

Advertisement

Click Here > Super Shine Trading

ရရှိနိုင်မည့် အကျိုးကျေးဇူးများ

 

  • A competitive salary

  • A two-year contract with the World Bank.

  • Disability accommodation fund for Persons with disabilities

  • A chance to start a career in a premier development institution

 

ဘယ်လိုလူတွေလျှောက်ထားလို့ရလဲ

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်

  • အလုပ်စဝင်သည့်နေတွင် အသက် ၂၈နှစ်ထက်မကြီးသူဖြစ်ရမည်။

  • အင်္ဂလိပ်စာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုဆက်ဆံနိုင်သူဖြစ်ရမည်။

  • ကမ္ဘာ့ဘဏ်တွင်ပြောဆိုသုံးစွဲနေသောဘာသာစကားများဖြစ်သည့်အာရပ်၊ပြင်သစ်၊တရုတ်၊ပေါ်တူဂီ၊ရုရှား၊စပိန်စသည့်ဘာသာရပ်ထဲမှဘာသာစကားတစ်ခုခုကိုတတ်မြောက်ကျွမ်းကျင်ထားပါက ပိုဦးစားပေးမည်။

  • အလုပ်သင်ကာလ ၂နှစ်ပြည့်ပါက ဘဏ်မှထွက်ခွာရမည်ဖြစ်ကြောင်း သဘောတူညီ ချက်ကိုလက်ခံရမည်။သို့မှသာ အကယ်၍ ဘဏ်ဘက်က အလုပ်ခေါ်ယူမှုရှိခဲ့သော် ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်သည်။

 

ဘယ်လိုလျှောက်ထားရမလဲ

 

  • လျှောက်လွှာကို အွန်လိုင်းမှတစ်ဆင့်လျှောက်ထားရမည်။

  • အချက်အလက်များကို မှန်မှန်ကန်ကန်ပြည့်စုံစွာဖြည့်စွက်ပြီး လိုအပ်သည့် စာရွက်စာတမ်းအပြည့်အစုံကို ပူးတွဲတင်ပြရမည်။

  • လျှောက်ထားမှုမှာ နောက်ဆုံးသတ်မှတ်ရက် (Deadline) မရှိသောကြောင့် တစ်နှစ်ပတ်လုံးလျှောက်ထားနိုင်သည်။

  • တစ်ခါလျှောက်လျှင် Application Form မှာ ခြောက်လအကျုံးဝင်သည်။ ၆လအတွင်း အဖွဲ့အစည်းဘက်မှ ခေါ်ယူဆက်သွယ်ခြင်းမရှိခဲ့ပါက နောက်တစ်ကြိမ်ပြန်လည် လျှောက်ထားနိုင်သည်။ ဆိုလိုသည်မှာ ခြောက်လတစ်ကြိမ် တစ်နှစ်ကို နှစ်ကြိမ် လျှောက်ထားနိုင်သည်။

 

လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ

 

  • CV (ကိုယ်ရေးအကျဥ်း)

  • Experience Certificate (လုပ်ငန်းအတွေ့အကြုံအထောက်အထား -ရှိလျှင်တင်ပြရန်)

  • Educational Certificates and Credentials (ပညာရေးဆိုင်ရာလက်မှတ်နှင့် အထောက်အထားများ)

  • Language Proficiency Certificate (ဘာသာစကားကျွမ်းကျင်တတ်မြောက်မှု လက်မှတ်အထောက်အထား)

  • Cover Letter (မိမိအကြောင်းကိုအကျဥ်းချုံးရေးသားမိတ်ဆက်ထားသည့်စာ)

  • Reference Letters(ထောက်ခံစာ)

 

အသေးစိတ်အချက်တွေကိုတော့ အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ လျှောက်ထားရမယ့် Official Application Form LInk ကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။ 

 

Official Website Link > https://shorturl.at/GHNW7 


Application Form Link > https://shorturl.at/amEMZ

 

Vocational International Latest Post Read 1012 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176