Sales Hotline : 09448001653       Download App



အမေရိကန်ထိပ်တန်းတက္ကသိုလ် (၅)ခုမှာ အခမဲ့တက်ရောက်နိုင်မယ့် အင်္ဂလိပ်စာအတန်းများ

 

ဘာသာစကားလေ့လာတဲ့နေရာမှာ အင်္ဂလိပ်စာဘာသာစကားကတော့ ယနေ့ထက်ထိတိုင် နံပါတ်တစ်နေရာမှာ ရှိမြဲ၊ရှိဆဲပါပဲ။ အင်္ဂလိပ်စာကိုလေ့လာတဲ့နေရာမှာ အခုဆိုရင် အခမဲ့လေ့လာလို့ရတဲ့ သင်တန်းတွေ၊ နေရာတွေ အများကြီးရှိနေပြီပဲဖြစ်ပါတယ်။ 

 

ဒီထဲကမှ အင်္ဂလိပ်စာအတန်းတွေကို ကိုယ်တိုင်ကိုယ်ကျ ဘယ်မှသွားစရာမလိုပဲ အိမ်မှာပဲ လက်ပ်တော့ (သို့) ဖုန်း၊  အင်တာနက်ရှိရုံဖြင့်  အလွယ်တကူလေ့လာနိုင်မယ့်  အတန်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီသင်တန်းတွေမှာဆိုရင် အောက်မှာဖော်ပြထားတဲ့ သင်ခန်းစာတွေကို လေ့လာရမှာပါ။

 

  • English for Career Development

  • Clinical Terminology for International Students

  • Trick American English Pronunciation 

  • Better Business Writing in English

  • English for Journalism 

 

ဒီသင်တန်းတွေကတော့ အမေရိကန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်တွေကနေ ဖွင့်လှစ်သင်ကြားပို့ချထားတဲ့ သင်တန်း (၅)ခုပါ။ နာမည်ကြီးတက္ကသိုလ်တွေကဖွင့်တဲ့ သင်တန်းဖြစ်သလို Resource တွေလည်း စုံစုံလင်လင် ရှိတာကြောင့် အချိန်ပေးပြီး လေ့လာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

 

သင်တန်းတွေအကြောင်းကို အောက်မှာအသေးစိတ်ကြည့်လိုက်ကြရအောင် _ 

 

  1. University of Pennsylvania

ဒီတက္ကသိုလ်မှာ တက်ရောက်ရမယ့် သင်တန်းကတော့ အလုပ်ခွင်မှာ လက်တွေ့အသုံးချရမယ့် အင်တာဗျူးတွေ၊ CV Form ပြင်တာတွေ၊ လုပ်ငန်းခွင် ဆက်ဆံရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာတွေကို လေ့လာရမှာပဲဖြစ်ပါတယ်။ သင်က လုပ်ငန်းခွင်ဝင်တော့မယ့်သူမျိုး၊ လက်ရှိမှာ လုပ်ငန်းခွင်ဝင်ရောက်နေပြီးဖြစ်တဲ့သူမျိုး၊ ဘွဲ့ရပြီး အလုပ်ရှာနေတဲ့သူမျိုးဆိုရင်တော့ ဒီသင်တန်းကို တက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ 

Skill တွေအနေနဲ့ Communication, English Language, Career Development, Writing စတာတွေကို ရရှိမှာပါ။ ၁၀၀ရာခိုင်နှုန်း အွန်လိုင်းအတန်းဖြစ်ပြီး သင်တန်းပြီးဆုံးရင် Certificate လည်းရရှိဦးမှာပါ။ သင်ခန်းစာအားလုံးကို လေ့လာဖို့ နာရီပေါင်း ၄၀နီးပါးကြာမြင့် မှာဖြစ်ပြီး Duration အနေနဲ့ တစ်လနဲ့တစ်ပတ်ပေးထားပါတယ်။ လက်ရှိမှာ သင်တန်းကို တက်ရောက်သူ 2M (၂သန်း)ကျော်ရှိနေပါပြီ။ Recommendation ကောင်းတွေလည်း အများကြီးရရှိ ထားပါတယ်။

Link > https://bit.ly/3BuL314 

 

  1. University of Pittsburgh

နိုင်ငံတကာက ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာနေတဲ့ ကျောင်းသား/သူတွေ အတွက် တကယ့်ကို အသုံးဝင်မယ့် သင်တန်းပါ။ လက်ရှိမှာ တက်ရောက်သူ ၁ သိန်းကျော်ရှိပြီး Rating လည်း အများကြီးရရှိထားပါတယ်။ ဆေးရုံ၊ဆေးခန်းများမှာ နှုတ် ဒါမှမဟုတ် စာနဲ့ ပြောဆို ဆက်သွယ်တဲ့အခါ အသုံးများတဲ့ အသုံးများတဲ့ လက်တွေ့အသုံးအနှုန်း၊ အခေါ်အဝေါ် တွေနဲ့ အတိုကောက်စာလုံးတွေကို နားလည်သိရှိစေမှာပါ။ 

