Sales Hotline : 09448001653       Download App



ကိုးတန်းအောင်မြင်ပြီးသူများ အနုပညာသင်တန်းကျောင်းတွင် စတင် လျှောက်ထားနိုင်

 

 

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရန်ကုန် - မန္တလေးမြို့များရှိ အနုပညာ အထက်တန်းကျောင်းများမှ ပန်တျာသင်တန်းနှင့် ပန်းချီ၊ ပန်းပု သင်တန်းအတွက် ပထမနှစ်လျှောက်လွှာများ စတင် ခေါ်ယူနေကြောင်း သိရှိရသည်။

 

သင်တန်းကာလမှာ ၃ နှစ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း တစ်လလျှင် ၃၀,၀၀၀/- ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေး ပေးအပ်သွားမည် ဖြစ်ပြီး သင်တန်းကာလ ၃ နှစ်ပြီးဆုံးပါက အနုပညာအထက်တန်း ကျောင်းသင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်သွားမည် ဖြစ်သည်။

Advertisement

Click Here > Queen Empire

အဆိုပါသင်တန်းများသို့ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်_

 

  1. ပန်တျာသင်တန်း၏ အနုပညာ (ဂီတ/သဘင်) သီးသန့်သင်တန်းအတွက် (စနစ်ဟောင်း) သတ္တမတန်း၊ စနစ်သစ် (Grade 8) အောင်မြင်ပြီးသူ ဖြစ်ရမည်။

  2. ပန်တျာသင်တန်း၏ စာပေနှင့်အနုပညာ (ဂီတ/သဘင်) တွဲဘက်သင်တန်းအတွက် အဌမတန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။

  3. ပန်းချီ၊ ပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု) သီးသန့်သင်တန်းနှင့် စာပေနှင့်အနုပညာ (ပန်းချီ၊ ပန်းပု) တွဲဖက်သင်တန်းအတွက် အဌမတန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။

  4. ဂီတ (သို့မဟုတ်) သဘင် (သို့မဟုတ်) ပန်းချီ (သို့မဟုတ်) ပန်းပု အခြေခံပညာကို အသင့်အတင့် တက်မြောက်ရမည်။ 

  5. အသက် (၁၃) နှစ်မှ (၁၇) နှစ်အတွင်း ရှိရမည်။

 

စာပေနှင့် အနုပညာ တွဲဖက်သင်တန်းသို့ လျှောက်ထားသူများသည် အနုပညာဘာသာရပ်အပြင် အခြေခံပညာ အထက်တန်း ပူးတွဲသင်ကြားခွင့်ပါ ရရှိမည် ဖြစ်သည်။

 

လျှောက်ထားလိုသူများအနေဖြင့် အနုပညာဦးစီးဌာန၏ ဖုန်းနံပါတ် ၀၆၇ - ၃ - ၄၀၈၀၃၇၊ ၀၆၇ - ၃ - ၄၀၈၄၄၃၊ ၀၁ - ၅၅၅၆၄၂၊ ၀၂ - ၄၀ - ၆၁၁၆၉ နံပါတ်များသို့ ဆက်သွယ်စုံစမ်း၍ ၂၀၂၃ ခုနှစ် မေလ နောက်ဆုံးအပတ်ထိ လျှောက်ထားနိုင်သည်။

 

Source > 

 

Local News Latest Post Vocational Read 866 times