Sales Hotline : 09448001653       Download App



စာကြည့်တိုက်နှင့် သုတေသနဘွဲ့လွန် ဒီပလိုမာသင်တန်း စတင်လျှောက်ထားနိုင်

 

ရတနာပုံတက္ကသိုလ်မှ စာကြည့်တိုက်နှင့် သုတေသနဘွဲ့လွန် ဒီပလိုမာသင်တန်း (Post-Graduate Diploma in Library and Information Studies) သင်တန်းအမှတ်စဥ် (၇)အတွက် လျှောက်လွှာများ စတင်ခေါ်ယူ နေကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းကို ရတနာပုံတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ ရယူပြီး ၂၀၂၃ခုနှစ် မေလ ၂၆ရက်နေ့ နောက်ဆုံးထားပြီး လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သည်။

Advertisement 

Click Here >> English Study by NATH 

သင်တန်းကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။

 

  • ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်စေရ။

  • နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်တာဝန် ရှိသူ၏ အချိန်ပြည့် တက်ရောက်ရန် ခွင့်ပြုချက် တင်ပြနိုင်သူဖြစ်ရမည်။

 

သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရတနာပုံတက္ကသိုလ်စာကြည့်တိုက် နှင့် သုတပညာဌာန ဖုန်းနံပါတ် ၀၉ ၄၀၂၇၅၇၅၀၀၊ ၀၉ ၄၀၂၆၆၃၄၇၀ တို့တွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

Source : The Mirror Daily Newspaper

 

Latest Post Local News Read 664 times