Sales Hotline : 09448001653    



နိုင်ငံပေါင်း (၁၉၇) နိုင်ငံရဲ့ အလံတွေကို (၅) မိနစ်အတွင်း ခွဲခြား စံချိန်ချိုးနိုင်ခဲ့သူ

 

 

လူတိုင်းက ပင်ကိုယ်အရည်အချင်း ကိုယ်စီနဲ့ မွေးဖွားလာကြတာ မဟုတ်ပေမယ့် ခြွင်းချက်အနေနဲ့ကတော့ ဉာဏ်ကြီးရှင်တွေအဖြစ် မွေးဖွားလာကြတာတွေ ရှိတတ်ပါတယ်။ အသက် ၃ နှစ်အရွယ် ဒါရှန်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့စံချိန်ချိုးခဲ့ပြီး ၄င်းရဲ့ မိဘတွေကို ဂုဏ်ယူစေခဲ့အတွက် ဒီယူဆချက်ဟာ မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။

 

ဒါရှန်ဟာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်မှာ နေထိုင်တဲ့ မိခင်ဆာဆီရီခါ နှင့် ဖခင်ဘဟာရာခ်တို့၏ ၃နှစ်သားအရွယ် သားတစ်ယောက်ဖြစ်ပါတယ်။ ဒါရှန်ဟာ မကြာသေးခင်ကမှ အပြည်ပြည်ဆိုင်ရာ မှတ်တမ်းစာအုပ် (International Book of Records) မှာ မှတ်တမ်းတင် ဖော်ပြခံခဲ့ရပါတယ်။ သုံးနှစ်အရွယ်ကလေး တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းက ဘာတွေများဖြစ်မလဲ တကယ့်ကို အံ့ဩစရာပါပဲ။

 

နိုင်ငံပေါင်း ၁၉၇ နိုင်ငံရဲ့ အလံကို ၄ မိနစ် ၄၀ စက္ကန့်အတွင်းမှာ ခွဲခြားပြနိုင်ခဲ့ခြင်းကြောင့် ဒါရှန်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ International Book of Records မှာ စံချိန်ချိုး မှတ်တမ်းဝင်ခဲ့တဲ့အပြင် Kalam’s World Records ကလည်း ဆုတစ်ခု ချီးမြှင့်ခဲ့ပါသေးတယ်။ ဒါရှန်ဟာ လက်ရှိမှာ တမီးလ်နာဒူပြည်နယ်က ပုဂ္ဂလိက ကျောင်းတစ်ခုမှာ မူလတန်းကြိုအတန်းကို တက်ရောက်နေတာပါ။

Advertisement

Click Here > Min Min Maung Car Sales Center

“မိဘတွေအနေနဲ့ ကလေးတွေရဲ့ ပညာရေးအပြင် ဘဝနဲ့သက်ဆိုင်တဲ့ စွမ်းရည်အမျိုးမျိုးကို သင်ကြားပေးတဲ့ နေရာမှာလည်း အာရုံစိုက်သင့်တယ်” လို့ ဒါရှန့်ရဲ့ မိခင်က ဆိုလာပါတယ်။ “ဒါရှန့်ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို ကျွန်မလေ့လာတယ်၊ နှစ်ပတ်ကြာတော့ သူ့ကို ဂိမ်းကစားသလိုမျိုးပုံစံနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းက အလံတွေကို မေးခဲ့တယ်၊ သူဒါကို ကျွန်မနဲ့ ကောင်းကောင်း လိုက်လုပ်နိုင်ခဲ့တယ်၊ အခုလို နိုင်ငံတကာစံချိန် အထိတောင်ချိုးနိုင်ခဲ့တာကတော့ ကျွန်မတို့အတွက် သိပ်ကို ဝမ်းသာစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ 

 

ဒါရှန့် မိဘနှစ်ပါးစလုံးဟာ ကလေးအတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်နေပြီး မိဘတိုင်းက ၄င်းတို့ကလေးရဲ့  ပင်ကိုယ်စွမ်းရည်တွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ပံ့ပိုးပေးသင့်တယ်လို့ အကြံပြု ပြောကြားသွားခဲ့ပါတယ်။



Source From : Tamil Nadu: 3-Year-Old Breaks World Record, Identifies Flags Of 197 Countries In 4 Minutes

Knowledge Latest Post Read 436 times