နိုင်ငံခြားသားတွေနဲ့ တိုက်ရိုက် အင်္ဂလိပ်စကားပြော လေ့ကျင့်နိုင်မယ့် ဝက်ဘ်ဆိုဒ်

 

 

အင်္ဂလိပ်စာဘာသာစကားကို လေ့လာနေတဲ့သူတွေအတွက် Native Speaker ဖြစ်တဲ့ နိုင်ငံခြားသားတွေနဲ့ တိုက်ရိုက်စကားပြောခွင့်ရမယ်ဆိုရင် အရမ်းကို ပျော်ဖို့ကောင်းမှာပါ။ ကိုယ်က IELTS တို့ TOEFL တို့ ဖြေမယ့်သူပဲဖြစ်ဖြစ်၊ Speaking Skill ကိုမှ အရမ်းကောင်းချင်တဲ့သူပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေနဲ့ တကယ့် အပြင်မှာလို လေ့ကျင့်ကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဝက်ဘ်ဆိုဒ်လေးကို ညွှန်းပေးချင်ပါတယ်။

 

ဒါကတော့ https://episoden.com/ ဆိုတဲ့ ဝက်ဘ်ဆိုဒ်လေးပဲဖြစ်ပါတယ်။ 

 

Episoden ဆိုတာဘာလဲ

 

Episoden ဆိုတာကတော့ နိုင်ငံတကာက လူတွေနဲ့ အင်္ဂလိပ်စာ စကားပြောကို တိုက်ရိုက်လေ့ကျင့်လို့ ရတဲ့ဝက်ဘ်ဆိုဒ်ပါ။ Practice လုပ်တဲ့အခါမှာလည်း One by One လုပ်လို့ရပြီး တစ်ခါတည်း Face to Face လုပ်ရမှာပါ။ လေ့ကျင့်တဲ့အခါမှာ Session တစ်ခုကို ၇ မိနစ်စာ ကြာမြင့်မှာဖြစ်ပြီး Random Topic တွေနဲ့ ကိုယ် အဆင်ပြေသလို  သွားလို့ရတာဖြစ်တဲ့အတွက်  ကြိုတင်ပြီးတော့ အများကြီး ပြင်ဆင်ထားစရာလည်း မလိုပါဘူး။ 

 

Episoden ရဲ့ အဓိက အားသာချက်ကတော့ Participant တွေရဲ့ အင်္ဂလိပ်စာ စကားပြောစွမ်းရည်ကို အဓိကအလေးပေးပြီး Emphasize လုပ်တာဖြစ်တဲ့အတွက် တိုးတက်မှုမှာ ပိုပြီးတော့ ထိရောက်စေသလို ကျောင်းသားတွေအတွက်လည်း အထူးအဆင်ပြေစေပါတယ်။

 

Episoden ရဲ့ ကောင်းတဲ့အချက်တွေက ဘာတွေလဲ

 

  • Speaking Website တွေထဲမှာ အကောင်းဆုံး ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ခြင်း

  • နိုင်ငံတကာမှ လူအများနှင့် ထိတွေ့ဆက်ဆံခွင့် ရရှိခြင်း

  • အင်္ဂလိပ်စာ  စကားပြောဆိုရာတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရရှိလာစေခြင်း

  • Speaking ပိုင်းကို အဓိကထားသွားသောကြောင့် ကျောင်းသားများအတွက် အထူးအဆင်ပြေခြင်း

  • Website Host မှ Customer Service အထူးကောင်းမွန်ခြင်း

  • အခမဲ့သုံးစွဲနိုင်ခြင်း

  • Website Ads များ မရှိခြင်း

  • နိုင်ငံတကာ Network များကို  ချိတ်ဆက်မိနိုင်ခြင်း

  • အမြင်ကျယ်လာခြင်း

Advertisement 

Click Here > Hon Chuan (Myanmar) Co.,Ltd.

 

Episoden ကို ဘယ်လို Join ရမလဲ

 

ပထမဦးဆုံး ပေးထားတဲ့လင့်ခ်ကနေ ဝက်ဘ်ဆိုဒ်ကိုသွားပါ။ ကိုယ့်မှာ အကောင့်မရှိသေးရင် အကောင့်တစ်ခု အရင်ဖွင့်ဖို့လိုတဲ့အတွက် Create Account ကို သွားပါ။ Email or Gmail တစ်ခုခုရှိရင် ဖွင့်လို့ရပါပြီ။ အကောင့်ဖွင့်ပြီးပြီဆိုရင်တော့ Log in လုပ်ပြီး Chat ကို Join လို့ ရပါပြီ။

 

Chat ကို Join လိုက်ပြီဆိုရင်တော့ အရင်ဆုံး ကိုယ်က Practice Session ထဲကို တန်းရောက်သွားမှာ မဟုတ်ပဲ Waiting Room ထဲမှာ အရင်စောင့်ရပါမယ်။ Waiting Room မှာဆိုရင် Host ကနေပြီး Episoden ရဲ့ သုံးပုံသုံးနည်းတွေ၊ Practice Session ထဲရောက်ရင် Participant နဲ့ ဘယ်လို ပြောဆိုရမယ် Discuss လုပ်ရမယ် ဆိုတာတွေကို အသေးစိတ် ရှင်းပြပေးပါတယ်။ 

 

Practice Session ထဲဝင်သွားပြီဆိုရင်တော့ ကိုယ့်ရဲ့ Random ကျရာ Partner နဲ့ ပေးထားတဲ့ Topic တစ်ခုအကြောင်းကို ၇ မိနစ်တာ ဆွေးနွေးပြောဆိုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့ Session တွေမှာဆိုရင် Warm Up Sessionလို့ခေါ်တဲ့    တစ်ယောက်နဲ့တစ်ယောက်     အပြန်အလှန်မိတ်ဆက်စကားပြောတာလေးတွေပါ လုပ်လို့ရတဲ့ Session လေးတွေပါ ရှိပါတယ်။

 

Website Link > https://episoden.com/ 

 

ဘယ်အချိန်တွေမှာ Join လို့ရတာလဲ

 

မြန်မာနိုင်ငံသားတွေအတွက် Join လို့ရတဲ့ Session (၃) ချိန်ရှိပြီး Session တစ်ခုချင်းစီမှာ 7 minutes discussion session တွေကိုလည်း ခွဲထားပေးပါသေးတယ်။ 

 

  • 02:30 am ~ 04:30 am, (14 sessions)

  • 06:30 am ~ 13:30pm (49 sessions)

  • 16:30 pm ~ 00:30 am (56 sessions)

 

အပေါ်မှာပေးထားတဲ့ Session Time တွေ အကုန်လုံးက မြန်မာစံတော်ချိန်နဲ့သွားတာပါ။ ကိုယ်အဆင်ပြေတဲ့ အချိန်ဝင် Join လို့ ရပါတယ်။

 

Chrome,Edge,Safari နဲ့ Samsung Network တွေကနေ Join လို့ ရပါတယ်။ English Level အနေနဲ့ Native & Fluent နဲ့ Intermediate ဆိုပြီး နှစ်ခု ခွဲပေးထားပါတယ်။ တစ်ခုရှိတာက Episoden ကို Age Restriction အနေနဲ့ အသက် ၁၅ နှစ်အထက်ပဲ Join ဖို့ သတ်မှတ်ထားပါတယ်။

 

ဒါဆိုရင်တော့ Episoden အကြောင်းလည်း ပြည့်ပြည့်စုံစုံသိသွားပြီမို့ Practice လုပ်မယ့်သူတွေ အကုန်လုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

 

Latest Post University / College Vocational Read 1699 times