Sales Hotline : 09448001653   Find A Tutor     Download App



ဖေဖော်ဝါရီလအတွင်းမှာ ဖွင့်လှစ်မယ့် ကုန်သွယ်မှုဆိုင်ရာသင်တန်း

 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန လက်အောက်ရှိ ကုန်သွယ်မှုဆိုင်ရာ သင်တန်းကျောင်း (ရန်ကုန်) မှ ကုန်သွယ်မှုဆိုင်ရာ ရက်တိုသင်တန်း (အမှတ်စဥ် ၁) (Short Course on INCOTERMS and Sales Contract) သင်တန်းအား ဖွင့်လှစ် ပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းကို ကုန်သွယ်မှုသင်တန်းကျောင်း၊ အမှတ် (၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ် ပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ (တနင်္လာနေ့မှ စနေနေ့အထိ) ၆ ရက်တာ ကြာမြင့်မည် ဖြစ်သည်။ 

 

သင်တန်းချိန်မှာ နံနက် ၉း၃၀ မှနေ့လည် ၁၂း၃၀ အထိ ဖြစ်ပြီး သင်တန်းသားဦးရေ အယောက် (၅၀) ဦး လက်ခံသင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

 

လျှောက်ထားလိုသူများအနေဖြင့်  ကုန်သွယ်မှုသင်တန်းကျောင်း (စတုတ္ထထပ်) တွင် လူကိုယ်တိုင် သွားရောက် စာရင်းပေးသွင်းရမည် ဖြစ်ပြီး သင်တန်းလျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ တစ်ပါတည်း ပူးတွဲ တင်ပြရမည်ဖြစ်သည်_

                                                        Advertisements

                                                        Click Here > Lucky Bag & Swallow

  • ဓာတ်ပုံ (၁) လက်မပတ်လည် (၃)ပုံ

  • ဘွဲ့လက်မှတ်မိတ္တူ

  • အခြေခံပညာ အထက်တန်းအောင်လက်မှတ်

  • နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ

 

သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ဆက်သွယ် စုံစမ်းလိုပါက ကုန်သွယ်မှုသင်တန်းကျောင်း၏ ဖုန်းနံပါတ်များ ဖြစ်ကြသော ၀၁ ၈၂၅၀၈၇၁ နှင့် ၀၁ ၈၃၇၈၇၉၈ တို့ကို ဆက်သွယ်မေးမြန်းနိုင်သည်။

 

Latest Post Local News Read 225 times