Sales Hotline : 09448001653       Download App



ကမ္ဘာပေါ်က တန်ဖိုးအမြင့်ဆုံးနှင့် အခိုင်မာဆုံး ထိပ်တန်းငွေကြေး (၁၀) မျိုး

 

 

ကမ္ဘာ့ကုလသမဂ္ဂကနေ တရားဝင်အသိအမှတ်ပြုထားတဲ့ ငွေကြေးအမျိုးအစားပေါင်း (၁၈၀) ခန့်ရှိပါတယ်။ အဲဒီထဲကမှ ကမ္ဘာပေါ်မှာ အခိုင်အမာဆုံးနှင့် ငွေကြေးတန်ဖိုးအမြင့်ဆုံး ငွေအမျိုးအစား (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပုံမှန်အားဖြင့် ငွေကြေးတန်ဖိုးကို သတ်မှတ်နှိုင်းယှဥ်တဲ့နေရာမှာ အမေရိကန်ဒေါ်လာကို ပုံသေအခြေခံငွေကြေးအဖြစ်အသုံးပြုကြပါတယ်။ ဒီနေရာမှာ အခိုင်အမာဆုံးလို့ သတ်မှတ်တဲ့အခါမှာလည်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဥ်ပြီးမှ တန်ဖိုးအမြင့်ဆုံးလို့ သတ်မှတ်ထားတာပါ။ ဒါဆို ဘယ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးတွေက အမြင့်ဆုံးဖြစ်မလဲ ကြည့်လိုက်ကြရအောင်_

 

  1. ကူဝိတ်ဒီနာ (Kuwaiti dinar)

 

ကမ္ဘာပေါ်မှာ အမြင့်ဆုံးငွေကြေးအဖြစ် လူသိများတဲ့ ကူဝိတ်ဒီနာ (သို့) KWD ဟာဆိုရင် ၁၉၆၀ ခုနှစ်မှာ ငွေကြေးလောကထဲ စတင် ဝင်ရောက်ခဲ့ပြီး အစပိုင်းမှာ စတာလင်ပေါင် ၁ ပေါင်နှင့် ညီမျှခဲ့ပါတယ်။ ကူဝိတ်နိုင်ငံဟာ အီရတ်နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံကြားမှာတည်ရှိပြီး ကမ္ဘာပေါ်မှာ ရေနံတင်ပို့မှု များပြာတာကြောင့် ကြွယ်ဝချမ်းသာတဲ့ နိုင်ငံငယ်လေးတစ်ခု ဖြစ်ပါတယ်။

အခုပေါက်ဈေးအရ ကူဝိတ် ၁ ဒီနာ (1KWD) ဟာ အမေရိကန်ဒေါ်လာ ၃.၅ ဒေါ်လာနဲ့ ညီမျှပြီး မြန်မာငွေအနေနဲ့ဆို ကျပ် ၇,၃၅၀ ကျပ်နဲ့ ညီမျှပါတယ်။

 

  1. ဘရိန်းဒီနာ (Bahrain dinar)

 

ကမ္ဘာပေါ်က ဒုတိယ အကြီးမားဆုံး ငွေကြေးကတော့ ဘရိန်းဒီနာ (ခေါ်) BHD ပဲ ဖြစ်ပါတယ်။ 1 BHD ဟာ အမေရိကန်ဒေါ်လာ ၂.၆၅ ဒေါ်လာနဲ့ ညီမျှပြီး မြန်မာငွေဆိုရင်တော့ ၅,၅၆၅ ကျပ်နဲ့ ညီမျှပါတယ်။ BHD ကိုတော့ လက်ရှိ သူ့နိုင်ငံ (ဘာရိန်း) မှာပဲအသုံးပြုလို့ ရပါသေးတယ်။ 

 

  1. အိုမာန်နီရီယယ် (Omani rial)

 

