Sales Hotline : 09448001653       Download App



ပညာရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုမည့်သူများ တက်ရောက်သင့်သည့် ဒီပလိုမာသင်တန်း

 

 

ပညာရေးနယ်ပယ်မှာ သင်ကြားရေးပိုင်းဆိုင်ရာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဆရာ၊ဆရာမများ၊ ကျောင်းရဲ့ အုပ်ချုပ်ရေးပိုင်း၊စီမံခန့်ခွဲမှုအပိုင်းမှာ ရာထူးကောင်းကောင်းနဲ့ အလုပ်လုပ်ချင်သူများ အတွက် အထူးတက်ရောက်သင့်တဲ့ သင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

 

အဲဒါကတော့ Enlightenment Education Institute ကနေ ဦးစီးဖွင့်လှစ်သွားမယ့်  Diploma in Educational Leadership and Management (ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုနှင့် ပညာရေးစီမံခန့်ခွဲမှုဒီပလိုမာ) သင်တန်းအပတ်စဉ် (၁) ပဲ ဖြစ်ပါတယ်။ ဒီသင်တန်းကိုတော့ လာမယ့် ၂၀၂၃ခုနှစ် မေလ ၆ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာပါ။ 

 

သင်တန်းကတော့ ဒီပလိုမာဘွဲ့သင်တန်း အမျိုးအစားဖြစ်ပြီး ပညာရေးတက္ကသိုလ်က အငြိမ်းစားပညာရှင် ဆရာမကြီးများကိုယ်တိုင် ဦးစီးသင်ကြားပေးမှာပဲ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက် အောင်မြင်သွားရင်တော့ “Diploma in Educational Leadership and Management” ဘွဲ့ကို ပေးအပ်သွားမှာပါ။

 

သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်

 

  • ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုစွမ်းရည်များဖြင့် မဟာဗျူဟာကျကျ ဦးဆောင်နိုင်သော ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာနိုင်စေရန်

  • ကျောင်း၊ ဌာနတစ်ခုခု၏ စီမံအုပ်ချုပ်ရေး၊ သင်ကြားရေးကို ဦးဆောင် တာဝန်ယူထားသူများ ပေါ်ထွက်လာစေရန် ဖြစ်သည်။

 

သင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်လဲ

 

  • ကျောင်း၊ အဖွဲ့အစည်းတစ်ခုခုကို ဦးဆောင်လမ်းပြရန် ရည်ရွယ်ထားသူများ

  • ကျောင်း၊ ဌာနတစ်ခုခု၏ စီမံအုပ်ချုပ်ရေး၊ သင်ကြားရေးကို ဦးဆောင်တာဝန်ယူထားသူများ

  • ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းရည်များကို မြှင့်တင်လိုသူများ

  • မိမိတို့၏ အလုပ်နယ်ပယ်တွင် မဟာဗျူဟာကျကျ ခေါင်းဆောင်ကောင်း ဖြစ်လိုသူများ

  • ပုဂ္ဂလိကမှ ပညာရေးဆိုင်ရာ ဌာနများကို မဟာဗျူဟာကျကျ စီမံဆောင်ရွက်မှုပြုနေသူများ

  • မိမိပတ်ဝန်းကျင်ကို ရင်းနှီးချစ်ခင်သောသင်ကြား/ယူမှု ပတ်ဝန်းကျင်တစ်ခု (Friendly Learning Environment) အဖြစ် ပြုပြင်ပေးလိုသူများ

  • မိမိကျောင်း၊ မိမိအတန်း နှင့် ဆရာ ဆရာမများ၊ ၀န်ထမ်းများနှင့် ကျောင်းသားတပည့်များ၏ သင်ယူခြင်း‌အတွက် ရှေ့ဆောင်လမ်းပြပေးလိုသူများ

  • တက္ကသိုလ်တက်ရောက်ဆဲ ပညာရေးနှင့် ပညာရေးစီမံခန့်ခွဲမှုကို စိတ်ပါဝင်စားသူများ

 

သင်တန်းကို ဘယ်သူတွေ လျှောက်ထားနိုင်လဲ

 

တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ကောလိပ်မှ ဘွဲ့တစ်ခုခုရ ရှိထားပြီးသူများ လျှောက်ထား တက်ရောက်နိုင်ပါတယ်။

Advertisement

Click Here > Hong Kong Interprise

ဘယ်လိုသင်ကြားမှာလဲ

 

သင်တန်းကို Online Learning System တစ်ခုဖြစ်တဲ့ Zoom Application ဖြင့် တိုက်ရိုက်သင်ကြား ပို့ချမည်ဖြစ်ပြီး သင်ကြားသွားမယ့် သင်ရိုးကို စနစ်တကျ တက်ရောက် သင်ယူ နားလည်စေရန်အတွက် ဒီပလိုမာဘွဲ့အရည်အသွေး စံသတ်မှတ်ချက်များနဲ့အညီ သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

 

ဘယ်သူတွေက သင်ကြားပို့ချပေးမှာလဲ

 

Professor Dr. Aye Aye Myint

Rector (Retired), Yangon University of Education

BEd, MEd, Yangon University of Education

M.A (Education), PhD (Education), The University of Tokyo

 

Professor Dr. Daw Htay Khin

Professor and Head (Retired), Department of Educational Theory and Management

BA, BEd, MEd (Educational Administration & Supervision), Yangon University of

Education

PhD (Educational Administration & Supervision), Yangon University of Education

Diploma in Educational Management, Yangon University of Economic

 

သင်ရိုးမှာဘာအကြောင်းအရာတွေ ပို့ချသင်ကြားမှာလဲ

 

Course Title 1. Instructional Leadership

1. Introduction to Instructional Leadership

2. Models of Instructional Leadership

3. Curriculum and Instructional Leadership

4. Teaching Methods and Instructional Leadership

5. Assessment and Instructional Leadership

6. Student Learning and Instructional Leadership

7. Home and Community Involvement

8. Measurement of Instructional Leadership

 

Course Title 2. Strategic Management for Improvement of Educational Institutions

1. What is Strategic Management?

2. Process of Strategic Management

3. The Vision, Mission and Goals of an Educational Institution

4. Strategy Formulation

5. Strategy Implementation

6. Strategy Evaluation

7. Education Institution Improvement

8. Strategic Leadership for Institution Improvement

 

သင်တန်းနှင့် ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များ

 

Date - Saturday, Sunday and Monday;

Time -  7:00 pm - 10:00 pm

Duration - 3 Months

Total Hours - 90 hours for 3 months ( 72 hours for lectures, 12 hours for questions & discussions, and 6 hours for assignment instruction and feedback )

 

သင်တန်းကြေး ဘယ်လောက်ပေးသွင်းရမှာလဲ

 

Training Fees: 100,000/-  kyats per month

 

သင်တန်းကို စိတ်ဝင်စားလို့ အသေးစိတ်ထပ်ပြီး သိချင်တယ်၊ သင်တန်းအပ်ချင်တယ်ဆိုရင်တော့ Enlightenment Education Institute ရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ 09420094503, 09250721626, 09799334361 နံပါတ်များကို ဆက်သွယ် စုံစမ်းလို့ရသလို Page Messenger ကလည်း သွားရောက် စုံစမ်းလို့ ရပါတယ်။

 

Email address

[email protected]

Facebook Page

https://bit.ly/3FZrqB8

 

> Source From enlightenmenteducation facebook page

Latest Post Vocational Read 710 times