Sales Hotline : 09448001653       Download App



ဥပဒေကျောင်းသားတွေနဲ့ အလုပ်သင်ရှေ့နေတွေကို အခမဲ့သင်ကြားပေးမယ့် ဥပဒေရေးရာသင်တန်း

 

လက်ရှိမှာ ဥပဒေဖြင့် ကျောင်းပြီးထားသူများ၊ အလုပ်သင်ရှေ့နေများအတွက် ရည်ရွယ်၍ The Fifth Pillar မှ “Capacity Building Training for Law Students and Junior Lawyers” သင်တန်းကို လာမည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ် ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

The Fifth Pillar (ပဥ္စမမဏ္ဍိုင်) ဆိုသည်မှာ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ဆင်းရဲ/ချမ်းသာ၊ ကျား၊မ လိင်စိတ်ခံယူမှု ဝိသေသ မခွဲခြားပဲ ဥပဒေဆိုင်ရာ အသိပညာများ ပြန့်ပွားလာစေရန် ရည်ရွယ်၍ အကျိုးအမြတ်ကို အခြေမခံသော ဥပဒေရေးရာ အထောက်အကူပြု (Rights and Legal Based) အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 

                                                                 Advertisement

                                                                Click Here > Min Han Terrazzo

အဆိုပါသင်တန်းမှာ အလုပ်သင်ရှေ့နေများနှင့် ဥပဒေပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ အတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ သင်တန်းကာလမှာ (၅) ရက်တာ ကြာမြင့်မည်ဖြစ်ပြီး အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

 

  • ဥပဒေပညာရပ်ဖြင့် ကျောင်းပြီးထားသူများ

  • အလုပ်သင်ရှေ့နေအဖြစ် လုပ်ကိုင်နေသူများ

  • ဥပဒေပညာရပ်နှင့်ပတ်သက်၍ စာတွေ့အသိပညာနှင့် လက်တွေ့ပေါင်းစပ်၍ မိမိတို့၏ ရပ်ရွာလူ့အဖွဲ့အစည်းအား အကျိုးပြုလိုသူများ

  • ဥပဒေပညာဖြင့် လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသည့် ဥပဒေဘွဲ့ရများ လျှောက်ထားနိုင်ပါသည်။

 

သင်တန်းချိန်မှာ မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီခွဲအထိ ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိကို Batch-1 ဖွင့်လှစ်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိကို Batch-2 ဖွင့်လှစ်သွားမည် ဖြစ်သည်။ သင်တန်းရက်ကိုမူ မိမိအဆင်ပြေသည့် Batch အား ရွေးချယ် လျှောက်ထားနိုင်သည်။


 

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်ထားနိုင်သည်_

 

သင်တန်းလျှောက်ထားရန်လင့်ခ် 

> https://bit.ly/3jCeZmH 

 

လျှောက်ထားသူများအနက်မှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် လျှောက်လွှာများအား စီစစ်ရွေးချယ်သွားမည်ဖြစ်ပြီး၊ တက်ရောက်ခွင့်ရရှိသူများကို သင်တန်းဖွင့်လှစ်မည့် နေ့ရက်မတိုင်မီ (၃) ရက် ကြိုတင် ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။

 

သင်တန်းအားတက်ရောက်ခွင့် ရရှိသူများအနေဖြင့် အောက်ပါစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်_

 

  • သင်တန်းကာလ (၅) ရက်အတွင်း အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။

  • အချိန်လေးစားရမည်။

  • သင်တန်းအတွင်း လုပ်ဆောင်ရမည့် ဆွေးနွေးမှုများ၊ လေ့ကျင့်ခန်းများ၊ အိမ်စာများကို မပျက်မကွက် ပြုလုပ်နိုင်သူ ဖြစ်ရမည်။

  • ယခုသင်တန်း တက်ရောက်နေစဥ်အတွင်း အခြားသောသင်တန်းများကို တစ်ပြိုင်နက်တည်း တက်ရောက်နေခြင်း မပြုရ။

  • သင်တန်းမှ ထုတ်ပြန်ထားသည့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။

 

အချိန်ပြည့်တက်ရောက်နိုင်ခြင်း မရှိသူများအား သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ချီးမြှင့်မည် မဟုတ်ကြောင်း သိရှိရသည်။


သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံ စုံစမ်းသိရှိလိုပါက သင်တန်းရေးရာဌာန၏ ဖုန်းနံပါတ်များဖြစ်သော ၀၉ ၄၄၂၉၁၄၀၆၃၊ ၀၉ ၇၉၉၉၁၄၄၃၄ နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်သည်။

Latest Post Local News Read 622 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176