Sales Hotline : 09448001653       Download App



မိတ္ထီလာတက္ကသိုလ်မှ ရုံးချိန်လွတ် မဟာဘွဲ့သင်တန်းများ စတင် လျှောက်ထားနိုင်

 

 

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ရုံးချိန်လွတ် မဟာဘွဲ့သင်တန်းများကို မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ မန္တလေးတွင် ဖွင့်လှစ် သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။  သင်ကြားပို့ချပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်_

 

  • စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) သင်တန်း၊ အမှတ်စဥ် (၁၀)၊ မန္တလေး

  • ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်း၊ အမှတ်စဥ် (၆)၊ မန္တလေး

 

လျှောက်ထားလိုသူများအနေဖြင့် သင်တန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို မန္တလေးတက္ကသိုလ်တွင် ၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ သွားရောက် ထုတ်ယူနိုင်ပြီး ၂၀၂၃ ခုနှစ် မေလ ၁ရက်နေ့မှ မေလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး မန္တလေးတက္ကသိုလ်တွင် ပြန်လည် တင်သွင်းနိုင်သည်။ 

 

အဆိုပါ ဘွဲ့သင်တန်းများအတွက် အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

 

  1. အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

  2. တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

  3. ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ အချိန်ပြည့်သင်တန်း တက်ရောက်ရန် ခွင့်ပြုချက် တင်ပြနိုင်သူ ဖြစ်ရမည်။

  4. သက်ဆိုင်ရာ အကြီးအကဲ၏ ထောက်ခံချက်လက်မှတ် ပါရှိရမည်။

  5. သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။

  6. သင်တန်းအား (Online) စနစ်ဖြင့် သင်ကြားမည် ဖြစ်ပါ၍ ကွန်ပျူတာ တက်မြောက်ကျွမ်းကျင်ပြီး Google Classroom နှင့် Zoom Application များအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

 

သင်တန်းလျှောက်ထားသူများ အနေဖြင့် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲ ဖြေဆိုကြရမည်ဖြစ်ပြီး ရေးဖြေ စာမေးပွဲတွင် အဆင့်မှီသူများအား လူတွေ့ စစ်ဆေး ရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံမည် ဖြစ်သည်။ 

Advertisement

Click Here > AM Trading 

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို မန္တလေးတက္ကသိုလ်၌ ၂၀၂၃ မေလ ၂၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး သင်တန်းတက်ရောက်မှု အချိန်ဇယားမှာ အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ဖြစ်ကာ သင်တန်းကာလမှာ (၂) နှစ်ကြာ တက်ရောက်ရမည် ဖြစ်သည်။

 

သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဌာနများတွင် ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်_

 

(က) မိတ္ထီလာစီးပွားရေးတက္ကသိုလ်

ဌာနမှူး၊ သင်တန်းရေးရာဌာန

ဖုန်း ၀၉-၂၅၆၁၅၅၅၉၀

 

(ခ) မန္တလေးတက္ကသိုလ်

ဌာနမှူး၊ စီးပွားရေးပညာဌာန

ဖုန်း ၀၉-၂၀၄၄၄၉၀

 

Source : 

 

Latest Post Local News Read 670 times