Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာနှင့် စွန့်ဦးတီထွင်ခြင်းဆိုင်ရာစိတ်ဝင်စားသူတို့အတွက် အခမဲ့သင်တန်း

 

 

ဒီတစ်ခါမှာတော့ လုပ်ငန်းသုံးဆိုင်ရာ အင်္ဂလိပ်စာ(Business English) ကိုလည်း လေ့လာဖို့အတွက် စိတ်ဝင်စားတယ် စွန့်ဦးတီထွင်ခြင်းဆိုင်ရာ ပညာရပ်ကိုလည်း စိတ်ဝင်စားသူတို့အတွက် အခမဲ့တက်လို့ရမယ့် သင်တန်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။

 

ဒါကတော့ အမေရိကန်နိုင်ငံ Philadelphia ပြည်နယ်မှာရှိတဲ့ ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်များထဲကမှ တစ်ခုဖြစ်တဲ့University of Pennsylvania က သင်ကြားပို့ချပေးတဲ့ “English for Business and Entrepreneurship” Free Online Course ပါ။

 

ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ အရေးပါတဲ့ အစီအစဥ်ရေးဆွဲခြင်းဆိုင်ရာ ပညာရပ်ဖြစ်တဲ့ Business Planning, စီးပွားရေးတစ်ခုရဲ့ အသက်လို့ပြောလို့ရတဲ့ ဈေးကွက်ရှာဖွေခြင်းနှင့် လေ့လာခြင်းဆိုင်ရာ ပညာရပ်ဖြစ်တဲ့ Market Research, ဘာသာစကားတိုးတက်မှုဆိုင်ရာ English Language နဲ့ စွန့်ဦးတီထွင်ခြင်းဆိုင်ရာ ပညာရပ်ဖြစ်တဲ့ Entrepreneurship စတဲ့ ပညာရပ်ဆိုင်ရာ စွမ်းရည်တွေကို ကျွမ်းကျင်ပိုင်နိုင်လာမှာပဲဖြစ်ပါတယ်။

Advertisement

Click Here > Biz-Partner Group

တစ်နည်းအားဖြင့် နိုင်ငံတကာမှာလိုအပ်တဲ့ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေနဲ့ ဘာသာစကားကို အခမဲ့ လေ့လာသင်ယူခွင့်ရမှာပဲဖြစ်သလို သင်တန်းပြီးဆုံးရင်လည်း University of Pennsylvania ကပေးအပ်တဲ့ တရားဝင်အသိအမှတ်ပြု Certificate ကိုရရှိမှာပါ။

 

လေ့လာရမယ့် အချိန်အတိုင်းအတာအားဖြင့် သင်ခန်းစာ တစ်ခုကို တစ်ပတ်နှုန်းနဲ့ သင်ခန်းစာ ၅ခု (5 Units) အတွက် ၅ပါတ်ကြာ လေ့လာရမှာပါ။ ယူနစ်တစ်ခုချင်းစီတိုင်းမှာ ကြည့်ရှုရမယ့် ဗီဒီယို၊ ဖတ်ရမယ့် စာတွေ၊ ဉာဏ်စမ်းပဟေဠိတွေ ပါဝင်မှာပါ။ 

 

လေ့လာရမယ့် သင်ခန်းစာတွေကို ယူနစ်အလိုက်အောက်မှာ ဖော်ပြပေးထားပါတယ်_

 

  • Unit:1 Becoming an Entrepreneur (Week 1)

  • Unit: 2 Identifying an Opportunity (Week 2)

  • Unit: 3 Creating a Business Plan Part 1 (Week 3)

  • Unit: 3 Creating a Business Plan Part 2 (Week 4)

  • Unit: 4 Attracting Investors and Obtaining Financial Support (Week 5)

 

ဒီသင်တန်းကအခမဲ့အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် ငွေကုန်ကြေးကျလည်း မရှိသလို အင်တာနက်ရှိရုံနဲ့ ကြိုက်တဲ့နေရာက တက်လို့ရပါတယ်။ Deadline လည်းမရှိတဲ့အတွက် ကိုယ်အဆင်ပြေတဲ့ အချိန်မှ ဝင်တက်လို့ရပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာအခြေခံရှိဖို့တော့ လိုအပ်ပါတယ်။ 

 

စိတ်ဝင်စားလို့ တက်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လင့်ခ်ကနေ ဝင်ရောက်လျှောက်ထား နိုင်သလို သင်တန်းအကြောင်းကိုလည်း အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်_


Apply Link > https://www.coursera.org/learn/business?action=enroll

Latest Post Vocational Read 568 times