Sales Hotline : 09448001653       Download App



(၁၀) တန်းအောင်ပြီးသူတိုင်း လျှောက်ထားနိုင်တဲ့ အခမဲ့ လူနာခန်းလက်ထောက်သင်တန်း

 

 

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် လူနာခန်းလက်ထောက် (အမျိုးသား/ အမျိုးသမီး) သင်တန်းကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းကာလမှာ (၃)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ဖြစ်သည်။ သင်တန်းကို ၂၀၂၃ ခုနှစ် ဧပြီလ တတိယအပတ်မှ ဇူလိုင်လကုန်အထိ ၃ လကြာတက်ရောက်ရမည်။ သင်တန်းကာလအတွင်း  နေ့လည်စာထမင်း   အခမဲ့ကျွေးမွေးမည်ဖြစ်သည်။    သင်တန်းပြီးမြောက်အောင်မြင်သူများကို ဆေးရုံကြီးတွင် လစ်လပ်နေရာများရှိပါက အလုပ်ရရှိရေးစီစဥ်ပေးမည်။

Advertisement

Click Here > Myan Express

သင်တန်းကို အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

 

  • မြန်မာနိုင်ငံသားဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

  • ၂၀၂၃ ဧပြီလ ၃ ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်စေရ။

  • အနိမ့်ဆုံးပညာအရည်အချင်းမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။

  • အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။

 

လျှောက်လွှာပုံစံများကို ဆေးရုံကြီးရှိ စီမံရေးရာဌာနခွဲတွင် တောင်းယူ၍ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူတို့အပြင် အပျို/လူပျို ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်စာနှင့်အတူ ၂၀၂၃ခုနှစ် မတ်လ ၂၉ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်။ 

 

သင်တန်းလိပ်စာမှာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၊ အမှတ်(၃၈)၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။ သင်တန်းသားများလူတွေ့စစ်ဆေးခြင်းကို ဧပြီလ ၃ရက်နေ့မှ စတင်ရွေးချယ်သွားမည် ဖြစ်သည်။ 

 

အသေးစိတ်အချက်အလက်များကို စုံစမ်းသိရှိလိုပါက ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)၊ ဆေးရုံအုပ်ချုပ်ရေး အဖွဲ့၏ ဖုန်းနံပါတ်များဖြစ်သော ၀၁- ၉၅၄၁၇၉၅ နှင့် ၀၉- ၆၈၃၈၁၇၉၇၀ နံပါတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။

 

Source: 

 

Latest Post Local News Read 700 times