Sales Hotline : 09448001653       Download App



သူနာပြုသားဖွား နှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းလျှောက်လွှာများ စတင်ခေါ်ယူ

 

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနလက်အောက်ရှိသူနာပြု/သားဖွား/နှီးနွှယ်သင်တန်းကျောင်းများတွင် ၂၀၂၃ ပညာသင်နှစ်အတွက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း နှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်ထားလိုသူများအနေဖြင့်လျှောက်လွှာများကိုကျန်းမာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့၏ အင်တာနက်စာမျက်နှာတွင် ရယူပြီး ပြည့်စုံ၊တိကျ၊ပီသစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ပူးတွဲပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် စာစစ်ဌာနတည်ရှိသည့် တိုင်းဒေသကြီး ပြည်နယ်/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လိပ်မူလျှောက်ထားရမည်။

 

လျှောက်လွှာပိတ်ရက်မှာ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့ဖြစ်သည်။ လျှောက်ထားလာသော လျှောက်လွှာများအနက် မြန်မာ၊အင်္ဂလိပ်စာ၊ သင်္ချာ (၃) ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည်ဖြစ်သည်။အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

  •  တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။

  •  လျှောက်လွှာပိတ်သည့်၈-၃-၂၀၂၃ ရက်တွင် အသက်(၂၅)နှစ်ထက် မကြီးရ။

  • ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

  •  အိမ်ထောင်မရှိသူ ( အပျို / လူပျို ) ဖြစ်ရမည်။

  • အနည်းဆုံးအရပ်( ၅ )ပေ ရှိရမည်။

  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

  •  သင်တန်းအောင်မြင်ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်။

  • သင်တန်းတက်ရောက်စဉ် ပညာသင်ထောက်ပံ့ကြေး (၁)လလျှင် ကျပ်( ၃၀၀၀၀/-) (ကျပ်သုံးသောင်း)တိတိ ချီးမြှင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ၊ သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင် ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းအတွက် ကျပ်(၈၀၀၀၀/-) (ကျပ်ရှစ်သိန်းတိတိ)၊ ဘက်စုံ သားဖွားဒီပလိုမာ (၂)နှစ် သင်တန်းအတွက် ကျပ်(၃၀၀၀၀၀/-) (ကျပ်သုံးသိန်းတိတိ)ပေးလျော်နိုင်သူ ဖြစ်ရမည်။

  • သင်တန်းအောင်မြင်ပြီး(အမှတ်ဖြင့်/အထူးကိစ္စရပ်ဖြင့်ရွေးချယ်)သူများကိုနိုင်ငံ့ဝန်ထမ်းအဖြစ်ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို/ လိုအပ်ချက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်တွင် အနည်းဆုံး(၃)နှစ်မပျက်မကွက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံ ကတိရေးထိုးရမည် ဖြစ်သည်။

 

လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများကို တစ်ပါတည်းပူးတွဲတင်ပြရမည်_

 

  1. မြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေးသည့်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မိတ္တူ) (၁)စောင်။

  2. မြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်းအောင် ရမှတ်စာရင်း (မူရင်း) (၁) စောင်။

  3.  နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) (၁)စောင်။

  4. ပြစ်မှုကင်းရှင်းကြောင်း၊အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာရဲစခန်းထောက်ခံစာ(မူရင်း)(၁)စောင်။ 

  5. အိမ်ထောင်မရှိသူ၊ အပျို/လူပျို ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်(သို့) ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှူးရုံး(အုပ်ချုပ် ရေးမှူး/အတွင်းရေးမှူး)၏ ထောက်ခံစာ(မူရင်း) (၁)စောင်။ 

  6. ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်းသက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာန/ကုသရေးဦးစီးဌာန၏ ဆေးထောက်ခံစာ (မူရင်း ) (၁)စောင်။

  7. ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင်(သင်တန်းတက်ခွင့်ရရှိပါက)ရာထူးမှနုတ်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အကြီးအကဲ၏ ထောက်ခံစာ(မူရင်း) (၁)စောင်။

