Sales Hotline : 09448001653    



လူငယ်များအခမဲ့လျှောက်ထားနိုင်သည့် သုတေသနနှင့် လူငယ်‌ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း

 

Naushawng Development Institute (NDI) မှ လူငယ်များအတွက် “သုတေသနနှင့် လူငယ်ခေါင်းဆောင် မှုစွမ်းရည်မြှင့်သင်တန်း”(Research & Youth Empowerment Training) ကို ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းကို လူငယ်များအနေဖြင့် ပညာရေး၊ လူမှုရေး နှင့် စီးပွားရေးနယ်ပယ်များတွင် သုတေသန လုပ်ငန်းများပါဝင်ဆောင်ရွက်ရာတွင်လည်းကောင်း၊ လူငယ်များခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်နိုင်ရန် အတွက်သော်လည်းကောင်း၊ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန် ရည်ရွယ်၍ ပို့ချဖွင့်လှစ်ခြင်းဖြစ်သည်။

 

သင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ Google Form Link မှတစ်ဆင့်လျှောက်ထားနိုင်သည်_

https://forms.gle/szLaYAA6WabLEUt36

Advertisement 

Click Here > Ko Nyein Maung

သင်တန်းကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်သည်

 

  • အသက် (၁၈)နှစ် နှင့် (၃၅)နှစ်ကြားလူငယ်များဖြစ်ရမည်။

  • တက္ကသိုလ်ဝင်တန်း (၁၀)တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

  • မူးယစ်ဆေးဝါးကင်းရှင်းသူ၊ အကျင့်စာရိတ္တနှင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

  • တတ်တတ်ကြွကြွပူးပေါင်းလုပ်ဆောင်တတ်သူဖြစ်ရမည်။

  • သင်တန်းကာလ (၁၀)ရက်ကို မပျက်မကွက် ပြီးမြောက်အောင် တက်ရောက်လေ့လာနိုင်သူဖြစ် ရမည်။

  • သုတေသနနှင့် လူငယ်အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် စိတ်အား ထက်သန်သောသူဖြစ်ရမည်။

  • ကချင်ပြည်နယ်အတွင်းနေထိုင်သူဖြစ်ရမည်။

 

လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

ပြည့်စုံစွာဖြည့်စွက်ထားသော သင်တန်းလျှောက်လွှာနှင့်အတူ ရပ်မိရပ်ဖ (သို့မဟုတ်) ဘာသာရေး အဖွဲ့အစည်း (သို့မဟုတ်) လူမှုအဖွဲ့အစည်း တစ်ဦးဦးထံမှ ထောက်ခံစာတစ်စောင် ပူးတွဲပေးပို့ရမည် ဖြစ်သည်။ 

 

သင်တန်ကြေးမှာ  အခမဲ့ဖြစ်သည့်အပြင်  တည်းခိုစရိတ်၊ စားသောက်စရိတ်၊ ခရီးသွားလာရေးစရိတ်များကို သင်တန်းမှ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ 

 

သင်တန်းကာလမှာ ၂၀၂၃ခုနှစ် ဇွန်လ (၂၀)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ (၁၀)ရက်တာ ကြာမြင့်မည် ဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၉း၀၀နာရီမှ ညနေ ၄း၀၀နာရီအထိပို့ချသင်ကြားမည်ဖြစ်သည်။

 

သင်တန်းလျှောက်လွှာများကို ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားရမည်ဟု သိရှိရသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် 09791872156/ 09263124437   သို့ဆက်သွယ်မေးမြန်း နိုင်ပါသည်။


Credited to Original Source Link > https://bit.ly/3MFbojr

Latest Post Local News Vocational Read 1093 times