အိုမန်နိုင်ငံသုံး ငွေကြေးဖြစ်ပါတယ်။ အိုမန်နိုင်ငံရဲ့ ရေနံတင်ပို့မှုဟာ တစ်ဟုန်ထိုး အောင်မြင်လာတာကြောင့် ငွေကြေးတန်ဖိုးမှာလည်း တစ်ရှိန်ထိုး မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ၁ အိုမာန်နီရီယယ် (1 OMR) မှာ အမေရိကန် ဒေါ်လာ ၂.၆၀ ဒေါ်လာရှိပါတယ်။ မြန်မာငွေအားဖြင့်ဆို ကျပ် ၅,၄၆၀ ကျပ်နဲ့ ညီမျှပါတယ်။

 

  1. ဂျော်ဒန်ဒီနာ (Jordan dinar)

 

ဂျော်ဒန်နိုင်ငံသုံး ငွေကြေးဖြစ်တဲ့ ဂျော်ဒန်ဒီနာ (ခေါ်) JOD ဟာ လက်ရှိ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အခိုင်မာဆုံး ငွေကြေးအဖြစ် ရပ်တည်နေပါတယ်။ ဂျော်ဒန်ဒီနာဟာ ပါလက်စတိုင်း ပေါင်နေရာမှာ အစားထိုးပြီးတဲ့နောက် ၁၉၅၀ ခုနှစ်မှာ ဂျော်ဒန်နိုင်ငံရဲ့ တရားဝင်သုံးငွေကြေး ဖြစ်လာခဲ့ပါတယ်။ ဂျော်ဒန် ၁ ဒီနာဟာ အမေရိကန်ဒေါ်လာ ၁.၄၁ ဒေါ်လာနဲ့င့်ညီမျှပြီး မြန်မာငွေအားဖြင့်ဆို ၂,၉၆၁ ကျပ် ရှိပါတယ်။ 

                                        Click Here > Myanmar Inspection & Technology            

  1. စတာလင်ပေါင် (Pound sterling)

 

ဗြိတိန်ပေါင် (သို့) စတာလင်ပေါင် (သို့) GBP က ကမ္ဘာပေါ်မှာ ငါးခုမြောက် တန်ဖိုးအကြီးမားဆုံး ငွေကြေးဖြစ်သလို သက်တမ်းအရင့်ဆုံး ငွေကြေးလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် ရောင်းဝယ်မှု အများဆုံးငွေကြေးဖြစ်ပြီး နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်မှာ နေ့စဥ်ကုန်သွယ်မှုရဲ့ ၁၂.၈ ရာခိုင်နှုန်းခန့် ရှိပါတယ်။ စတာလင်ပေါင် ၁ ပေါင် (1GBP) ကို အမေရိကန်ဒေါ်လာ ၁.၂၃ ဒေါ်လာရှိပြီး မြန်မာငွေ ၂,၅၈၃ ကျပ်နဲ့ ညီမျှပါတယ်။

 

  1. ကေးမန်းကျွန်းဒေါ်လာ (Cayman Islands dollar)

 

နံပါတ် ၆ နေရာမှာ တည်ရှိနေတာကတော့ ကေးမန်းကျွန်းဒေါ်လာ (ခေါ်) KYD ပါ။ ကေးမန်းကျွန်းဟာဆိုရင် ကာရေဘီယံပိုင်နက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဗြိတိသျှနယ်မြေမှာ တည်ရှိပါတယ်။ KYD ငွေကြေးဟာ အလွန် ချမ်းသာတဲ့လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများအတွက် အဓိကကျတဲ့ ဘဏ္ဍာရေးဆိုင်ရာ အခွန်တံဆိပ်တစ်ခုလို့လည်း သတ်မှတ်ကြပါတယ်။ 1 KYD ဟာ အမေရိကန်ဒေါ်လာ ၁.၂၀ ဒေါ်လာ နဲ့ ညီမျှပြီး မြန်မာငွေ ၂,၅၂၀ ကျပ် ရှိပါတယ်။


 

