Sales Hotline : 09448001653       Download App



စိုက်ပျိုးတောင်သူများအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာပေး အခမဲ့သင်တန်းများ စတင်လျှောက်ထားနိုင်

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် သီးနှံအမျိုးအစားအလိုက် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

အဆိုပါသင်တန်းကို တောင်သူများ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် စိုက်ပျိုးရေးကို ဝါသနာပါသူများ မည်သူမဆို လျှောက်ထားနိုင်ပြီး နေစရိတ်၊ စားစရိတ်အားလုံးကို ဌာနမှ ကျခံပေးပြီး သင်တန်းများကိုလည်း အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။

 

သင်တန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဥ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းကျောင်းတွင် တက်ရောက်ရမည်ဖြစ်သည်။

Advertisement

Click Here > White Unicorn Co.,Ltd.

တက်ရောက်လိုသူများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့မှ စတင်၍ အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး သင်တန်းတစ်ကြိမ်တိုင်းတွင် သင်တန်းသားဦးရေ ကန့်သတ်ထား သောကြောင့် ဦးစားပေးအစီအစဥ်အတိုင်း သင်တန်းလက်ခံသွားမည် ဖြစ်ကြောင်းသိရှိရသည်။

 

ဆက်သွယ်စာရင်းပေးရမည့် ဖုန်းနံပါတ်များ _

 

ဖုန်း - ၀၉ ၇၈၀၉၈၅၀၇၆၊ ၀၉ ၉၇၇၈၆၂၂၀၃၊ ၀၉ ၉၆၉၈၄၄၈၂၁၊ ၀၉ ၇၈၈၇၄၂၇၂၀

 

ဖွင့်လှစ်ပို့ချမည့် သင်တန်းအမျိုးအစားများနှင့် သင်တန်းအစီအစဥ်အသေးစိတ်ကို အောက်တွင်ဖော်ပြ ထားသည်_


သင်တန်းဆောင်ရွက်မည့်အစီအစဥ်

စဥ်

သင်တန်းအမည်

ဆောင်ရွက်မည့်ကာလ

တက်ရောက်ရမည့် သင်တန်းသား

မှတ်ချက်

ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း

၂၀၂၃ခုနှစ် မေလ ၂၄ရက်မှ ၂၅ရက် ထိ

တောင်သူများ၊ လုပ်ငန်းရှင်များ

Physical

ထောပတ်စတင်စိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ်ရောင်းချသည်အထိ ဆောင်ရွက်မှု နည်းပညာ

၂၀၂၃ခုနှစ်ဇူလိုင်လ ၂၄ရက်မှ ၂၆ရက်ထိ

တောင်သူများ၊ လုပ်ငန်းရှင်များ

Physical

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ထုတ်ပိုးခြင်းနှင့်စနစ်တကျကိုင်တွယ်

ခြင်းနည်းပညာ

၂၀၂၃ခုနှစ်ဩဂုတ်လ ၈ရက်မှ ၁၀ရက်ထိ

တောင်သူများ၊လုပ်ငန်းရှင်များ

Physical

အရည်အသွေးကောင်းထုတ်ကုန်များရရှိစေရန် Pre-Treatment ပြုလုပ်ခြင်း နည်းပညာ

၂၀၂၃ခုနှစ်စက်တင်ဘာ ၁၂ရက်မှ ၁၄ရက်ထိ

တောင်သူများ၊လုပ်ငန်းရှင်များ

Physical

ငရုတ်သီးနှံရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်း

၂၀၂၃ခုနှစ် အောက်တိုဘာလ

၁၇ရက်မှ ၁၉ရက်ထိ

တောင်သူများ၊လုပ်ငန်းရှင်များ

Physical

ဖွင့်လှစ်ပြီးသင်တန်းများအပေါ် အကျိုးရှိစွာအသုံးချသည့် တောင်သူများ၏ အလုပ်ရုံဆွေးနွေးပွဲ

၂၀၂၃ခုနှစ်ဒီဇင်ဘာလ ၁၃ရက်

သင်တန်းကျောင်းနှင့် စဥ်ဆက်မပြတ် နည်းပညာရယူမှုများ

Physical

သရက်စတင်စိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ်ရောင်းချသည်အထိ ဆောင်ရွက်မှု နည်းပညာ

၂၀၂၃ခုနှစ်ဒီဇင်ဘာလ ၁၉ရက်မှ ၂၀ရက်ထိ

တောင်သူများ၊လုပ်ငန်းရှင်များ

Physical

ရိတ်သိမ်းချိန်လွန် နည်းပညာတောင်သူမွမ်းမံသင်တန်း

၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ ၂၀ရက်မှ ၂၂ရက်ထိ

တောင်သူများ၊လုပ်ငန်းရှင်များ

Physical

 

Source:

 

Local News Latest Post Read 472 times