Sales Hotline : 09448001653   Find A Tutor     Download App



အခမဲ့ ရွှေပညာသင်တန်းနှင့် ငွေကြေးခဝါချမှု အသိပညာပေးသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း၊ သင်တန်းဖြစ်မြောက်ရေးအဖွဲ့မှ (၂၅) ကြိမ်မြောက် ရွှေပညာဒါန ( အခမဲ့ ) အသိပညာပေး ရွှေသင်တန်းကို လာမည့် ဇွန်လ ပထမပတ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရွှေပညာ သင်တန်းနှင့်အတူ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုတို့ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၆) ကိုလည်း ပူးတွဲ သင်ကြားပေးသွားမည်ဟု ကြေညာထားသည်။

 

အဆိုပါ သင်တန်းနှစ်ခုစလုံးကို ဇွန်လ (၃) ရက်နေ့မှ ဇွန်လ (၁၂) ရက်နေ့အထိ (၁၀) ရက် ပြုလုပ်သွားမည် ဖြစ်ပြီး ရွှေပညာသင်တန်း သင်တန်းချိန်မှာ မနက် (၈) နာရီမှ မနက် (၁၀) နာရီအထိ ဖြစ်ကာ ငွေကြေးခဝါချ အသိပညာပေး သင်တန်းမှာ မနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအထိ ဖြစ်သည်။

 

သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များကို အောက်တွင် ကြည့်ရှု လေ့လာနိုင်သည်။

  • ငွေကြေးခဝါချ အသိပညာပေးခြင်း

  • ရွှေတူးဖော်ခြင်း

  • ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက် ရောင်းဝယ်ခြင်း

  • ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း

  • ရွှေပန်းထိမ်

  • အသုံးချရွှေသင်္ချာ

  • ရွှေအပေါင်ခံခြင်း

  • ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး

  • ကျောက်မျက်ပညာ

  • ရွှေဆိုင်ဖွင့်လှစ်ခြင်း

 

Ye Optical 1

Advertisement

Click Here >>> Ye' Optical

 

ဖော်ပြပါ သင်တန်းများကို တက်ရောက်လိုသူများအနေဖြင့် သင်တန်းတက်ရောက်ခွင့် ပုံစံကို အခမဲ့ တောင်းယူ ဖြည့်စွက်နိုင်ပြီး ဓာတ်ပုံ (၃) ပုံနှင့်အတူ ရွှေလုပ်ငန်းရှင်များ အသင်းသို့ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

 

မေလ (၂၂) ရက်နေ့မှ စတင်၍ သင်တန်းလျှောက်လွှာများ လက်ခံပေးနေပြီး သင်တန်းသားဦးရေ ကန့်သတ်ထားသည့်အတွက် လျှောက်ထားသူ များပြားသဖြင့် သင်တန်းတက်ရောက်လိုပါက မြန်မြန်ဆန်ဆန် သွားရောက် လျှောက်ထားရန် လိုအပ်သည်။

 

သင်တန်းကာလ

  • ဇွန်လ ၃ ရက်နေ့ ( စနေနေ့ ) မှ ဇွန်လ ၁၂ ရက်နေ့ ( တနင်္လာနေ့ ) အထိ

 

သင်တန်းချိန် 

  • ရွှေပညာသင်တန်း - မနက် (၈) နာရီမှ မနက် (၁၀) နာရီအထိ 
  • ငွေကြေးခဝါချ အသိပညာပေး သင်တန်း - မနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအထိ

 

သင်တန်းနေရာ 

  • အမှတ် (၄၂/၅၀)၊ ပထမထပ်၊ ရွှေဘုံသာအောက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

 

အသေးစိတ်ဆက်သွယ်ရန် 

  • 09450049282
  • 09251992727 

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း၏ (၂၄) ကြိမ်မြောက် ရွှေပညာဒါန အသိပညာပေး သင်တန်းကို ပြီးခဲ့သည့် မေလပထမပတ်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲကို (၁၀) ရက်နေ့တွင် ကျင်းပခဲ့သည်။

Latest Post Local News Vocational Read 329 times