Sales Hotline : 09448001653       Download App



မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ သင်တန်းများ မတ်လ (၂၅) ရက်နေ့ စတင် ဖွင့်လှစ်မည်

 

 

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဘာသာစကားနှင့် ကွန်ပျူတာဘာသာရပ်ဆိုင်ရာ သင်တန်းများကို စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

သင်ကြားပို့ချမည့် သင်တန်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်_


 

၁။

သင်တန်းအမည် 

Diploma in English Course No.62 (Basic Level)

 

ပညာအရည်အချင်း 

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူဖြစ်ရမည်။

 

ပုံစံစစ်ရန်နှင့် ဝင်ခွင့်စာမေးပွဲကြေးပေးသွင်းရမည့်ရက်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ

 

ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်ရက် 

၄-၃-၂၀၂၃ (စနေနေ့) နံနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ ဝင်ခွင့် ဖြေဆိုရမည်။

 

သင်တန်းစတင်မည့်နေ့ 

(၂၅-၃-၂၀၂၃) စနေ၊ တနင်္ဂနွေ နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

 

သင်တန်းကြေး 

၃ လအတွက် (၃၀,၀၀၀) ကျပ်သုံးသောင်းတိတိ တစ်ကြိမ်တည်း ပေးသွင်းရမည်။


 

၂။

သင်တန်းအမည် 

Postgraduate Diploma in English Course No.58 (Basic Level)

 

ပညာအရည်အချင်း 

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ဒရီရပြီးသူ ဖြစ်ရမည်။

 

ပုံစံစစ်ရန်နှင့် ဝင်ခွင့်စာမေးပွဲကြေးပေးသွင်းရမည့်ရက်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ

 

ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်ရက် 

၄-၃-၂၀၂၃ (စနေနေ့)နံနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ ဝင်ခွင့်ဖြေဆိုရမည်။

 

သင်တန်းစတင်မည့်နေ့ 

(၂၅-၃-၂၀၂၃) စနေ၊ တနင်္ဂနွေ မွန်းလွဲ ၁း၀၀ နာရီမှ ၄း၀၀ နာရီအထိ

 

သင်တန်းကြေး 

၃ လအတွက် (၃၀,၀၀၀/-) ကျပ်သုံးသောင်းတိတိ တစ်ကြိမ်တည်းပေးသွင်းရမည်။


 

                                                  Click Here > Hmwe

၃။

သင်တန်းအမည် 

ကွန်ပျူတာ Advanced Excel သင်တန်း အမှတ်စဥ်(၃)

 

ပညာအရည်အချင်း 

ကွန်ပျူတာအခြေခံသင်တန်းဆင်းအောင်လက်မှတ်ရရှိပြီးသူ 

 

သင်တန်းစတင်မည့်နေ့

(၂၅-၃-၂၀၂၃) စနေ၊ တနင်္ဂနွေ နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

 

သင်တန်းကြေး 

၃ လအတွက် (၃၀,၀၀၀/-) ကျပ်သုံးသောင်းတိတိ တစ်ကြိမ်တည်းပေးသွင်းရမည်။


 

၄။

သင်တန်းအမည် 

ကွန်ပျူတာသင်တန်းအခြေခံအမှတ်စဥ် (၁၁၁) 

 

ပညာအရည်အချင်း 

အခြေခံပညာအလယ်တန်းအဆင့် 

 

သင်တန်းစတင်မည့်နေ့

(၂၅-၃-၂၀၂၃) စနေ၊ တနင်္ဂနွေ နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

 

သင်တန်းကြေး 

၃ လအတွက် (၃၀,၀၀၀/-) ကျပ်သုံးသောင်းတိတိ တစ်ကြိမ်တည်းပေးသွင်းရမည်။


 

၅။

သင်တန်းအမည် 

ကွန်ပျူတာသင်တန်းအဆင့်မြင့်အမှတ်စဥ် (၉၆)

 

ပညာအရည်အချင်း 

ကွန်ပျူတာအခြေခံသင်တန်းဆင်းအောင်လက်မှတ်ရရှိပြီးသူ 

 

သင်တန်းစတင်မည့်နေ့

(၂၅-၃-၂၀၂၃) စနေ၊ တနင်္ဂနွေ နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

 

သင်တန်းကြေး 

၃ လအတွက် (၃၀,၀၀၀/-) ကျပ်သုံးသောင်းတိတိ တစ်ကြိမ်တည်းပေးသွင်းရမည်။


 

၆။

သင်တန်းအမည် 

English Language Proficiency Course No.45

 

ပညာအရည်အချင်း 

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူဖြစ်ရမည်။

 

သင်တန်းစတင်မည့်နေ့

(၂၅-၃-၂၀၂၃) စနေ၊ တနင်္ဂနွေ နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

 

သင်တန်းကြေး 

၃ လအတွက် (၃၀,၀၀၀/-) ကျပ်သုံးသောင်းတိတိ တစ်ကြိမ်တည်းပေးသွင်းရမည်။


 

၇။

သင်တန်းအမည် 

တရုတ်၊ပြင်သစ်၊ဂျာမန်၊ကိုရီးယားနှင့် ရုရှားဘာသာစကား ကျွမ်းကျင်မှုသင်တန်း Basic Level-1, No.57

 

ပညာအရည်အချင်း 

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူဖြစ်ရမည်။

 

သင်တန်းစတင်မည့်နေ့

(၂၅-၃-၂၀၂၃) စနေ၊ တနင်္ဂနွေ နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

 

သင်တန်းကြေး 

၆ လအတွက် (၆၀,၀၀၀/-) ကျပ်ခြောက်သောင်းတိတိ တစ်ကြိမ်တည်းပေးသွင်းရမည်။


 

လျှောက်ထားလိုသူများအနေဖြင့် Postgraduate Diploma in English Course နှင့်  Diploma in English Course သင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကို (၆-၂-၂၀၂၃) ရက်နေ့မှ (၂၄-၂-၂၀၂၃) ရက်နေ့အထိလည်းကောင်း၊ English Language Proficiency Course၊ ကွန်ပျူတာ Advanced Excel သင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ ကွန်ပျူတာအဆင့်မြင့်သင်တန်း နှင့် ဘာသာစကား ကျွမ်းကျင်မှု သင်တန်းများအတွက် လျှောက်လွှာများကို (၆-၂-၂၀၂၃) ရက်နေ့မှ (၂၂-၃-၂၀၂၃) ရက်နေ့အထိလည်းကောင်း ရုံးချိန်အတွင်း လာရောက်လျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်လွှာများကို လျှောက်ထားရာတွင် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (သို့) ဘွဲ့ရလက်မှတ် မိတ္တူကို မူရင်းနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ပတ်စ်ပို့တ်အရွယ် ရောင်စုံဓာတ်ပုံ(၄) ပုံ ယူဆောင်လာရမည် ဖြစ်သည်။

 

တီရှပ် (သို့) စပို့ရှပ်ဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို လက်ခံမည် မဟုတ်ကြောင်း ပြောကြားထားသည်။ သင်တန်းများနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံ စုံစမ်း သိရှိလိုပါက မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ဖုန်းနံပါတ်ဖြစ်သော ၀၉-၃၃၀၃၉၉၇၇ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

 

Latest Post Local News University / College Read 1416 times