Sales Hotline : 09448001653       Download App



ဘွဲ့မရသေးသူတွေပါ လျှောက်ထားနိုင်မယ့်တရုတ်နိုင်ငံက ပညာသင်ဆုများ

 

တရုတ်နိုင်ငံက တက္ကသိုလ်တစ်ခုဖြစ်တဲ့ Chongqing University of Posts and Telecommunications (CUPT) တက္ကသိုလ်ကနေ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းကထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ဆုတွေကို နှစ်စဥ် ပေးအပ်လျက် ရှိပါတယ်။ 

 

ယခုတစ်ခေါက်မှာလည်း ပညာသင်ဆုအမျိုးအစား (၃) မျိုးခွဲပြီး Bachelor, Master နဲ့ Doctoral ဆိုပြီး ဘွဲ့အမျိုးအစား (၃) မျိုးအတွက် ပေးထားပါတယ်။ Deadline ကလည်း March နှင့် April ဖြစ်တာကြောင့် အေးအေးဆေးဆေး အချိန်ယူပြီး လျှောက်လို့ရပါသေးတယ်နော်။

 

Study Area ကတော့ ဘယ်ဘာသာရပ်မဆို လျှောက်ထားလို့ ရပြီး လျှောက်ထားမှုအတွက် စံသတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

 

  • တရုတ်အစိုးရမှ ပေးအပ်ထားသည့် အခြားပညာတော်သင်ဆု တစ်ခုခုရရှိထားသူ မဖြစ်စေရ။

  • တရုတ်နိုင်ငံသားမှ လွဲပြီး မည်သည့် နိုင်ငံသားမဆို လျှောက်ထားနိုင်

  • Undergraduate Program အတွက် အသက် (၂၅) နှစ်အောက် ဖြစ်ပြီး Master Degree အတွက် အသက် (၃၅) နှစ်အောက်၊ Doctoral အတွက် အသက် (၄၀) နှစ်အောက် ဖြစ်ရမည်။

 

ပညာတော်သင်ဆု အားလုံးအတွက် လျှောက်ထားဖို့အတွက် လိုအပ်တဲ့ ပညာအရည်အချင်းစာရွက်စာတမ်းနဲ့ လိုအပ်ချက်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်_

 

  • လျှောက်လွှာ (Application Form)

  • အမြင့်ဆုံး တက်ရောက်ထားသည့် ပညာအရည်အချင်းမှတ်တမ်းများ ( Diploma & Certificate of Highest Education )

  • နိုတြီပြန်ထားသော ပညာအရည်အချင်း ထောက်ခံချက်များ ( Official Academic Transcripts )

  • သုတေသနအဆိုမှတ်တမ်း ( A research proposal - Only for Graduate ) 

မဟာဘွဲ့ တက်ရောက်လိုသူများအနေဖြင့် သုတေသနစာတမ်းကို စာလုံးရေ ၁,၀၀၀ နှင့်အထက်၊ ပါရဂူဘွဲ့ တက်ရောက်လိုသူများအနေဖြင့် စာလုံးရေ ၁,၅၀၀ နှင့်အထက် ရေးသား ဖော်ပြရမည်။

 

  • ထောက်ခံစာ (၂) စောင် ( Two Recommendations Letters )

  • သက်တမ်းရှိ ပတ်စ်ပို့တ်မိတ္တူ ( Copy of Valid Passport )

  • ပတ်စ်ပို့ သက်တမ်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်နေ့ထက် မကျော်လွန်ရန် လိုအပ်သည်။

  • တရုတ်နိုင်ငံတွင် ယခင်က ပညာသင်ဖူးပါက (သို့) အလုပ်လုပ်ဖူးပါက ထောက်ခံချက်မှတ်တမ်း

  • CV ( Graduate Only )

  • ကျောင်းတက်ရောက်ခွင့်ရပါက ကိုယ့်ရဲ့ Study Plan (ဘွဲ့မရသေးသူများက မိမိ၏ စာသင်ယူလေ့လာမှု အစီအစဉ်ကို စာလုံးရေ ၂၀၀ နှင့်အထက်၊ ဘွဲ့ ရှိသူများက စာလုံးရေ ၈၀၀ နှင့်အထက် ရေးသား ဖော်ပြရမည်)

