ကိုယ့်ရဲ့ စိတ်နေစိတ်ထား ပင်ကိုယ်စရိုက်က ဘယ်လိုပုံစံမျိုးလဲ ဆန်းစစ်ကြည့်ကြမယ်

 

 

ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် (Personality) က ဘယ်လိုမျိုးလဲ၊ ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအလုပ်မျိုးနဲ့ သင့်တော်တာလဲ၊ ကိုယ်က ဘယ်နေရာမှာ အားသာပြီး ဘယ်နေရာမှာ အားနည်းချက်တွေ ရှိနေတာလဲ ဒါတွေကို သိချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် Personality Test လေးကို ဖြေဖြစ်အောင် ဖြေကြည့်လိုက်ပါ။

 

ဒီလို ဖြေကြည့်ခြင်းအားဖြင့် သင့်အနေနဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းအတွက် အဖိုးတန်တဲ့ အချက်အလက်တွေကို ရကောင်း ရသွားနိုင်ပါတယ်။ ဒီ Test မှာ တိုင်းတာထားတဲ့ Personality Test မေးခွန်းတွေ အကုန်လုံးက သိပ္ပံသုတေသီများစွာက ဆယ်စုနှစ် သုံးလေးခုအကြာ တိုင်းတာ ဖော်ထုတ် ရေးဆွဲထားတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

 

Test နာမည်ကတော့ Big Five Personality Test ပါ။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုင်းတာဖို့အတွက် သိပ္ပံနည်းကျ မှန်ကန်ပြီး ယုံကြည်စိတ်ချရတဲ့ ကမ္ဘာပေါ်က လူအသိအများဆုံး Personality Test များထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

 

အခမဲ့စစ်ဆေးနိုင်ပြီး ယုံကြည် စိတ်ချရမှုလည်း ရှိတဲ့အတွက် တစ်ချို့သော စိတ်ပညာရှင်တွေ၊ နှစ်သိမ့်ဆွေးနွေး အကြံပေးပုဂ္ဂိုလ်တွေက လူနာရှင်ရဲ့ ကိုယ်ရည်ကိုယ်သွေး အကဲဖြတ်မှုတွေ ပြုလုပ်တဲ့အခါမှာ အသုံးပြုကြပါသေးတယ်။

 

Personality Type (၅) မျိုး ပါရှိပြီး သင့်အနေနဲ့ မေးခွန်း အခု (၁၂၀) ကို ဖြေဆိုရမှာဖြစ်ပါတယ် မေးခွန်းကိုဖတ်ပြီး Multiple Choice ပုံစံမျိုးနဲ့ ရွေးပေးရုံပါပဲ။ အချိန်ကန့်သတ်ချက် မရှိပါဘူး။ အများအားဖြင့်တော့ ဖြေဆိုချိန် (၁၅) မိနစ်လောက်ပဲ  ကြာတတ်ပါတယ်။

 

မေးခွန်းတွေကို ပြီးပြီရော ဖြေလိုက်တာမျိုး မဟုတ်ပဲ။ သေချာဖတ်ပြီးမှ အဖြေကို ရွေးချယ်စေချင်ပါတယ်။ မေးခွန်းတွေကို ကျော်ဖြေလို့ မရပါဘူး။ အစဥ်လိုက်အတိုင်း ဖြေဆိုပါ။ ကိုယ်ဖြေထားတဲ့ အဖြေကို ပြောင်းချင်တယ်ဆိုရင်တော့ “New Response” ဆိုတာကို ရွေးပြီး ပြန်ပြောင်းလို့ ရပါတယ်။

 

အဖြေကို ရွေးချယ်တဲ့နေရာမှာ သင့်အတွက် ရွေးချယ်စရာ(Option) (၅) ခု ရှိပါတယ်။ Strongly Disagree, Disagree, Neutral, Agree, Strongly Agree ဆိုပြီးတော့ပါ။ နောက်ဆုံးရလာဒ် မှန်ကန်စေဖို့အတွက် Neutral Option (ကြားနေ)ကိုတော့ ခဏခဏ မရွေးမိစေဖို့ အကြံပေးထားပါတယ်။

 

ဒါဆိုရင်တော့ အောက်မှာ ပေးထားတဲ့ လင့်ခ်ကနေပြီး သင်က ဘယ်လိုလူမျိုးလဲဆိုတာ အမြန်ဆုံး ရှာဖွေ ဆန်းစစ်ကြည့်လိုက်ပါတော့နော်…

 

Personality Test Link 

> https://www.123test.com/personality-test/

 

Type of Personality (5) ခုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုလည်း မြန်မာ့ပညာရေးလမ်းညွှန်မှာနောင်တွင် ဖော်ပြပေးသွားပါဦးမယ်။

 

Knowledge Latest Post Read 10605 times