  1. ယူရို (Euro)

 

ကမ္ဘာ့နောက်ဆုံးပေါ် ငွေကြေးများထဲက တစ်ခုဖြစ်တဲ့ ယူရို (EUR) ဟာဆိုရင် နိုင်ငံပေါင်း ၁၉ နိုင်ငံရဲ့ တရားဝင်ငွေကြေးဖြစ်ပြီး လက်ရှိကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာကို တွေ့ရှိရမှာပါ။ နိုင်ငံခြားငွေ ရောင်းဝယ်မှု ဈေးကွက်မှာလည်း ဒုတိယရောင်းဝယ်မှု အများဆုံးငွေကြေးအဖြစ် လူသိများကြပါတယ်။ ၁ ယူရို တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၀၈ ဒေါ်လာ၊ မြန်မာငွေ ၂,၂၆၈ ကျပ်နဲ့ ညီမျှပါတယ်။

 

  1. ဆွဇ်ဖရန့်စ် (Swiss franc)

 

ဆွဇ်ဖရန့်စ် ခေါ် CHF ငွေကြေးကတော့ ဆွစ်ဇာလန် (Switzerland) နဲ့ လစ်ချ်တင်စတိန်း (Liechtenstein) နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသုံး ငွေကြေးအမျိုးအစား ဖြစ်ပါတယ်။ နိုင်ငံရဲ့ တင်းကြပ်တဲ့ ငွေကြေးမူဝါဒများနဲ့ အကြွေးပမာဏ နည်းပါးခြင်းတို့ကြောင့် ကမ္ဘာပေါ်က အခိုင်မာဆုံး ငွေကြေးစာရင်းမှာ ပါဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။ ၁ ဆွဇ်ဖရန့်စ် ခေါ်  1 CHF ဟာ အမေရိကန် ဒေါ်လာ ၁.၀၈ ဒေါ်လာနဲ့ ညီမျှပြီး မြန်မာငွေ ၂,၂၆၈ ကျပ် ရှိပါတယ်။

 

  1. အမေရိကန်ဒေါ်လာ (United States dollar)

 

US ဒေါ်လာကတော့ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံပေါင်းများစွာတို့ရဲ့ ငွေကြေးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဓိက သုံးစွဲနေတဲ့ ငွေကြေးအမျိုးအစားဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဗဟိုဘဏ်တွေနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်အများစုက ချုပ်ကိုင်ထားပါတယ်။ အမေရိကန် တစ်ဒေါ်လာဟာ လက်ရှိမှာ အစိုးရပေါက်ဈေး မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ ညီမျှပါတယ်။

 

  1. ကနေဒါဒေါ်လာ (Canadian dollar)

 

ကနေဒါဒေါ်လာ (ခေါ်) CAD ဟာ ကနေဒါနိုင်ငံရဲ့ ငွေကြေးဖြစ်ပြီး နိုင်ငံရဲ့ တရားဥပဒေနဲ့ နိုင်ငံရေးတည်ငြိမ်မှုကြောင့် ဗဟိုဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေ အရန်ငွေအဖြစ် ထိန်းသိမ်းထားဖို့အတွက် ရေပန်းအစားဆုံး ငွေကြေးတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကနေဒါ တစ်ဒေါ်လာဟာ အမေရိကန်ဒေါ်လာ ၀.၇၄ ဒေါ်လာနဲ့ ညီမျှပြီး မြန်မာငွေနဲ့ဆိုရင် ၁,၅၅၄ ကျပ် ရှိပါတယ်။

 

အပေါ်မှာ ဖော်ပြထားတဲ့ ငွေကြေးအားလုံးနဲ့ မြန်မာငွေ နှိုင်းယှဥ်ချက်မှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ငွေကြေးပေါက်ဈေး (အစိုးရပေါက်ဈေး) နဲ့သာ  နှိုင်းယှဥ် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။

 

Knowledge Latest Post Read 2057 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176