Sales Hotline : 09448001653       Download App



အိမ်တွင်းသက်မှုသင်တန်းကျောင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်စတင်ဖွင့်လှစ်မည်

 

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အဌမကြိမ်မြောက်အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရှိရသည်။

 

အဆိုပါသင်တန်းမှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား ၊ဖျာပုံ ၊စစ်တွေ၊ရွာငံနှင့် ထားဝယ်မြို့တို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် သင်ကြားပို့ချဖွင့်လှစ်ခြင်းဖြစ်သည်။ 

 

စက်ချုပ်သင်တန်းများ(မိန်းမဝတ်)၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းစသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းအပတ်စဥ် ရှစ်ခု၊ အပတ်စဥ်တစ်ခုလျှင် ခြောက်ပတ်ကြား သင်ကြားပေးလျှက်ရှိသည်။

 

ယခုဖွင့်လှစ်မည့်အဌမကြိမ်မြောက်သင်တန်းကိုစိတ်ပါဝင်စား၍တက်ရောက်လိုသူ(အမျိုးသား/အမျိုးသမီး)များအနေဖြင့်သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိအောက်ဖော်ပြပါအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းတက်ရောက်နိုင်ကြောင်း သိရှိရသည်။

                                                       Advertisements

                                                       Click Here > Bawgawadi

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ရန်ကုန်)

 

အမှတ်-၁၃၅၊ဓမ္မစေတီလမ်း၊ဗဟန်းမြို့နယ်။ ဖုန်း - ၀၉၄၂၇၉၀၀၀၄၆

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မန္တလေး)

 

အမှတ်-၁၆၉၊၈၃လမ်း၊၂၅*၂၆လမ်းကြား၊အောင်မြေသာဇံမြို့နယ်၊စစ်ကိုင်းတန်းရပ်၊မန္တလေးမြို့။ ဖုန်း - ၀၂ ၄၀၃၆၇၉၈

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မော်လမြိုင်)

 

ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့၊ ၀၅၇ - ၂၀၂၇၁၆၆

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(တောင်ငူ)

 

အမှတ်(၁၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူမြို့။ ၀၅၄ - ၂၃၅၇၁

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြစ်ကြီးနား)

 

အမှတ်(၉၂)၊ရှမ်းစုမြောက်ရပ်ကွက်၊မြစ်ကြီးနားမြို့။ ဖုန်း ၀၇၄ - ၂၅၂၂၅၅၈

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖျာပုံ)

 

ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေးကားလမ်းဘေး၊ ဖျာပုံမြို့၊ ဖုန်း ၀၉ - ၄၅၅၇၈၈၀၂၁

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)

 

အမှတ်(၂)ရပ်ကွက်၊မင်းကြီးလမ်း၊ ပုသိမ်မြို့။ဖုန်း - ၀၄၂- ၂၅၃၇၃၊ ၀၄၂- ၂၁၀၇၃

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(စစ်တွေ)

 

မေယုလမ်း၊လေယာဥ်ကွင်းအနီး၊မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့။ ဖုန်း - ၀၄၃ - ၂၂၀၆၇

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ရွာငံ)

 

အမှတ်-၈၂၊အင်းကုန်းငါးဆူးကျေးရွာအုပ်စု၊အင်းကုန်းကျေးရွာ၊ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့

ဖုန်း - ၀၉- ၇၈၁၁၁၆၂၇၂

 

  • အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ထားဝယ်)

 

အကွက်အမှတ်(၂၄)၊ဆန်ချီအနောက်ကွင်း၊ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ဖုန်း- ၀၅၉- ၂၀၂၄၀၀၉

 

Local News Latest Post Read 515 times