  • ကျန်းမာရေးထောက်ခံချက် ( Physical Examinations )

  • ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မှတ်တမ်း ( Non-criminal record )

  • ဘာသာစကားအရည်အချင်းထောက်ခံချက် ( Certificate of Language Proficiency - HSK or IELTS 6.5 or TOEFL 80 )

 

ပညာသင်ဆုတွေအနေနဲ့ကတော့ အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်း အမျိုးအစား (၃) မျိုး ရှိပါတယ်။ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်းအောက်မှာ တစ်ခုချင်းစီ ဖော်ပြပေးထားပါတယ်_

တရုတ်အစိုးရ၏ ပညာသင်ဆု ( Chinese Government Scholarship)

  • ကျောင်းလခ ( Tuition Fee  )

  • ကျန်းမာရေးအာမခံ ( Medical Insurance  )

  • လစဥ်ထောက်ပံ့ကြေး ( Stipend ) ( For Master -CNY 3,000 per month, For Doctoral - CNY 3,500 per month)

  • မာစတာ တက်ရောက်နေသူများအတွက် ထောက်ပံ့ကြေး လစဉ် ယွမ် ၃,၀၀၀ နှင့် ပါရဂူဘွဲ့အတွက် ၃,၅၀၀ ပေးအပ်မည် ဖြစ်သည်။

  • တက္ကသိုလ်အဆောင် ( University Dormitory)

အထက်မှာ ဖော်ပြထားတာတွေကတော့ ပညာတော်သင်ဆု အပြည့်အဝ (Fully-Funded) ရရှိမယ်ဆိုရင် ရနိုင်တဲ့ Benefits တွေပါ။ တကယ်လို့ ကိုယ်က Partially ပဲ ရခဲ့မယ်ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ အရာတွေထဲက တစ်ခု (သို့) တစ်ခုနဲ့အထက်ကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

 

CQUPT President Scholarship

  • For Bachelor & Chinese Language Students - CNY 6,000 per year (1st Class)/CNY 4,000 per year (2nd Class)

  • For Master -CNY 10,000 per year (1st Class)/CNY 8,000 per year (2nd Class)

  • For Doctoral (Tuition Fees, University Dormitory,CNY 3,500 per month 

အထက်မှာ ဖော်ပြထားတဲ့ ရရှိခံစားနိုင်တဲ့ အကျိုးကျေးဇူးတွေအတွက် ကျောင်းတက်ရောက်နေတဲ့ အချိန် အတွင်း တစ်နှစ်တစ်ခါ Annual Review ပြုလုပ်မှာ ဖြစ်ပြီး အောင်မြင်မှသာ ဆက်လက် ခံစားခွင့် ရရှိမှာပါ။ မဟုတ်ရင်တော့ Cancel အလုပ်ခံရနိုင်ပါတယ်။

 

Chongqing Municipal Government Mayor Scholarship

  • For Bachelor (CNY 25,000 per year)

  • For Master (CNY 30,000 per year)

  • For Doctoral (CNY 35,000 per year)

         ရိုးရိုးဘွဲ့ ( Bachelor )

         တစ်နှစ်လျှင် ထောက်ပံ့ကြေး ယွမ် ၂၅,၀၀၀

          မာစတာဘွဲ့ ( Master )

          တစ်နှစ်လျှင် ထောက်ပံ့ကြေး ယွမ် ၂၅,၀၀၀

           ပါရဂူဘွဲ့ ( Doctoral ) 

           တစ်နှစ်လျှင် ထောက်ပံ့ကြေး ယွမ် ၂၅,၀၀၀

 

နောက်ဆုံးလျှောက်ထားနိုင်တဲ့ Deadline တွေကတော့ Chongqing University of Posts and Telecommunications (CUPT) တက္ကသိုလ် ပညာသင်ဆုအတွက် ၂၀၂၃ ခုနှစ် ဧပြီလ (၃၀) ရက်နေ့နဲ့ တရုတ်အစိုးရရဲ့ ပညာသင်ဆုအတွက် မတ်လ (၁၅) ရက်နေ့ပဲ ဖြစ်ပါတယ်။

အသေးစိတ် ထပ်မံ သိရှိလိုတာ ရှိသေးရင် Official Website မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Official Website Link 

> https://bit.ly/3WDqGHk

Latest Post International Read 699 times