Sales Hotline : 09448001653       Download App



မှန်ကန်သော အသက်မွေးဝမ်းကြောင်းရွေးချယ်မှုအတွက် အခမဲ့ဆွေးနွေးပွဲကြီး

 

 

လူငယ်များ အနေဖြင့် ဘဝရည်မှန်းချက် နှင့် အသက်မွေးဝမ်းကြောင်းရွေးချယ်မှုအတွက် အကြံအဉာဏ်သုံးသပ်မှုများရယူနိုင်မည့် ဆွေးနွေးပွဲကြီးကို Strategy First University မှ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။ 

 

အဆိုပါပွဲတွင် “Making the Right Career Choice” ခေါင်းစဥ်ဖြင့် Strategy First ၏ Founder & President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ ဦးဆောင် ဆွေးနွေးပေးသွားမည်ဖြစ်သည်။

 

လူငယ်ကျောင်းသားများ အနေဖြင့်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး (သို့) IGCSE ပြီးဆုံးသည့်အခါ ဘယ်လိုတက္ကသိုလ်မျိုး၊ ဘယ်လိုကျောင်းမျိုးကို ရွေးချယ်ကြမလဲ စဥ်းစားဆုံးဖြတ်ရာမှာ အရေးပါသည့် ဆုံးဖြတ်ချက်များ နှင့် Strategy First ၏ အတန်းများမှာ ကျောင်းသားများအတွက် ဘယ်လိုအခွင့်အရေးတွေရှိကြောင်း ရှင်းလင်းပြောကြား ပေးသွားမည်ဖြစ်သည်။

 

အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်များ၊ Professional Manager ကောင်းများ၊ နည်းပညာရှင်များအဖြစ်ရပ်တည်နိုင်ရန် အကောင်းဆုံးပြင်ဆင်မှုများကို မည်သို့ရရှိနိုင်မည်ကိုလည်း ဆွေးနွေးပြောကြားပေးသွားမည်ဖြစ်သည်။ 

                                                  Click Here > Cherry Eveline

 

မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို အနာဂတ်စိတ်ချရအောင် မည်သည့်လမ်းကြောင်းပေါ်တင်ပေးရမလဲဆိုတာ ဆရာ/ဆရာမများ ၊တာဝန်ရှိသူများနှင့် အကြံအဉာဏ်ယူဆွေးနွေးတိုင်ပင်နိုင်မည်ဖြစ်သည်။

 

ပွဲအစီအစဥ်အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်သည်။

နေ့ရက် - 29th Jan, 2022 (Sunday)

အချိန် - 1:00 PM to 2:00 PM

နေရာ - SFU Teaching Centre 1 (Pyay Road)

SFU Teaching Centre 1 - အမှတ် (၂၃၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

 

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ Registration Form တွင် ဇန်နဝါရီလ (၂၈) ရက်နေ့ ညနေ (၆) နာရီ နောက်ဆုံးထားဖြည့်ပြီး အခမဲ့စာရင်းပေးသွင်း တက်ရောက်နိုင်သည်။


Registration Form Link > https://forms.office.com/r/nZ2DqBhMWb

 

Latest Post Local News University / College Vocational Read 555 times