Sales Hotline : 09448001653    



ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်မယ့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့ဒီပလိုမာသင်တန်းများ

 

 

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဖွင့်လှစ်ပို့ချမည့် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

မဟာဘွဲ့သင်တန်းများ 

 

  • စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (EMBA) Online သင်တန်း

  • လူမှုစီးပွားတည်တံ့ရေး တီထွင်ဖန်တီးမှုပညာမဟာဘွဲ့ (Master of Sustainable Entrepreneurship and Social Innovaton_MSESI) (Hybid) သင်တန်း

 

ဘွဲ့လွန်ဒီပလိုမာသင်တန်းများ

 

  • စီမံအုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ(PGDMA) Online သင်တန်း

  • လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (PGDHRM) Online သင်တန်း

Advertisement

Click Here > Alpha & Omega Co.,Ltd

ဖော်ပြပါသင်တန်းများအတွက် အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

 

  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

  • သက်ဆိုင်ရာသင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။

  • မဟာဘွဲ့သင်တန်းနှင့်ဘွဲ့လွန်ဒီပလိုမာ(PGDMA)သင်တန်းများအတွက်သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့်လူတွေ့အကဲဖြတ်စစ်ဆေးခြင်းတို့ကိုလူကိုယ်တိုင်လာရောက်ဖြေဆိုအောင်မြင်သူဖြစ်ရမည်။

  • EMBA (Online) သင်တန်းအတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက် အနည်းဆုံး (၈)နှစ်၊ အစိုးရမဟုတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level လုပ်သက် အနည်းဆုံး(၈)နှစ် နှင့် အသက်(၃၀)ပြည့်ပြီးသူဖြစ်ရမည်။

  • MSESI(Hybrid)သင်တန်းအတွက်အစိုးရ(သို့မဟုတ်) ပုဂ္ဂလိက(သို့မဟုတ်)အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုခုတွင် လုပ်ငန်းခွင် လုပ်သက်အနည်းဆုံး (၂)နှစ် နှင့် အသက်(၂၅)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

  • PGDMA(Online)သင်တန်းအတွက်အစိုးရ(သို့မဟုတ်)ပုဂ္ဂလိက(သို့မဟုတ်)အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုခုတွင်အလယ်အလတ်အဆင့်စီမံခန့်ခွဲမှုရာထူးတွင်လုပ်ကိုင်နေသူဖြစ်ရမည်။ 

  • PGDHRM(Online)သင်တန်းအတွက် အစိုးရ(သို့မဟုတ်) ပုဂ္ဂလိက(သို့မဟုတ်) အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ ဦးစားပေးမည်။

 

သင်တန်းနှင့်သက်ဆိုင်သောစာရွက်စာတမ်းများနှင့်သတ်မှတ်ထားသည့်လျှောက်လွှာပုံစံများကိုအောက်ဖော်ပြပါ ဌာနများတွင် သတ်မှတ်ရက်အတွင်း တင်သွင်းလျှောက်ထားနိုင်ပါသည်-

 

စဥ်

သင်တန်းအမည်

လျှောက်လွှာတင်သွင်းရမည့်ရက်

ရေးဖြေ ဖြေဆိုရမည့်ရက်

ဆက်သွယ်ရမည့် နယ်မြေ/ဖုန်းနံပါတ်

၁။

EMBA (Online) 

၂၀၂၃ မေလ ၂ရက်နေ့မှ ဇွန်လ ၁၆ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၂၅ရက်

(တနင်္ဂနွေနေ့)

လှိုင်နယ်မြေ

(၀၁ ၈၆၆၄၆၈၄)

၂။ 

MSESI(Hybrid)

၂၀၂၃ ဇွန်လ ၁၉ရက်နေ့မှ ဩဂုတ်လ ၁၁ရက်နေ့အထိ

၂၀၂၃ ဩဂုတ်လ ၂၀ရက် (တနင်္ဂနွေနေ့)

လှိုင်နယ်မြေ

(၀၁ ၈၆၆၄၆၈၄)

၃။

PGDMA(Online)

၂၀၂၃ မေလ ၂ရက်နေ့မှ ဇွန်လ ၁၆ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၂၅ရက်

(တနင်္ဂနွေနေ့)

လှိုင်နယ်မြေ

(၀၁ ၈၆၆၄၆၈၄)

၄။

PGDHRM(Online)

၂၀၂၃ မေလ ၂ရက်နေ့မှ ဇွန်လ ၂၃ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၂၉ရက်

(ကြာသပတေးနေ့)

လူတွေ့နှုတ်ဖြေ

လှိုင်နယ်မြေ

(၀၁ ၈၆၆၄၆၈၄)

 

Source : 

 

Latest Post Local News University / College Read 1371 times