Sales Hotline : 09448001653    



နည်းပညာ စိတ်ဝင်စားသူတိုင်းအတွက် လေ့လာတက်ရောက်သင့်သည့် အခမဲ့ ဆွေးနွေးပွဲ

 

 

Impact Hub Yangon မှ FNF Myanmar နှင့် ပူးပေါင်းပြီး ယခုလက်ရှိမှာ ခေတ်စားနေသော ခေါင်းစဥ် ဖြစ်သည့် AI အကြောင်းကို တင်ပြသွားမည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ 

 

အဆိုပါပွဲကို “How AI Revolution Effects on Myanmar SMEs Sector” ဆိုသော ခေါင်းစဥ်ဖြင့် မတ်လ  (၂၅) ရက်၊ ညနေ (၃) နာရီ မှ ည (၇) နာရီအထိ ရန်ကုန် Zealax Hotel တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

 

ထိုချိတ်ဆက်ဆွေးနွေးပွဲတွင် AI များ တိုးတက်လာခြင်းကြောင့် SME လုပ်ငန်းများအတွက် စီးပွားရေးစီမံချက်များ ပေါ်ထွက်လာမှု၊ ဈေးကွက်ချဲ့ထွင်ခြင်းစတဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှု လုပ်ဆောင်သည့် အပိုင်းများတွင် သက်ရောက်မှုရှိ၊ မရှိ စသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်သည်။

 

မကြာသေးခင်ကာလအတွင်း AI Search Engines များ အသုံးပြုမှုသည် လူအများကြားမှာသာမက စီးပွားရေးနယ်ပယ်များမှာပါ ခေတ်စားလာပြီး AI များ တိုးတက်လာခြင်းသည် SME လုပ်ငန်းများကို နယ်ပယ်အသီးသီးမှာ အကျိုးပြုနိုင်မည်လားဆိုသည့် မေးခွန်းဖြစ်လာခဲ့သည်။ ကောင်းသော အကျိုးပြုခြင်းလား ဆိုးသောအကျိုးပြုခြင်းလားဆိုသည့် မေးခွန်းပေါ်မှာ အခြေခံ၍ အဆိုပါပွဲကို ကျင်းပခြင်း ဖြစ်သည်။

Advertisement

Click Here > Dong Peng Plastic

ပွဲတွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည့်အပြင် MSMEများ၏ လက်တွေ့ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာဆိုင်ရာ အခက်အခဲ၊ စိန်ခေါ်မှုများ၊ လိုအပ်ချက်များနဲ့ အနာဂတ်အခွင့်အလမ်းများ အကြောင်းကို ဆွေးနွေးခြင်းမှတစ်ဆင့် ထိုအခက်အခဲများကို မည်သို့ ပံ့ပိုးပေးနိုင်မည်၊ ကျော်ဖြတ်နိုင်မည် စသည့် အချက်များကို အတူတကွ အဖြေရှာကြမည့် အလုပ်ရုံဆွေးနွေးပွဲနှင့် ချိတ်ဆက်ခြင်း အစီအစဥ်များလည်း ပါဝင်မည် ဖြစ်သည်။

 

ပွဲအစီအစဥ်အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်_

 

နေ့စွဲ။   ။ မတ်လ (၂၅) ရက်၊ ၂၀၂၃ (စနေနေ့)

အချိန်။   ။ ညနေ (၃) နာရီ မှ ည (၇) နာရီအထိ

နေရာ။   ။ Zealax Hotel, Yangon

 

ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး နယ်ပယ်မျိုးစုံမှ MSME လုပ်ငန်းများ၊ နည်းပညာကို စိတ်ပါဝင်စားသူများ အားလုံးကို ဖိတ်ခေါ်ထားသည်။ စိတ်ပါဝင်စား၍ တက်ရောက်လိုပါက အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်သည်။

 

Registration Link 

> https://bit.ly/3YGERfB  

 

ပွဲနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို စုံစမ်းသိရှိလိုပါက Impact Hub Yangon ၏ Facebook Page Messenger တွင် မေးမြန်းစုံစမ်းနိုင်သည်။

 

Impact Hub Myanmar Facebook Page 

> https://www.facebook.com/IHYangon/

 

Source from : Impact Hub Yangon

Local News Latest Post Read 403 times