Sales Hotline : 09448001653       Download App



ကျောင်းသား/သူများရှောင်ရှားသင့်သည့် မှတ်ဉာဏ်ထိခိုက်စေနိုင်တဲ့ အစားအစာ (၉)မျိုး

 

 

ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ ကျောင်းစာကိုပဲ အာရုံအစိုက်များပြီး တစ်ချို့အရာတွေကို ကိုယ်တိုင်ဂရုစိုက်ဖို့အတွက် မေ့လျော့နေတတ်ကြတာပဲ။ ဒါကြောင့် ဖေဖေ၊မေမေတို့အနေနဲ့ အိမ်မှာ သားသား၊မီးမီးတွေရှိရင် မှတ်ဉာဏ်ကောင်းတဲ့ ကလေးတွေဖြစ်ဖို့အတွက် အစားအသောက် ကျွေးမွေးရာ မှာလည်းအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ 

 

အခုတစ်ခါမှာတော့ ဖေဖေ၊မေမေတို့ ဂရုစိုက်ပြီး ရှောင်ရှားကျွေးမွေးရမယ့် သားသားမီးမီးတို့ရဲ့ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာ (၉)မျိုးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

  1. ငန်လွန်းသော အစားအသောက်များ

 

ငန်လွန်းတဲ့ အစားအစာတွေက မှတ်ဉာဏ်ကို ထိခိုက်စေရုံသာမက သင့်နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် အထူးရှောင်ရှားသင့်ပါတယ်။

 

  1. အဆင်သင့်စားသုံးနိုင်သော အချို့အစားအစာများ 

 

များပြားလွန်းတဲ့ အလုပ်တာဝန်တွေ၊ကျောင်းစာတွေ စိတ်ဖိစီးမှု ရှိလာတဲ့အခါမှာ ဘယ်အရာကိုမဆို ခပ်မြန်မြန် ပြီးမြောက်သွားတာကို နှစ်သက်လာကြပါတယ်။ အစားစားချိန်မှာတောင် မြန်မြန်ဆန်ဆန်စာသုံးရတာကို သဘောကျလာကြပါတယ်။ အခုခေတ်မှာ ရရှိနိုင်တဲ့ အဆင်သင့်စား အစားအသောက်များမှာလည်း ထုပ်ပိုးမှု ဆန်းသစ်ပြီး အမြင်ဆန်းကာ စားချင်စရာ ဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့လည်း စားချင်စရာပါပဲ။ ဒါကိုမိဘတွေ အနေနဲ့ စားသုံးမှု လွန်ကဲတာမျိုး မဖြစ်ရအောင်၊ ပုံမှန်စားသုံးတာမျိုး မဖြစ်ရအောင် ထိန်းပေးဖို့ လိုအပ်ပါတယ်။ အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေက ဦးနှောက်ကျန်းမာရေး အပြင် ကိုယ်ခန္ဓာကျန်းမာရေး ကိုပါ ဆိုးကျိုးတွေ အများကြီးပေးနိုင်ပါတယ်။


 

  1. ပြုပြင်ထားသောဒိန်ချဥ်

 

သဘာဝဒိန်ချဥ်ကိုမှ ကြာရှည်ခံအောင်ပေါင်းစပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ်စတဲ့ အသီးတွေရဲ့ ရနံ့၊ အရသာနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ ဒိန်ချဥ်ဘူးတွေကို ပုံမှန်ရေရှည်သောက်သုံးခြင်းက ဒိန်ချဥ်အစစ်လို တူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့လာသူတွေကဆိုထားပါတယ်။ ရေဆာနေချိန် ထိုကဲ့သိုသော ဒိန်ချဥ်ဘူးမျိုးကို သောက်သုံးခြင်းက ခဏတာသာ ရေဆာပြေစေမှာ ဖြစ်စေပြီး အဆီနဲ့ ဓာတုဓာတ်တွေသာ ကိုယ်ခန္ဓာထဲကို ရောက်ရှိသွားမှာပါ။

Advertisement

Click Here > Asia General Holding

  1. စွမ်းအားဖြည့်အချိုရည်များ

 

