Sales Hotline : 09448001653       Download App



နိုင်ငံတကာပညာရှင်များပါ ပို့ချသင်ကြားပေးမည့် စီးပွားရေးမဟာသိပ္ပံဘွဲ့သင်တန်း အခမဲ့လျှောက်ထားနိုင်

 

 

Myanmar University of Social Science and Technology (MUST) မှ ပညာရေးကို စိတ်ဝင်စားပြီး စဥ်ဆက်မပြတ်သင်ယူချင်တဲ့ လူငယ်များအတွက် Master အဆင့်ရှိသည့် စီးပွားရေးမဟာသိပ္ပံဘွဲ့သင်တန်း(M.Sc in Economics)အတန်းကို   အခမဲ့  ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းကို မြန်မာနိုင်ငံမှ ဆရာ/ဆရာမ ပညာရှင်များအပြင် နိုင်ငံတကာမှပညာရှင်များပါ ပူးပေါင်းပြီး စိတ်ဝင်စားဖွယ်ဘာသာရပ်ခေါင်းစဥ်တွေကို သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကာလမှာတစ်နှစ်နှင့်သုံးလ(One Year & Three Months) ကြာမြင့်မည်ဖြစ်ပြီးသင်တန်းပြီးမြောက်အောင်မြင်ပါက စီးပွားရေးမဟာသိပ္ပံဘွဲ့ ရရှိမည်ဖြစ်သည်။

 

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အောက်တွင်ဖော်ပြထားသည်_

 

Master အဆင့်ရှိသည့် M.Sc Economics စီးပွားရေးမဟာသိပ္ပံဘွဲ့သင်တန်းကို ၂၀၂၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ ကျောင်းသား/ကျောင်းသူများ ပိုမိုအဆင်ပြေစေရန် ရုံးချိန်ပြင်ပ အချိန်များကို ဦးစားပေးအနေဖြင့် ရွေးချယ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းကာလမှာ ၁နှစ်နှင့်၃လကြာမြင့်မည်ဖြစ်ပြီး သင်ကြားရေးကာလမှာ ၂၀၂၃ခုနှစ် မေလမှ ၂၀၂၄ခုနှစ် ဇန်နဝါရီလအထိ (၉)လတာကြာမြင့်မည်ဖြစ်သည်။ မဟာဘွဲ့အတွက် ကျမ်းပြုစုရန်အချိန်မှာ ၂၀၂၄ခုနှစ် ဖေဖော်ရီလမှ ၂၀၂၄ခုနှစ် ဇူလိုင်လအထိ (၆)လကြာမြင့်မည်ဖြစ်သည်။ သင်တန်းအား အွန်လိုင်းမှနေ၍ သင်ကြားပေးမည်ဖြစ်သည်။

 

ဘာသာရပ်တိုင်းအတွက်  အောင်မှတ်ရရှိမှသာ  ဘွဲ့ရရှိမည်ဖြစ်သည်။  သင်တန်းချိန်တစ်နှစ်တာကာလပတ်လုံး အတွက် နိုင်ငံတကာ တက္ကသိုလ်တစ်ခုခုမှ Ph.D တက်ရောက်နေသူများ၊ ရရှိပြီးသူများနှင့် ပါမောက္ခများမှ  တာဝန်ယူ သင်ကြားပေးသွားမည်ဖြစ်သည်။

Advertisement 

Click Here > Pro Plus Furniture Factory

သင်ကြားရမည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  1. Advanced Microeconomic Theory

  2. Advanced Macroeconomic Theory

  3. Advanced Applied Economics

  4. Mathematics for Economics

  5. Applied Econometric Analysis

  6. Development Economics

  7. Cost and Benefit Analysis

  8. Public Finance

  9. Monetary and Fiscal Policy

 

အထက်ပါ Module များထဲမှ တစ်ခု (သို့) နှစ်ခုမှာ သင်ကြားပေးမည့် ဆရာ/ဆရာမ၏ အချိန်ပေးနိုင်မှု အပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။

 

သင်တန်းအား အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများလျှောက်ထားနိုင်သည်_

 

  • စီးပွားရေးနှင့်ဆက်စပ်သော ဘာသာရပ်တစ်ခုခုဖြင့် Bachelor’s Degree ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။

  • မြန်မာနိုင်ငံမှပညာရှင်များအပြင် နိုင်ငံတကာမှပညာရှင်များပါ တိုက်ရိုက်သင်ကြားပေးမည်ဖြစ်သဖြင့် အင်္ဂလိပ်စာ အရည်အချင်း Advanced (သို့)  Intermediate Level ရှိရမည်။

  • ဘွဲ့ရရှိပြီးသည်အထိ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

  • Economics Background ရှိသူများနှင့် MUST မှထပ်မံဖွင့်လှစ်သည့် Undergraduate Coursesများတွင် Volunteer အဖြစ်ပြန်လည်သင်ကြားပေးနိုင်သူကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။

 

သင်တန်းနှင့်ပတ်သက်သော စည်းကမ်းချက်များ_

 

  • အရေးကြီးစည်းကမ်းချက်မှာ သင်တန်းကာလတစ်နှစ်ကျော်ကို အပြည့်အဝတက်ရောက်နိုင်သူ ဖြစ်ရမည်။

  • လိုအပ်သော Assignment များ၊ Essay များအားလုံးကို သတ်မှတ်ထားသည့် အချိန်အတိုင်း တင်ပြနိုင်ရမည်။ 

  • သင်တန်းများအားလုံးတွင် Attendance 75% ကျော်ရှိရမည်။

 

လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါလျှောက်လွှာကို ၂၀၂၃ ခုနှစ် ဧပြီလ (၂၃)ရက်နေ့ ညနေ(၅)နာရီ မတိုင်မီ ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။

 

လျှောက်လွှာတင်ရန် Link - https://tinyurl.com/applicationmust 

 

ပမာဏရွေးချယ်ခံရသော ကျောင်းသားများကို ၂၀၂၃ခုနှစ် ဧပြီလ နောက်ဆုံးအပတ်တွင် ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို  ထပ်မံစုံစမ်းသိရှိလိုပါက [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

Source : Zarmani Facebook Page မှကူးယူဖော်ပြပါသည်။

 

Local Latest Post Local News Read 982 times