သင်ခန်းစာအားလုံးအတွက် လေ့လာချိန် ၃၄နာရီကြာမြင့်မှာဖြစ်ပြီး Duration တစ်လခွဲ ပေးထားပါတယ်။ Skill တွေအနေနဲ့ English Language, Clinical Experience,Vital Signs,Medical Device စတာတွေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်း၊ အခေါ်အဝေါ်၊ အပြောအဆိုတွေကို လေ့လာသင်ကြားခွင့်ရရှိမယ့်အပြင် သင်တန်းပြီးဆုံးရင် Certificate ပါ အခမဲ့ရရှိဦးမှာဖြစ်ပါတယ်။

Link > https://bit.ly/3WcyK2Z 

Advertisement

Click Here > HTUN TAUK Plastic & Printing

 

  1. University of California 

အင်္ဂလိပ်စာကိုမှ အသံထွက်အတွက် သီးသန့်လေ့လာချင်တဲ့သူတွေ Join ကို Join ရမယ့် သင်တန်းပါ။ သင့်အနေနဲ့ အသံထွက်ကိုရှုပ်ထွေးစေမယ့် အမေရိကန်စာလုံးတွေကို ဒီအတန်းမှာ သေချာလေး လေ့လာနိုင်မှာဖြစ်သလို ဗျည်း၊ သရသံတွေကိုလည်း သေချာလေ့ကျင့်နိုင်မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ တက်ရောက်သူ ၂သိန်းခွဲနီးပါးရှိပြီး Review ကောင်းတွေလည်း အများကြီးရရှိထား ပါတယ်။ ဘာသာစကားလေ့လာပြီး အသံထွက်ကောင်းကောင်း ထွက်ချင်သူတွေ၊ Native Speaker တွေဘာပြောလဲဆိုတာ လေသံကို သေချာဖမ်းချင်နိုင်သူတွေလုံးဝ တက်ရောက်သင့် ပါတယ်။ သင်ခန်းစာအားလုံးကို လေ့လာချိန် ၂၁နာရီ (အချိန် ၁လ)ကြာမြင့်မှာပါ။ သင်တန်းပြီးရင် Certificate ပါ Free ရရှိပါမယ်။

Link > https://bit.ly/3Okgh2z

 

  1. Georgia Institute of Technology

 

အင်္ဂလိပ်စာကိုမှ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ (Business English)ကို လေ့လာခွင့်ရမယ်ဆိုရင် လက်ရှိမှာ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ၊ ဝင်တော့မယ်သူတွေအတွက် ပိုပြီး အကျိုးရှိထိရောက် စေမှာပါ။ Business Englishအပိုင်း ကို စုံစုံလင်လင်လေ့လာရမှာဖြစ်လို့ လုပ်ငန်းခွင်မှာ သူများထက်သာချင်ရင် တက်ကိုတက်ကြည့်ရပါမယ်။ 

English Level အနေနဲ့ Beginner Level ရှိထားရင်ရပါပြီ။ လေ့လာချိန်စုစုပေါင်း ၁၃နာရီကြာမြင့်ပြီး တစ်လ အချိန်ပေးထားပါတယ်။

Link > https://bit.ly/41CSWw4 

 

  1. University of Pennsylvania

အပေါ်မှာ ပါခဲ့ပြီးသားဖြစ်တဲ့ University of Pennsylvania တက္ကသိုလ်ပါပဲ။ ဒီတစ်ခါမှာတော့ သူက သတင်းထောက်တွေအတွက် အထူးအခွင့်အရေးပါ။ သတင်းထောက်အလုပ်ကို လုပ်ကိုင် နေတဲ့သူတွေ၊ သတင်းထောက်ပညာရပ်သင်ကြားနေတဲ့သူတွေအတွက် လိုအပ်တဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို ကမ္ဘာ့သတင်းတွေဖတ်ပြီး သင်ကြားလေ့လာရမှာပဲဖြစ်ပါတယ်။

လက်ရှိမှာ တက်ရောက်ပြီးသူ ၂ သိန်းကျော်ရှိပါတယ်။ လေ့လာချိန် တစ်ပတ်နဲ့တစ်လပေး ထားပြီးနာရီအားဖြင့် (၄၂)နာရီ ကြာမြင့်မှာပါ။ သတင်းထောက်တွေနဲ့ သက်ဆိုင်နဲ့ English Grammar, News Reporting, English Language, Broadcast စတာတွေကို လေ့လာရမှာပါ။

Link > https://bit.ly/45kgWaz 

အထက်မှာဖော်ပြသွားတဲ့ သင်တန်းအားလုံးအတွက် တက်ရောက်ဖို့ အီးမေးလ်အကောင့်အရင်ဖွင့်ထား ဖို့တော့လိုအပ်ပါတယ်။ သင်တန်းတစ်ခုကို Register လုပ်တိုင်း အီးမေးလ်လိုအပ်ပါတယ်။ အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

Latest Post University / College Vocational Read 1925 times