Sales Hotline : 09448001653       Download App



ဘွဲ့မရသေးသူတွေပါ လျှောက်ထားနိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံက လစာရအလုပ်သင် အခွင့်အရေး

 

 

ဘွဲ့မရသေးတဲ့လူငယ်တွေအတွက် အခွင့်အရေးကောင်းတစ်ခုကိုမျှဝေပေးချင်ပါတယ်။ ဒါကတော့  ၂၀၂၃ ခုနှစ်အတွက် ဆွစ်ဇာလန်နိုင်ငံ CERN မှာ လျှောက်ထားလို့ရတဲ့ လစာရအလုပ်သင် ပရိုဂရမ်အကြောင်းပါ။

 

CERN ဆိုတာကတော့ နျူကလီးယားသုတေသနအဖွဲ့ဝင်များ၊ ရူပဗေဒပညာရှင်များ နှင့် အင်ဂျင်နီယာများ ပါဝင်တဲ့  ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့မှာရှိတဲ့ နျူကလီးယားနဲ့ သုတေသနနယ်ပယ်မှာ နာမည်ကြီးတဲ့ ဥရောပအဖွဲ့အစည်းတစ်ခုပါ။ 

 

အခုလစာပေးအလုပ်သင်အခွင့်အရေးမှာဆိုရင် လျှောက်ထားသူများ အနေနဲ့ IELTS Test Result လည်းပြစရာ မလိုပဲ ဒီအဖွဲ့အစည်းမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လက်အောက်မှာ ပညာလည်းယူရင်း လစာလည်းရရင်း အလုပ်လုပ်ခွင့်ရမှာပါ။ လစာ အနေနဲ့ကတော့ လစဥ် Monthly Allowance ဆွစ်ဇလန်ငွေ ( 1516 Swiss Francs) USD အနေနဲ့ဆို ဒေါ်လာ ၁၆၀၀ (မြန်မာငွေ - ၃,၃၆၀,၀၀၀/-ကျပ်) နီးပါးရရှိမှာပဲဖြစ်ပါတယ်။

 

အသေးစိတ်ကိုတော့ အောက်မှာဆက်လက်ဖော်ပြပေးထားပါတယ်_

Advertisement

Click Here > Theingi Shwe Sin

 

ဘယ်သူတွေလျှောက်ထားလို့ရလဲ

 

အသက်အားဖြင့် ၁၈ နှစ်ပြည့်ပြီး အောက်မှာဖော်ပြထားတဲ့ နယ်ပယ်မှာ အချိန်ပြည့်ကျောင်းတက်ရောက်နေတဲ့ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားများနဲ့ မာစတာဘွဲ့ တက်ရောက်နေတဲ့ကျောင်းသားများလျှောက်ထားလို့ရပါတယ်။ (ဒေါက်တာဘွဲ့တက်ရောက်နေသော ကျောင်းသားများ လျှောက်ထားလို့မရပါဘူး)

 

  • Physics

  • Computing 

  • Mathematics

  • Electricity

  • Electronics

  • Mechanical or Civil Engineering

  • Instrumentation

  • Materials Science 

  • Radiation Protection

  • Safety & Environmental Protection

  • Surveying

  • Ultra-High Vacuum

  • Scientific Communication

  • Translation

  • Advanced Secretarial Work

  • Accounting

  • Legal Services

  • Human Resources

  • Librarianship

  • Logistics

 

ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်စာ ဒါမှမဟုတ် ပြင်သစ်ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်တဲ့ Level တစ်ခုတော့ ရှိထားရပါမယ်။ CERN မှာ အလုပ်သင်လုပ်နေစဥ်ကာလအတွင်း မိမိနိုင်ငံမှာ တက္ကသိုလ်တက်ရောက်နေတဲ့ Full-Time Registered ကျောင်းသားအဖြစ်တော့ ရှိထားဖို့ လိုအပ်ပါတယ်။

 

အလုပ်သင်ကာလကတော့ အနည်းဆုံး ၁ လကနေ အများဆုံး ၆လအထိ လုပ်ကိုင်လို့ရပါတယ်။ Short Term Internship ပါ။

 

လျှောက်ထားဖို့ ဘာတွေလိုအပ်မလဲ

 

  • အင်္ဂလိပ်ဘာသာ (သို့) ပြင်သစ်ဘာသာဖြင့် ပြီးပြည့်စုံစွာရေးသားထားသော CV Form

  • လက်ရှိတက်ရောက်နေသော ကျောင်း(တက္ကသိုလ်)မှ ထောက်ခံစာတစ်စောင်

  • လက်ရှိမှာ တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း သက်သေအထောက်အထား (ကျောင်းအပ်ထားသော ပြေစာ/ကျောင်းသားကတ်/ထောက်ခံစာ စသည်တို့ တစ်ခုခု)

 

ဘယ်လိုလျှောက်ထားရမလဲ

 

အောက်မှာပေးထားတဲ့လင့်ခ်ကနေ Online Application Form ကို ဖြည့်ပြီး လျှောက်ရုံပါပဲ။  အချက်အလက်များကို ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန်ဖြည့်ပေးပြီး လိုအပ်တဲ့ အထောက်အထားတွေကို ပူးတွဲတင်ပြဖို့ လိုအပ်ပါတယ်။

 

Application Form Link > https://bit.ly/3IVVGxa 

 

Deadline က Training Period အပေါ်မူတည်ပါတယ်။ 

 

အသေးစိတ်ကိုတော့ အောက်ဖော်ပြပါလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်_


https://bit.ly/3Zn9xnl

Latest Post Vocational International Read 15241 times