  8. လျှောက်လွှာပုံစံနှင့် ကတ်ပြားတွင် လိုင်စင်ဓါတ်ပုံ(၁)ပုံစီ ကပ်ပြီး အပို(၁)ပုံတွဲ၍ ပေးပို့ရမည်။ (၆-လအတွင်း ရိုက်ကူးထားသော ပီပြင်ထင်ရှားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံဖြစ်ရမည်။ ဓာတ်ပုံ နောက်ကျောတွင်လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ မိဘ အမည်၊ နေရပ်များရေးရမည်။)

(မှတ်ချက်။ ထောက်ခံစာများအားလုံးတွင်ထောက်ခံပေးသူ၏ အမည်၊ လက်မှတ်၊ ရာထူးတံဆိပ်တုံး၊ ရုံးတံဆိပ်ဝိုင်း ပါရှိရမည်။)

                                                       Advertisemets

                                                       Click Here > Tharaphu

သင်တန်းတက်ရောက်ခွင့်ရရှိသူများ အမည်စာရင်းကို ၂၀၂၃ ခုနှစ် ဧပြီလအတွင်း အောက်ဖော်ပြပါ ဌာနများ၌ ကြေညာထားမည်ဖြစ်သည်_

 

(က) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊နေပြည်တော်။

(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန

(ဂ) တက်ရောက်ခွင့်ရသည့်သက်ဆိုင်ရာ သင်တန်းကျောင်းများ

(မှတ်ချက် - သင်တန်းစတင်ဖွင့်လှစ်ပြီး (၂) ပတ်အတွင်း သတင်းပို့တက်ရောက်ခြင်းမရှိက သင်တန်းတက်ခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။)

 

သင်တန်းတက်ရောက်ခွင့်ရရှိသောကျောင်းသား/သူများကိုသင်တန်းကျောင်း၏ ကျန်းမာရေးစစ်ဆေးရေးကော်မတီမှ ထပ်မံကျန်းမာရေးစစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်ချက်အောင်မြင်မှသာ သင်တန်းတက်ခွင့်အတည်ပြုမည်ဖြစ်သည်။

 

သင်တန်းတက်ခွင့်ရရှိပါက တက္ကသိုလ်/ကောလိပ်/အဝေးသင် တက်နေသူ ဖြစ်လျှင် သင်တန်း ကာလအတွင်း(တက္ကသိုလ်/ကောလိပ်(အဝေးသင်)ပညာသင်ရပ်နားခွင့်ပြုကြောင်းသက်ဆိုင်ရာကျောင်း အုပ်/အကြီးအကဲ၏ထောက်ခံစာမူရင်းကိုတက်ခွင့်ရမည့်သင်တန်းကျောင်းသို့ပေးအပ်နိုင်ရမည်။(သထတန်းတက်စဉ် ကာလအတွင်း အခြားမည်သည့်လက်မှတ်ရ သင်တန်းမဆို လုံးဝတက်ခွင့်မပြုပါ)။

 

အောက်ပါအချက်များနှင့်ငြိစွန်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ_

  •  ရှင်းလင်းပီသစွာနှင့် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း မရှိသည့် လျှောက်လွှာများ။

  • သတ်မှတ်ချက် စာရွက်စာတမ်း မပြည့်စုံသည့် လျှောက်လွှာများ။ 

  • သက်ဆိုင်ရာတိုင်ဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေဦးစီးဌာနသို့လိပ်မူ၍ လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများ 

  • လျှောက်လွှာပိတ်ရက်ထက် နောက်ကျ ပေးပို့သည့်လျှောက်လွှာများ။ 

 

အသေးစိတ်စုံစမ်းသိရှိလိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊(သူနာပြုဌာန)(ဖုန်း- ဝ၆၇-၄၁၁၁၄၈၊ ၄၁၁၄၉၊ လိုင်းခွဲ-၈ဝ၈၊ ၈၃၁)များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

Local News Latest Post Read 2586 times