သင့်အနေနဲ့ ခေါင်းမကြည်တဲ့အချိန်၊ စာကျက်နေရင်း အိပ်ငိုက်တဲ့ အချိန်မျိုးမှာ သောက်သုံးလေ့ရှိတဲ့ စွမ်းအားဖြည့် အချိုရည်တွေကလွန်ကဲစွာ စွဲစွဲလမ်းလမ်း သောက်သုံးမိတဲ့ အခါမှာ ဦးနှောက်နှင့် အာရုံကြောကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ ၄င်းအချိုရည်တွေက အချိန်အတိုင်းအတာ တစ်ခုထိ လူကို တက်ကြွလန်းဆန်း စေပြီး အဲဒီအချိန်အတွင်းမှာ အလုပ်ကို အင်တိုက်အားတိုက် လုပ်မိတာမျိုးဖြစ်ပြီး အချိန်အတိုင်းအတာလွန်သွား ချိန်မှာတော့ လူကို ပင်ပန်းနွမ်းနယ်တာမျိုးဖြစ်စေတာကြောင့် သင့်ခန္ဓာကိုယ်ရော ဦးနှောက်အတွက်ပါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။

 

  1. ဖန်တီးပြုလုပ်ထားသော အစာတုများ

 

မူလအရသာတူအောင် ဖန်တီးပြုလုပ်ထားတဲ့ အစားအစာတွေပါ။ အနံ့နဲ့အရသာ တစ်ထပ်တည်းကျအောင် ဖန်တီးပြုလုပ်ထားတဲ့ အစားအစာတွေ၊ အချိုရည်စတာမျိုးတွေမှာ ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေနဲ့ အနံ့တုတွေ ပါဝင်နေတတ်ပါတယ်။ ဒါတွေကို အစားများရင် သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာတွေကသာ ကောင်းမွန်မှန်ကန်တဲ့ အာဟာရကို ပေးစွမ်းကာ သင့်ဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူ ပြုပါလိမ့်မယ်။

 

  1. ထပ်ခါထပ်ခါကြော်ထားသော အစားအစာများ

 

ဆီအများကြီးနဲ့ ထပ်ခါထပ်ခါကြော်ထားတဲ့ အစားအစာတွေဟာ သင့်ခန္ဓာကိုယ်ကို အာဟာရမဖြစ်စေတဲ့ အပြင် ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။ ဆီကြော်တွေက အရသာအားဖြင့် စားလို့ ကောင်းပေမယ့် ကျန်းမာရေးအတွက်ရော ဦးနှောက်အတွက်ပါ လုံးဝအထောက်အကူ မဖြစ်စေနိုင်ပါဘူး။

 

  1. သကြားဓာတ်များသော အသုပ်များ

 

ဟင်းရွက်သုပ်တွေက သင့်ကျန်းမာရေးကို အများကြီး အထောက်အကူပြုစေတယ်ဆိုပေမယ့် အဆီအများကြီးပါပြီး သကြားဓာတ်အများကြီး ပါဝင်တဲ့ အသုပ်တွေကတော့ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

 

  1. ပြောင်းဖူးပေါက်ပေါက်

 

ပြောင်ဖူးပေါက်ပေါက်တွေကို ရုပ်ရှင်ကြည့်ချိန်မျိုးမှာ အများအားဖြင့် စားမိတတ်ကြပါတယ်။ပြောင်းဖူး ပေါက်ပေါက်ထဲမှာ ဆားနဲ့အဆီဓာတ်များစွာပါဝင်ပြီး အချို့အသင့်ပြုလုပ်စားနိုင်တဲ့ ပေါက်ပေါက်တွေထဲမှာ ဓာတုပစ္စည်းတွေလည်း ပါဝင်နေတတ်ပါတယ်။

 

  1. ပီဇာများ

 

ပီဇာလို့ပြောလိုက်ရင် လူကြီး၊လူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ စားချင်စဖွယ် ပြုပြင်ဖန်တီး ထားသောကြောင့် လူကြိုက်များတဲ့ ပီဇာကို တစ်ခါတစ်လေစားတာမျိုး မဟုတ်ပဲ ပုံမှန်စာသုံးမယ်ဆိုရင် သင့်ရဲ့ဦးနှောက်စွမ်းရည်ကို ကျဆင်းစေပါလိမ့်မယ်။ အဆာပြေစားမယ်ဆိုရင်တောင် အသီးအရွက်နဲ့ ပြုလုပ်ထားတဲ့  ပီဇာတွေကပိုပြီး သင့်တော်ပါတယ်။

 

Source: May Dim’s Note

 

Knowledge Latest Post Read 888 times