Sales Hotline : 09448001653       Download App



မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စတင် လျှောက်ထားနိုင်

 

 

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။ ဖွင့်လှစ်ပို့ချမည့် မဟာဘွဲ့သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်_

 

  • စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) ပုံမှန်သင်တန်း

  • ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MPA) Online သင်တန်း

  • ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) Online သင်တန်း

  • ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF) Online သင်တန်း

  • အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (MAS) Online သင်တန်း

  • ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MMM) Online သင်တန်း

  • ဧည့်ဝတ်နှင့် ခရီးသွားလာရေး စီမံခန့်ခွဲမှုမဟာဘွဲ့ (MHTM) Online သင်တန်း

 

ဘွဲ့လွန်ဒီပလိုမာ သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • သုတေသနပညာဘွဲ့လွန်ဒီပလိုမာ (PGDRS) Online သင်တန်း

  • ဈေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ (PGDMM) Online သင်တန်း

 

ဖော်ပြပါသင်တန်းများအတွက် ပညာအရည်အချင်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်_

 

  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

  • သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။

  • မဟာဘွဲ့သင်တန်းများအတွက် သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲနှင့် လူတွေ့ အကဲဖြတ်စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင် လာရောက်ဖြေဆိုနိုင်သူ ဖြစ်ရမည်။

  • ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ MBF (Online) သင်တန်းအတွက် ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင် (အလယ်အလတ်စီမံခန့်ခွဲမှု) အတွေ့အကြုံလုပ်သက် အနည်းဆုံး (၂) နှစ် ရှိရမည်။

  • အသုံးချစာရင်းအင်းပညာမဟာဘွဲ့ သင်တန်းအတွက် လုပ်ငန်းခွင်လုပ်သက် အနည်းဆုံး (၂) နှစ်နှင့် (၁-၆-၂၀၂၃) ရက်နေ့တွင် အသက် (၂၅)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ Computer Skills တတ်ကျွမ်းသူဖြစ်ရမည်။

  • ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ သင်တန်းအတွက် ဈေးကွက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းခွင် (အလယ်အလတ်စီမံခန့်ခွဲမှု) အတွေ့အကြုံလုပ်သက် အနည်းဆုံး (၂) နှစ်ရှိရမည်။

  • ဧည့်ဝတ်နှင့် ခရီးသွားလာရေး စီမံခန့်ခွဲမှုမဟာဘွဲ့ သင်တန်းအတွက် ဧည့်ဝတ်နှင့် ခရီးသွားလာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းခွင်   (အလယ်အလတ် စီမံခန့်ခွဲမှု) အတွေ့အကြုံ လုပ်သက် အနည်းဆုံး (၂) နှစ် ရှိရမည်။ 

Advertisement

Click Here > FUJI Aluminium Industry

လျှောက်ထားလိုသူများ အနေဖြင့် သက်ဆိုင်ရာသင်တန်းအလိုက် အောက်ဖော်ပြပါ နေ့ရက်များအတိုင်း သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသော လျှောက်လွှာပုံစံများနှင့်အတူ လျှောက်ထားနိုင်သည်။


 

စဥ်

သင်တန်းအမည်

လျှောက်လွှာတင်သွင်းရမည့်ရက် 

ရေးဖြေဖြေဆိုရမည့်ရက်

ဆက်သွယ်ရမည့် နယ်မြေ/ဖုန်းနံပါတ်

၁။

MBA (ပုံမှန်)

၂၀၂၃ မတ်လ ၂၈ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ

၂၀၂၃ မေလ ၂၈ ရက်နေ့ (တနင်္ဂနွေနေ့)

လှိုင်နယ်မြေ

(၀၁-၈၆၆၄၆၈၄)

၂။

MPA (Online)

၂၀၂၃ ဧပြီလ ၅ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၁၈ ရက်နေ့

(တနင်္ဂနွေနေ့)

ကမာရွတ်နယ်မြေ

(၀၁ - ၇၅၁၂၆၃၃)

၃။ 

MDevS (Online)

၂၀၂၃ မတ်လ ၂၈ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၂၅ ရက်နေ့

(တနင်္ဂနွေနေ့)

ကမာရွတ်နယ်မြေ

(၀၁ - ၇၅၂၆၆၁၃)

၄။

MBF, MHTM, MMM (Online)

၂၀၂၃ မတ်လ ၂၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၄ ရက်နေ့

(တနင်္ဂနွေနေ့)

ကမာရွတ်နယ်မြေ

(၀၉-၄၄၂၆၃၁၈၉၈)

၅။ 

MAS(Online)

၂၀၂၃ ဧပြီလ ၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၁၁ ရက်နေ့

(တနင်္ဂနွေနေ့)

ကမာရွတ်နယ်မြေ

(၀၉ - ၂၅၆၇၁၂၇၄၀)

၆။

PGDRS (Online)

၂၀၂၃ ဧပြီလ ၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ

လူတွေ့နှုတ်ဖြေရက်

၂၀၂၃ ဇွန်လ ၅ ရက်နေ့

(တနင်္လာနေ့)

ကမာရွတ်နယ်မြေ

(၀၉ -၆၇၉၂၇၇၄၀၇)

၇။

PGDMM(Online)

၂၀၂၃ ဧပြီလ ၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ

လူတွေ့နှုတ်ဖြေရက်

၂၀၂၃ ဇွန်လ ၆ ရက်နေ့

(အင်္ဂါနေ့)

ကမာရွတ်နယ်မြေ

(၀၉ -၄၄၂၆၃၁၈၉၈)


 

ဖော်ပြပါသင်တန်းများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို စုံစမ်းသိရှိလိုပါက သက်ဆိုင်ရာ နယ်မြေဌာနဖုန်းနံပါတ်အလိုက် ဆက်သွယ်မေးမြန်းနိုင်သည်။

 

Source > 

 

Latest Post Local News University / College Read 1270 times