Sales Hotline : 09448001653       Download App



အလယ်တန်းအောင်မှစတင်၍ လျှောက်ထားနိုင်သည့် အခမဲ့ဂဟေဆက်သင်တန်း

 

နည်းပညာသက်မွေးပညာ လေ့ကျင့်ရေးဦးစီးဌာန နှင့် PTTEP International Ltd.(Yangon Branch) ရတနာစီမံကိန်းတို့မှ ပူးပေါင်း၍ ဂဟေဆက်သင်တန်း အမှတ်စဥ် (၁၅)အားဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်_

 

  • အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

  • အင်္ဂလိပ်စာအခြေခံနားလည်သူဖြစ်ရမည်။

  • နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

  • ဂဟေဆက်လက်တွေ့လုပ်ငန်းအား အမှန်တကယ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

  • အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

  • သင်တန်းတက်ခွင့်ရသောနေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ်ထက် မကြီးသူဖြစ်ရမည်။

 

ပထမအဆင့် ရွေးချယ်ခံရသူများသည် အင်တာဗျူးဖြေဆိုရမည်ဖြစ်သည်။ 

 

လျှောက်ထားလိုသူများအနေဖြင့် ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း)တွင် ၂၀၂၃ ၅လပိုင်း ၁၂ရက်နေ့မှ စ၍ နံနက် ၉း၃၀မှ ညနေ၄း၀၀ အတွင်း သင်တန်းလျှောက်လွှာများကို ထုတ်ယူနိုင်ပြီး အဆိုပါသင်တန်းကျောင်းတွင် ၂၀၂၃ ၅လပိုင်း ၂၆ရက်နေ့နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားရမည်။

Advertisement

Click Here > Diamond Printing Myanmar 

လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်_

 

  • (၆)လအတွင်းရိုက်ကူးထားသော  ပတ်စ်ပို့ဆိုဒ်ရောင်စုံဓာတ်ပုံ(၂)ပုံ

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ

  • မွေးသက္ကရာဇ်နှင့် ပညာအရည်အချင်းအတွက် ထောက်ခံချက်

  • ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်(မူရင်း) 

 

သင်တန်းအစီအစဥ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်_

 

သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၂၃ခုနှစ်၊ ဇွန်လ (၅)ရက်

 

သင်တန်းဖွင့်လှစ်မည့်နေရာ - ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊အင်းစိန်မြို့နယ်။

 

ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၁ ၆၄၅၇၅၉၊ ၀၉ ၇၇၇၃၈၇၃၆၉

 

သင်တန်းကာလ - ရက်သတ္တပတ် (၁၂)ပတ်

 

လက်ခံမည့်သင်တန်းသားဦးရေ - (၁၅)ဦး

 

တက်ရောက်ခွင့်ရသူများသည် သင်တန်းကြေးအခမဲ့ဖြစ်ပြီး သင်တန်းတက်ရောက်နေစဥ်ကာလအတွင်း လစဥ် ငွေကျပ် (၃၀၀၀၀)ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်သည်။ သင်တန်းသားအတွက်လိုအပ်သော လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) အတွက် ကုန်ကျစရိတ် ထဲမှငွေကျပ် (၅၀,၀၀၀)ကျပ်ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန်ပမာဏကို သင်တန်းသားမှ ကိုယ်တိုင်ကုန်ကျခံရမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အထက်ပါဖော်ပြထားသော ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Source : Daily Newspaper 

 

Latest Post Local News Vocational Read 710 times