Sales Hotline : 09448001653       Download App



မန္တလေးနည်းပညာတက္ကသိုလ်တွင် စတင်လျှောက်ထားနိုင်သည့် မဟာဘွဲ့သင်တန်းများ

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်မှ မဟာအင်ဂျင်နီယာဘွဲ့၊ မဟာဗိသုကာဘွဲ့၊  မဟာသိပ္ပံဇီဝနည်းပညာဘွဲ့ သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရှိရသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ၂၀၂၃ခုနှစ် ဇွန်လ (၁)ရက်နေ့မှစတင်၍ အောက်ဖော်ပြပါ မဟာဘွဲ့သင်တန်း များကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်_

 

(က) မြို့ပြအင်ဂျင်နီယာ (အဆောက်အအုံ/ရေအရင်းအမြစ်)

 

(ခ) စက်မှုအင်ဂျင်နီယာ

 

(ဂ) အီလက်ထရောနစ်အင်ဂျင်နီယာ

 

(ဃ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

 

(င) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ

 

(စ) မက္ကာထရောနစ်အင်ဂျင်နီယာ

 

(ဆ) ဓာတုအင်ဂျင်နီယာ

 

(ဇ) နျူကလီးယားအင်ဂျင်နီယာ

 

(ဈ) ဗိသုကာ

 

(ည)ဇီဝနည်းပညာ

အထက်ပါမဟာဘွဲ့သင်တန်းများသည်အချိန်ပြည့်သင်တန်းများဖြစ်ပြီးမဟာဘွဲ့ကြိုသင်တန်း (၁)နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၁)နှစ် စုစုပေါင်း (၂)နှစ်တက်ရောက်ရမည်ဖြစ်သည်။ မဟာဘွဲ့အကြိုသင်တန်း Course Work ဖြေဆိုအောင်မြင်ပြီးသူများအနက် သတ်မှတ်အရည်အချင်းပြည့်မှီသူများကိုသာ မဟာဘွဲ့ သုတေသန ကျမ်းပြုသင်တန်းသို့ ဆက်လက်တတ်ရောက်ခွင့် ပြုမည်ဖြစ်သည်။

Advertisement

Click Here > Diamond Printing Myanmar

လျှောက်လွှာပုံစံများကို မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၂၃ခုနှစ် မေလ ၈ရက်နေ့မှစတင်ထုတ်ယူနိုင်ပြီး ၂၀၂၃ခုနှစ် မေလ ၁၉ရက်နေ့ နောက်ဆုံးထား၍ ကိုယ်တိုင်လျှောက်ထားရမည်။ လျှောက်လွှာပါ အချက်အလက် များအား စိစစ်ပြီး မှန်ကန်ပါက ၂၀၂၃ခုနှစ် မေလ ၂၂ရက်နေ့တွင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားထုတ်ပေးမည် ဖြစ်သည်။

 

လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရမည်_

 

  • လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း နှင့် မိတ္တူ)

  • အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ ထောက်ခံစာ(မူရင်း)

  • ပတ်စ်ပို့တ်အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ

  • မဟာအင်ဂျင်နီယာဘွဲ့၊ မဟာဗိသုကာဘွဲ့၊ မဟာသိပ္ပံဇီဝနည်းပညာဘွဲ့ သင်တန်းများသို့ တက်ရောက်ရန် အဆင့်မီသူများဖြစ်ကြောင်း အောင်မြင်ခဲ့သော နည်းပညာတက္ကသိုလ်တက္ကသိုလ်များမှ ထောက်ခံချက် (မူရင်း) သို့ မိတ္တူမှန်ဖြစ်ကြောင်း ထောက်ခံစာ

 

ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်_

 

  • လျှောက်ထားသူနှင့် ၄င်း၏မိဘနှစ်ပါး (၃)ဦးစလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

  • သက်ဆိုင်ရာအဓိကဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့၊ဗိသုကာဘွဲ့၊သိပ္ပံဘွဲ့(ဇီဝနည်းပညာ)ရရှိပြီး မဟာအင်ဂျင်နီယာဘွဲ့နှင့် မဟာဗိသုကာဘွဲ့၊ မဟာသိပ္ပံဇီဝ နည်းပညာသင်တန်းများသို့ တက်ရောက်ရန် အဆင့်မီသူ (သို့) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ အလားတူဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။

  • သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ တက်ရောက်ခွင့်ပြုကြောင်းထောက်ခံချက် (မူရင်း) တင်ပြနိုင်သူဖြစ်ရမည်။ 

 

ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မန္တလေးနည်းပညာတက္ကသိုလ်တွင် အောက်ပါအစီအစဥ်အတိုင်း ကျင်းပမည် ဖြစ်သည်_

 

၂၀၂၃ခုနှစ် မေလ ၂၅ရက်နေ့ (နံနက် ၉း၀၀ မှ နေ့လည် ၁၂း၀၀)အထိ အင်္ဂလိပ်စာဘာသာရပ်ကိုဖြေဆိုရမည် ဖြစ်ပြီး ၂၀၂၃ခုနှစ် မေလ ၂၆ရက်နေ့ (နံနက် ၉း၀၀ မှ နေ့လည် ၁၂း၀၀)အထိ လျှောက်ထားသည့် သက်ဆိုင်ရာ ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်သည်။

 

လူတွေ့စစ်ဆေးခံရသူများစာရင်းကို ၂၀၂၃ခုနှစ် မေလ ၂၉ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေး ခြင်းကို ၂၀၂၃ခုနှစ် မေလ ၃၀ရက်နေ့တွင် မန္တလေးနည်းပညာတက္ကသိုလ်၌ ပြုလုပ်မည်ဖြစ်သည်။ မဟာဘွဲ့ သင်တန်း တက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို ၂၀၂၃ခုနှစ် မေလ ၃၁ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်သည်။ 

 

ဝင်ခွင့်စာမေးပွဲဖြေဆိုရန်လာရောက်သည့်အခါ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို တစ်ပါတည်းယူဆောင်လာရမည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မန္တလေး နည်းပညာတက္ကသိုလ် ဖုန်းနံပါတ် ၀၉ ၂၀၁၆၅၀၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Source : Daily Newspaper 

 

Latest Post Local News Read 598 times