Sales Hotline : 09448001653       Download App



ကျောင်းသားအယောက်(၂၀၀)ကို ပေးအပ်မဲ့ တရုတ်နိုင်ငံက မာစတာဘွဲ့ပညာတော်သင်ဆု

 

တရုတ်နိုင်ငံ၊ပေကျင်းမြို့မှာရှိတဲ့နာမည်ကြီးတက္ကသိုလ်ကြီးကနေနှစ်စဥ်ကျောင်းသူ/ကျောင်းသားပေါင်း အယောက် ၂၀၀ အတွက် ပညာသင်ဆုတွေ ပေးအပ်နေတယ်ဆိုတာက ပညာရေးမှာ ထူးချွန်ပြီး ပညာဆက်လက် သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ရှာဖွေနေတဲ့ လူငယ်တွေအတွက်တော့ စိတ်ဝင်စားစရာ သတင်းတစ်ခုပါပဲ။

 

ဒါဆိုရင်တော့ ဒီပညာတော်သင်ဆုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မှာတည်ရှိတဲ့ သုတေသနတက္ကသိုလ်တစ်ခုဖြစ်တဲ့ Tsinghua University ကနေ နိုင်ငံတကာမှ Bachelor ဘွဲ့ရရှိပြီးသား ကျောင်းသား/ကျောင်းသူပေါင်း အယောက် (၂၀၀)အတွက် နှစ်စဥ်ပေးအပ်နေတဲ့ Fully-Funded Master’s Degree Scholarship Program ပဲဖြစ်ပါတယ်။

 

ဒါဆိုရင်တော့ပညာတော်သင်ဆုနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုအောက်မှာဆက်လက် ဖော်ပြပေးပါမယ်။

 

ပေးအပ်သည့် အဖွဲ့အစည်း/တက္ကသိုလ် - Tsinghua University

 

တက်ရောက်ရမည့် ပညာတော်သင်ဆုအမျိုးအစား - Schwarzman Scholars Programme in China (Fully Funded) 

 

တက်ရောက်ရမည့် ကာလ - (၁)နှစ်

 

ရရှိမည့်ဘွဲ့အမျိုးအစား - Master’s Degree

Advertisement

Click Here > M.B.K Rubber Roller

ဘယ်လိုလူတွေတက်ရောက်လို့ရလဲ

 

  • တက္ကသိုလ်တစ်ခုခုမှ Bachelor ဘွဲ့ရရှိပြီးထားသူများ

  • အသက် ၁၈နှစ်မှ ၂၈နှစ်အတွင်းရှိသူများ

  • အင်္ဂလိပ်စာဘာသာစကားအရည်အချင်းပြည့်မှီသူများ(အင်္ဂလိပ်စာဘာသာစကားဖြင့်သင်ကြားသော Academic Program ကို အနည်းဆုံး ၂နှစ်တက်ရောက်ဖူးသူ or IELTS Bandscore 7.0 or Equivalent Proficiency Test Result must be shown)

 

လိုအပ်သော စာရွက်စာတမ်းများ

  • Resume

  • 2 Essays(750-words leadership essay and 500-words statement of purpose)

  • Transcript/Academic Records

  • 3 Letters of Recommendation

  • Video Introduction (1 Minute of Self-Introduction)

 

ဘယ်လိုလျှောက်ထားရမလဲ

  • Online Application ကို အင်္ဂလိပ်စာဘာသာဖြင့် ပြည့်စုံစွာဖြည့်စွက်ရပါမယ်။

  • အထက်မှာဖော်ပြထားတဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်လုံးကို ပို့ပေးရပါမယ်။

 

Full Application Instruction ကိုတော့ အောက်မှာဖော်ပြထားတဲ့လင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုလေ့လာ နိုင်ပါတယ်။


Full Application Instruction Link > https://bit.ly/43jdUkG 

 

ပညာသင်ဆုနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်များကိုတော့ https://bit.ly/3MndD9L ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

လျှောက်ထားရမယ့်ဖောင်လင့်ခ်ကတော့ အောက်မှာဖော်ပြပေးထားပါတယ်။

>>>  https://bit.ly/43j5Oca 

 

Deadline ကတော့ 2023, September 19 ပါ။ Deadline လည်းလိုသေးတာမို့ လိုအပ်တဲ့ စာရွက်စာတမ်း တွေသေချာပြင်ဆင်ပြီး လျှောက်ဖို့ အကြံပေးချင်ပါတယ်။

 

Latest Post International Read 2269 times