Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်ပြီးသူများ လျှောက်ထားနိုင်သည့် ကာလတို စက်မှုလက်မှုသင်တန်း

 

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၊ School of Industrial Training & Education (SITE)မှ စက်မှုလက်မှုနည်းပညာနှင့် ဆိုင်သော ကာလတိုသင်တန်းများကို မေလ (၂) ရက်နေ့မှ စတင်၍ ဖွင့်လှစ် ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဖွင့်လှစ်ပို့ချပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်_

 

  1. Certificate in Industrial Technologies

  2. Certificate in Woodworking

 

သင်တန်းအားလုံးအတွက် လျှောက်ထားသူသည် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောနှင့် လိုက်လျောညီထွေ ဖြစ်ရမည့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်း ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ 

 

ပမာဏ ရွေးချယ်ခံရပြီးသူများအနေဖြင့် Interview ဖြေဆိုရမည် ဖြစ်ကာ သင်တန်းကာလမှာ (၄) လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိမည် ဖြစ်သည်။

 

လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်_

 

အမှတ်စဥ် (၁) သင်တန်းအတွက် လျှောက်ထားလိုသူများသည် High School Completion Certificate ရရှိထားသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သည့် မည်သည့် ဘာသာရပ်တွဲဖြင့်မဆို အောင်မြင်သူများ၊ G.T.H.S (EcT,ET,IT,MT,AT) နှင့် A.G.T.I (EC,EP,Mech) သင်တန်းတက်ရောက် အောင်မြင်ခဲ့သူများ လျှောက်ထားနိုင်သည်။

 

အမှတ်စဥ် (၂) သင်တန်းအတွက် လျှောက်ထားလိုသူများသည်  High School Completion Certificate ရရှိထားသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သည့် မည်သည့် ဘာသာရပ်တွဲဖြင့်မဆို အောင်မြင်သူများ၊ ၊ G.T.H.S (B.T,M.T) နှင့် G.T.I (Civil) သင်တန်း အောင်မြင်ပြီး သူများ လျှောက်ထားနိုင်သည်။

Advertisement 

Click Here > One One Three Five

လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ (၆)လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ (၃)ပုံ၊ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊ ကျန်းမာရေးထောက်ခံချက်  မူရင်းနှင့် ရဲစခန်းထောက်ခံစာ မူရင်းတို့အား ပူးတွဲ လျှောက်ထားရမည် ဖြစ်ပြီး လျှောက်လွှာတင်သည့် အချိန်တွင် သက်ဆိုင်ရာ အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းတို့အား တစ်ပါတည်း တင်ပြနိုင်ရမည်။ 

 

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိပါက တစ်လအတွင်း ပြုလုပ်ထားသော ရပ်ကွက်၊ ရဲစခန်းထောက်ခံစာတို့နှင့် တစ်ကွ ပူးတွဲ လျှောက်ထားနိုင်သည်။ 

 

သင်တန်းမှာ ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တက်ရောက်ရမည် ဖြစ်သည်။

 

လျှောက်လွှာများကို ၂၀၂၃ခုနှစ် ဧပြီလ ၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် (၉)နာရီမှ ညနေ (၄) နာရီအတွင်း ရယူ လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

သင်တန်းနှင့် ပတ်သတ်၍ အသေးစိတ် အချက်အလက်များကို ထပ်မံ စုံစမ်းသိရှိလိုပါက ၀၁ - ၅၅၇၃၇၂၊ ၀၁ - ၅၅၆၅၈၃ နှင့် ၀၁ - ၅၄၄၉၄၉ နံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Source:

 

 

Latest Post Local News Vocational Read 1174 times