Sales Hotline : 09448001653   Find A Tutor     Download App



အာမခံကိုယ်စားလှယ် လိုင်စင်ရသင်တန်း တက်ရောက်လိုပါက စတင် လျှောက်ထားနိုင်

 

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း လက်အောက်ရှိ မြန်မာ့အာမခံ သင်တန်းကျောင်းတွင် အာမခံကိုယ်စားလှယ်လိုင်စင်ရ သင်တန်းဖွင့်လှစ်ပို့ချမည် ဖြစ်ရာ စိတ်ပါဝင်စားသူများ အနေဖြင့် စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ 

 

အဆိုပါသင်တန်းမှာ ပြည်သူများ၏ အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် အာမခံအသိပညာများ ပြန့်ပွားတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် (ရန်ကုန်နှင့်မန္တလေး) တို့တွင် ဖွင့်လှစ် ပို့ချပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

 

သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရသည်အထိ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ လျှောက်ထားလိုသူများ အနေဖြင့် မြန်မာ့အာမခံလုပ်ငန်း (ရန်ကုန်) နှင့် (မန္တလေး) မြို့များသို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်သည်။ 

Advertisement

Click Here > Lyfe

သင်တန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

(က)

ပညာအရည်အချင်း

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူ (သို့)  အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ

(ခ)

သင်တန်းကာလ 

(၁၀) ရက်

(စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များမပါ လစဥ်ဖ္ငင့်လှစ်သွားမည် ဖြစ်သည်။)

(ဂ)

သင်တန်းအချိန်

နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀

(ဃ)

သင်တန်းတည်နေရာ

မြန်မာ့အာမခံသင်တန်းကျောင်း (ရန်ကုန်)

အမှတ် (၆၂၇/၆၃၅)၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ 

 

မြန်မာ့အာမခံသင်တန်းကျောင်း (မန္တလေး) 

၃၄ လမ်းနှင့် ၃၅ လမ်း၊ ၆၇ လမ်း၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။

(င)

သင်တန်းဝင်ခွင့် လျှောက်လွှာနှင့်အတူ တင်ပြရမည့် စာရွက်စာတမ်းများ

ဓာတ်ပုံ(၃)ပုံ၊နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊ဘွဲ့လက်မှတ်မိတ္တူ (သို့) အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ


 

လျှောက်ထားသူများအား လျှောက်လွှာနံပါတ်အမှတ်စဥ်အလိုက် စာရင်းသွင်းထားမည်ဖြစ်ပြီး တန်းစီဇယားအရ တက်ရောက်ခွင့်ရှိသူများကို လစဥ်သင်တန်းဖွင့်လှစ်မည့်ရက်အား မြန်မာ့အာမခံသင်တန်းကျောင်းမှ ဆက်သွယ်၍ ကြိုတင်အကြောင်းကြားပေးမည်ဖြစ်သည်။

 

လျှောက်လွှာပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်_

 

Email Address > [email protected] 


သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက ၀၁-၃၉၀၉၉၅ နှင့် ၀၁-၃၉၀၉၉၆ နံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Latest Post Local News Read 235 times