Sales Hotline : 09448001653       Download App



ဥပဒေပညာရပ်လေ့လာလိုသူများအတွက် မဟာဥပဒေပညာဘွဲ့ သင်တန်းဖွင့်လှစ်ပို့ချမည်

 

ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူများအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန HRD ၏ အစီအစဥ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဦးစီး၍ မဟာဥပဒေ ပညာဘွဲ့(LLM) သင်တန်းကို Online ဖြင့် သင်ကြားဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါသင်တန်းမှာ ပထမနှစ်မှဒုတိယနှစ်အထိ သင်တန်းကာလ(၂)နှစ်ကြာမြင့်မည်ဖြစ်သည်။

 

သင်တန်းမှာ ၂၀၂၃ ပညာသင်နှစ်အတွက် မဟာဥပဒေ ပထမနှစ် သင်တန်းသားများကို လက်ခံသင်ကြားရန်ခေါ်ယူခြင်းဖြစ်ပြီးသင်တန်းသည်ဘွဲ့လွန်သင်တန်းအမျိုးအစားဖြစ်သဖြင့်သင်တန်းဝင်ခွင့်လျှောက်ထားသူများသည်တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း၊ Online LLB ဘွဲ့လက်မှတ်မူရင်း (သို့) LLB ဘွဲ့လက်မှတ်၊ နောက်ဆုံးနှစ်အမှတ်စာရင်းမူရင်းနှင့်အတူ ပူးတွဲ၍လည်းကောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်းဝင်ခွင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။

Advertisement

Click Here > Capital Taiyo Life Insurance

ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်တွင် သင်တန်းသားတစ်ဦးချင်းစီအတွက် Student ID နှင့် Password တို့ကို ထုတ်ပေး သွားမည်ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်_

 

သင်တန်းဝင်ခွင့်အရည်အချင်းလိုအပ်ချက် - ဥပဒေဘွဲ့ Online LLB (သို့) LLB အောင်မြင်ပြီး မဟာဥပဒေဘွဲ့ တက်ရောက်ရန် အဆင့်မီသူ

 

သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၂၀၂၃ ဇွန်လ ၁ ရက်(ကြာသပတေးနေ့)

သင်တန်းကာလ - (၂)နှစ်

လျှောက်လွှာစတင်လက်ခံမည့်ရက် - ၂၀၂၃ခုနှစ် မေလ ၁၆ရက်(အင်္ဂါနေ့)

လျှောက်လွှာပိတ်သိမ်းမည့်ရက် - ၂၀၂၃ခုနှစ် မေလ ၂၃ရက်အင်္ဂါနေ့)(ရုံးချိန်အတွင်း)

ကျောင်းအပ်လက်ခံမည့်ရက် - ၂၀၂၃ခုနှစ် မေလ ၁၆ရက်မှ မေလ ၂၃ရက်နေ့အထိ


သင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် ရယူလျှောက်ထား နိုင်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း သိရှိရသည်။ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

ဆက်သွယ်ရန်ဖုန်းနံပါတ် _ ၀၁ ၅၂၅၁၆၄၊ ၀၁ ၅၃၆၅၈၁ 

 

လျှောက်ထားရန်လိပ်စာ - သင်တန်းကြီးကြပ်မှုကော်မတီ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ၄၇(က)/အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

Source: 

 

University / College Latest Post Local News Read 956 times