Sales Hotline : 09448001653       Download App



လူငယ်များအတွက် အရည်အချင်းများထုတ်ဖော်ပြသခွင့်ရရှိမည့် ဓာတ်ပုံအက်ဆေးပြိုင်ပွဲ

 

 

အင်းလျားဘောဂဗေဒ (Inya Economics) ၏ လူငယ်ဖွံ့ဖြိုးရေးအစီအစဥ်မှ "Economic Injustice Exposed: Uncovering Myanmar's Economic Realities Through  Photography"ခေါင်းစဉ်ဖြင့်ဓာတ်ပုံစာစီစာကုံးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါအစီအစဥ်မှာ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 

လူငယ်များအတွက် ၎င်းတို့၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများကို ပေးဆောင်ခြင်းအပြင်၊ အဆိုပါ အစီအစဉ်သည် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းနှင့် ပြင်ပတွင် အပြုသဘောဆောင်သော ကိစ္စရပ်များ ပြုလုပ်ရန်အတွက် ဆန္ဒရှိသော ခေါင်းဆောင်မျိုးဆက်များ ပေါ်ထွက်လာစေရန်လည်း ရည်ရွယ်ခြင်း ဖြစ်သည်။

 

အဆိုပါပွဲကျင်းပရခြင်း၏ တစ်စိတ်တစ်ပိုင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံပြည်သူများရင်ဆိုင်နေရသော စီးပွားရေးစိန်ခေါ်မှုများအကြောင်း သတိပြုမိစေရန်နှင့် ပိုမိုကြီးမားသောစီးပွားရေး တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့အတွက် လိုအပ်ကြောင်း ဆွေးနွေးပွဲများကို အားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

 

ယခုပြိုင်ပွဲသည် လူငယ်ဓာတ်ပုံဆရာများအတွက် ၎င်းတို့၏စွမ်းရည်များကို ချပြနိုင်မည့် အခွင့်အရေးရရန်နှင့် လူ့အဖွဲ့အစည်းကို ထိခိုက်စေနိုင်သည့် အရေးကြီးသောကိစ္စရပ်များကို မီးမောင်းထိုးပြရန် ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးခြင်းလည်းဖြစ်သည်။

 

ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီမှု အနေဖြင့် ဓာတ်ပုံဆရာအားလုံးကို ၎င်းတို့၏ ကျွမ်းကျင်မှုအဆင့် သို့မဟုတ် နေရာဒေသ မခွဲခြားဘဲ ပြိုင်ပွဲကို ဖွင့်လှစ်ထားသည်။

Advertisement

Click Here > Sweety 

ပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်_

 

"Economic Injustice Exposed: Uncovering Myanmar's Economic Realities through Photography" 

 

“ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့၊ ချမ်းသာကြွယ်ဝမှု မညီမျှမှု၊ ပညာရေးနှင့် အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီမှု နည်းပါးခြင်းအပါအဝင် မြန်မာနိုင်ငံတွင် ပြည်သူများကြုံတွေ့နေရသော စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် မညီမျှမှုများကို ဖော်ထုတ်ပေးခြင်း”

 

တင်ပြမှုပုံစံမှာ ဝင်ရောက်ယှဥ်ပြိုင်သူ တစ်ဦးစီသည် ဓာတ်ပုံစာစီစာကုံးနှင့်အတူ ဓာတ်ပုံတစ်ပုံကို တင်သွင်းနိုင်သည်။ ပုံများသည် မူရင်းဖြစ်ရမည်၊ ယခင်က ထုတ်ဝေခြင်း သို့မဟုတ် ပြသခြင်းမပြုရ။

 

လမ်းညွှန်ချက်များ အနေဖြင့် ပါဝင်သူများသည်အွန်လိုင်းတင်သွင်းမှုပေါ်တယ်မှတစ်ဆင့် ၎င်းတို့၏ဓာတ်ပုံအက်ဆေးကို ဒစ်ဂျစ်တယ်ပုံစံဖြင့် တင်သွင်းရမည်ဖြစ်သည်။ ပုံများသည် အများဆုံး google drive သိုလှောင်မှု 100MB ဖြင့် JPEG ဖော်မတ်ဖြစ်ရမည်။ ဓာတ်ပုံနှင့် ဓာတ်ပုံစာစီစာကုံးကို အောက်ဖော်ပြပါ မူရင်းပို့စ်တွင်ရှိသော လင့်ခ်မှတစ်ဆင့် တင်သွင်းပေးရမည်။ 

 

မူရင်းပို့စ်လင့်ခ် > https://bit.ly/41GHK24 

 

လျှောက်လွှာတင်သွင်းရန် နောက်ဆုံးရက်မှာ ၂၀၂၃ခုနှစ် ဧပြီလ ၃၀ရက်နေ့ မြန်မာစံတော်ချိန် ၁၁း၅၉မိနစ်ဖြစ်သည်။

 

ဆုငွေအနေဖြင့် ပထမရရှိသူများကို ငွေသားဆု ၅၀,၀၀၀ကျပ်စီချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုနှင့် တတိယဆု ရရှိသူများကို ၃၀,၀၀၀ကျပ်နှင့် ၂၀,၀၀၀ကျပ် အသီးသီးစီ ချီးမြှင့်သွားမည်ဖြစ်သည်။ 

 

အသေးစိတ်အချက်အလက်များကို  အထက်တွင်ဖော်ပြထားသော  မူရင်းပို့စ်လင့်ခ်တွင်  ဝင်ရောက်ကြည့်ရှု နိုင်သလို [email protected] သို့လည်း သိရှိလိုသည်များကို ပေးပို့မေးမြန်းနိုင်သည်။

 

Source From : Inya Economics

 

Local News Latest Post Read 421 times