Sales Hotline : 09448001653       Download App



အသုံးချစိတ်ပညာ ဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်းသင်တန်း သင်တန်းသားများ စတင်ခေါ်ယူ

 

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်းသင်တန်း (D.A.Psy) သင်တန်းကို မန္တလေးတက္ကသိုလ်၌ စတင်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် မန္တလေးတက္ကသိုလ် ကျောင်းသား ရေးရာဌာနတွင် ၂၀၂၃ခုနှစ် မေလ ၉ရက်နေ့မှ ၂၀၂၃ခုနှစ် မေလ ၂၃ရက်နေ့အထိ လျှောက်ထားရမည်။

 

သင်တန်းဝင်ခွင့်အရည်အချင်းစစ်နှုတ်ဖြေစာမေးပွဲကို ၂၀၂၃ခုနှစ် မေလ ၂၅ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၃ခုနှစ် ဇွန်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

Advertisement 

Click Here > Green Leaf Fiber Glass Products

အဆိုပါသင်တန်းကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်_

 

  • ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

  • အနိမ့်ဆုံးပညာအရည်အချင်းမှာ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုမှ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။

  • အစိုးရလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသူများဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ ၏အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်ပါရှိရမည်။

  • လျှောက်ထားသူများသည် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်း ထောက်ခံချက် (မူရင်း)တင်ပြရမည်။

 

သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မန္တလေးတက္ကသိုလ်၏ သင်တန်းရေးရာဌာန ဖုန်းနံပါတ်ဖြစ်သော ၀၂ ၂၈၃၂၁၂၉ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Source : The Mirror Daily Newspaper   

 

Latest Post Local News Read 660 times