Sales Hotline : 09448001653       Download App



ကျောင်းသားအယောက်(၆၀၀)စာပေးနေတဲ့ ပညာတော်သင်ဆုနဲ့ ဩစတြေးလျမှာ မာစတာဘွဲ့တက်ကြမယ်

 

University of Melbourne ဆိုတာ ဩစတြေးလျနိုင်ငံက နာမည်ကြီး ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်ပြီးတော့ ကမ္ဘာတစ်ဝှမ်းမှာလည်း လူသိများကျော်ကြားပါတယ်။ ဒီလိုတက္ကသိုလ်မျိုးမှာ ပညာတော်သင်ဆု ၁၀၀ ရာခိုင်နှုန်း နဲ့ ကျောင်းတက်ရမယ်ဆိုရင်တော့ လူတိုင်းစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ ဒါ့အပြင် ဩစတြေးလျနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေ ပြည်ပကျောင်းတက်ဖို့ ရွေးချယ်ကြတဲ့ ထိပ်တန်းရွေးချယ်မှု နိုင်ငံတစ်နိုင်ငံ လည်းဖြစ်ပါတယ်။ 

 

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ University of Melbourne ကနေပြီးတော့ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေ အတွက် ပေးအပ်နေတဲ့ Fully-Funded Scholarship “Graduate Research Scholarships from University of Melbourne” အကြောင်း ပြောပြပေးချင်ပါတယ်။ ဒီပညာသင်ဆုဟာ ဆိုရင် နိုင်ငံတကာမှ ဘွဲ့လွန်တက်ရောက်မယ့် ကျောင်းသားတွေအတွက် ပေးအပ်တာဖြစ်ပြီး ကျောင်းသားဦးရေ စုစုပေါင်း အယောက် (၆၀၀)စာ ပေးအပ်သွားမှာပါ။

 

ပေးအပ်တဲ့ အရေအတွက်ပမာဏများပြားတာကြောင့် ဝင် try ကြည့်မယ်ဆိုရင်လည်း ရနိုင်ချေများပါတယ်နော်။ ဒါဆို အသေးစိတ်ကို အောက်မှာဆက်ကြည့်လိုက်ကြရအောင်ပါ။

Advertisement 

Click Here > Chemflora May Co.,Ltd

လျှောက်ထားနိုင်သောဘွဲ့ - Master,PhD Level

 

လျှောက်ထားနိုင်သော ဘာသာရပ်များ - University of Melbourne မှာရှိတဲ့ Course Studies ပေါင်း ၂၇၀ ကျော်ထဲက မိမိနှစ်သက်ရာ Course ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

 

တက်ရောက်ရမည့် တက္ကသိုလ် - University of Melbourne,Australia 

 

တက်ရောက်ရမည့်ကာလ - 2 years for Master Degree & 4 years for PhD


လျှောက်ထားရန်လိုအပ်ချက်များ 

 

  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါတယ်။

  • University of Melbourne မှာ Master or PhD ဘွဲ့အတွက် Official Website မှာ Apply အရင်ကြိုလုပ်ထားရပါမယ်။ (လျှောက်ထားခြင်းနဲ့ပတ်သက်ပြီး အောက်မှာဖော်ပြထားတဲ့ Official Website ရဲ့ “How to Apply Guide”မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)

  • လက်ရှိ University of Melbourne မှာတစ်ခြားပရိုဂရမ်တက်နေတယ်ဆိုရင်လည်း ဝင်ရောက်လျှောက်ထားလို့ရပါတယ်။ 

 

Official How To Apply Guide Link > https://bit.ly/3Mds1m1 

 

စာရွက်စာတမ်းနှင့် ပညာအရည်အချင်းလိုအပ်ချက်များ

 

  • အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးမှုမှတ်တမ်း (English proficiency certificates (IELTS or TOEFL))

  • သုတေသနအဆိုတင်သွင်းချက် (Research Proposal)

  • တက္ကသိုလ်တစ်ခုခုမှရရှိထားသော ဘွဲ့လက်မှတ် (သို့) မဟာဘွဲ့လက်မှတ်မိတ္တူ (Certified copy of Bachelor's or Master's degree)

  • နိုင်ငံကူးလက်မှတ်မိတ္တူ (Copy of Passport)

  • အခြားလျှောက်ထားရာတွင် အခြေခံအားဖြင့် လိုအပ်သော စာရွက်စာတမ်းများ (Other notarized fundamental  documents )

 

ဘယ်လိုလျှောက်ထားရမလဲ

 

ဒီပညာသင်ဆုလျှောက်ထားမှုအတွက်က လျှောက်လွှာဖောင်သက်သက်မလိုအပ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ University of Melbourne ရဲ့ Official Website မှာ  Master or PhD ဘွဲ့တစ်ခုခုကို ဝင်လျှောက်ထားရမှာပါ။ ဒီလိုလျှောက်ထားတဲ့သူတိုင်းကို တက္ကသိုလ်က ပညာတော်သင်ဆုအတွက် ထည့်သွင်းစဥ်းစားပေးသွားမှာပါ။

ဘွဲ့တစ်ခုခုကို လျှောက်ထားပြီးပြီဆိုရင်တော့ လျှောက်ပြီးတဲ့ (၁၀)ရက်အတွင်းမှာ ပညာသင်ဆုအတွက် ပမာဏအဆင့်အတွက် ထည့်သွင်းစဥ်းစားကြောင်း အကြောင်းကြားစာရရှိမှာပါ။ မရခဲ့ရင်တော့ ကိုယ့်ရဲ့ လျှောက်ထားမှု Fail ဖြစ်တဲ့သဘောပါပဲ။ 

 

ရရှိနိုင်တဲ့ ခံစားခွင့်များ

 

  • ပညာတော်သင်ဆု ၁၀၀ရာခိုင်နှုန်း (Full tuition fees)

  • နေထိုင်စရိတ် (Living allowance) ($34,400 per year - 72,240,000MMK)

  • ပြောင်းရွေ့နေထိုင်စရိတ် (Relocation grant)

 

Deadline ကတော့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၃၁ရက်မို့လို့ စာရွက်စာတမ်းတွေကို သေသေချာချာလေး အချိန်ပေးပြင်ဆင်ပြီးမှ လျှောက်ထားလို့ရပါတယ်။ 

 

ဒီပညာသင်ဆုက Graduate Research Scholarships Type မို့လို့ Research ပိုင်းနဲ့ ဘွဲ့ရရှိထားသူများ၊ Research ပိုင်းကို အထူးစိတ်အားထက်သန်သူများ ပိုပြီး Try ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ 

 

အသေးစိတ်ကိုတော့ Official Website မှာ သွားရောက်လေ့လာပေးပါနော်။


Official Website Link > https://bit.ly/3LWGZeH

Latest Post International Read 1211 times