Sales Hotline : 09448001653       Download App



ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ရန်ကုန်တက္ကသိုလ်တွင် စတင်လျှောက်ထားနိုင်

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါဘာသာရပ်များအတွက်  ဘွဲ့လွန်ဒီပလိုမာအတန်းများကို ရန်ကုန်တက္ကသိုလ်တွင် သင်ကြားဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဖွင့်လှစ်ပို့ချပေးမည့် အတန်းများ_

 

  • အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာသင်တန်း

  • အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း

  • အသုံးချရူပဗေဒ ဒီပလိုသင်တန်း

  • ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း

  • ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း

  • စာကြည့်တိုက်နှင့်သုတပညာ ဒီပလိုမာသင်တန်း

  • မနုဿဗေဒ ဒီပလိုမာသင်တန်း

  • လူမှုရေးပညာဘွဲ့လွန် ဒီပလိုမာသင်တန်း

  • အသုံးချဘူမိဗေဒ ဘွဲ့လွန်ဒီပလိုမာသင်တန်း

Advertisement 

Click Here > Bawgawadi

ဖော်ပြပါသင်တန်းများအတွက် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်_

 

  • ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

  • အစိုးရဝန်ထမ်းနှင့် အခြားပြင်ပလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါက ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲ (ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး)က အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်ပါရမည်။

 

တက်ရောက်လိုသူများ အနေဖြင့် ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနနှင့် ကျောင်းဆောင်များဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၂၀၂၃ခုနှစ် မေလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်။

 

သင်တန်းမှာ ကျောင်းချိန်အတိုင်း အချိန်ပြည့်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာဘာသာရပ်အလိုက်ဌာနများတွင် သွားရောက်မေးမြန်းစုံစမ်း နိုင်သည်။

 

Source: 

 

Latest Post Local News Vocational University / College Read 2107 times