Sales Hotline : 09448001653       Download App



မုံရွာစီးပွားရေးတက္ကသိုလ်မှ ရုံးချိန်လွတ် မဟာဘွဲ့သင်တန်းများ စတင်ခေါ်ယူ

 

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မုံရွာစီးပွားရေးတက္ကသိုလ်မှ အောက်ဖော်ပြပါ မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်_

 

  • ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာမဟာဘွဲ့ (MBF) သင်တန်း

  • ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်း

 

အဆိုပါ ဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်_

 

  • အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်စေရ။

  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်။

  • သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မှီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application အား ကောင်းစွာအသုံးပြုနိုင်သူဖြစ်ရမည်။

Advertisement

Click Here > 1st San Chain Oo

တက်ရောက်လိုသူများအနေဖြင့်လျှောက်လွှာပုံစံများကိုမုံရွာစီးပွားရေးတက္ကသိုလ်သင်တန်းရေးရာဌာန၏ (Facebook Page)မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) မိမိလျှောက်ထားလိုသည့် သင်တန်း၏ အွန်လိုင်းမှ ဖြစ်စေ ၂၀၂၃ခုနှစ် မေလ ၂ရက်နေ့မှ စတင်ထုတ်ယူလျှောက်ထားနိုင်သည်။

 

လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို မူရင်း Scan ဖတ်ထားသော မိတ္တူဖြင့် သက်ဆိုင်ရာ ပရိုဂရမ်အသီးသီး၏ အီးမေးလ်လိပ်စာ (သို့) အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ၂၀၂၃ခုနှစ် ဇွန်လ ၂ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်_

 

  • ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ

  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

  • နိုင်ငံသားစီစစ်ရေးကတ်

  • ပညာအရည်အချင်းထောက်ခံချက်နှင့်လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်

  • ပတ်စ်ပို့တ်ဓာတ်ပုံ (၃) ပုံ

 

ပမာဏအဆင့်ရွေးချယ်ခံရသူများအနေဖြင့် ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀၂၃ ဇွန်လ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့) တွင်အွန်လိုင်းမှ ဖြေဆိုကြရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ၂၀၂၃ခုနှစ် ဇွန်လ ၁၅ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်သည်။

 

သင်တန်းကာလမှာ ၂နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်မှု အချိန်စာရင်းမှာ အပတ်စဥ် စနေ နှင့် တနင်္ဂနွေ နံနက် ၈ နာရီမှ ညနေ ၅နာရီအထိ အွန်လိုင်းမှ တက်ရောက်ရမည်ဖြစ်သည်။

 

သင်တန်းများအလိုက်ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် အီးမေးလ်များ 

 

MBF - 09 941577991, [email protected] 

MDevS - 09 757543637, 09 754598281, [email protected] 


အသေးစိတ်သိရှိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာန၏ ဖုန်းနံပါတ်များဖြစ်သော ၀၉ ၄၀၀၄၁၃၀၈၁ နှင့် ၀၉ ၂၅၉၁၄၄၇၄၀ သို့လည်းကောင်း အီးမေးလ်လိပ်စာဖြစ်သော [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

Source : 

 

Latest Post Local News University / College Read 828 times