Sales Hotline : 09448001653       Download App



မုံရွာစီးပွားရေးတက္ကသိုလ်၌ ရုံးချိန်လွတ်မဟာဘွဲ့သင်တန်းများ လျှောက်ထားနိုင်

 

မုံရွာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများကို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်ထားနိုင်သည့် ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) သင်တန်း

  • ပြည့်သူ့ရေးရာ စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA) သင်တန်း

  • ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MMM) သင်တန်း

  • အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (MAS) သင်တန်း

 

လျှောက်ထားလိုသူများ အနေဖြင့် သင်တန်းရေးရာ လျှောက်လွှာပုံစံများကို မုံရွာစီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာန၏ (Facebook Page) မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) မိမိလျှောက်ထားလိုသည့် သင်တန်း၏ အွန်လိုင်းမှဖြစ်စေ  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှ စ၍ စတင်ထုတ်ယူနိုင်သည်။

 

အဆိုပါ မဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်း နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

 

  • အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ

  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်

  • သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မှီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application အား ကောင်းမွန်စွာ အသုံးပြုနိုင်သူဖြစ်ရမည်

                                              Click Here > Asia Pacific Inspection Agency

သင်တန်းများအား လျှောက်ထားရာတွင် လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original Scan Copy (မူရင်းကို Scan ဖတ်ထားသောမိတ္တူ) ကို သက်ဆိုင်ရာ ပရိုဂရမ် အသီးသီး၏ အီးမေးလ်လိပ်စာသို့ အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ၂၀၂၃ ခုနှစ် မတ်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရပါမည်။

 

  • ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ

  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

  • နိုင်ငံသားစီစစ်ရေးကတ်

  • ပညာအရည်အချင်း ထောက်ခံချက် နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်

  • ပတ်စ်ပို့တ်ဓာတ်ပုံ (၃) ပုံ

 

ဝင်ခွင့်ရေးဖြေ စာမေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ (တနင်္ဂနွေနေ့) ၌ အွန်လိုင်းမှဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်း နှင့် လူတွေ့အချိန်စာရင်းကို ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့၌ ထုတ်ပြန်မည်ဖြစ်သည်။ 

 

သင်တန်းမှာ အပတ်စဥ် စနေနေ့ နှင့် တနင်္ဂနွေ (နံနက် ၈း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ) အထိဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ်ကြာမြင့်မည် ဖြစ်သည်။

 

သက်ဆိုင်ရာ သင်တန်းပရိုဂရမ်များ၏ ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် အီးမေးလ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

MBA - 09755513126

[email protected] 

 

MPA - 09-789951019, 09-400569681

[email protected]

 

MMM - 09895390138

[email protected]

 

MAS - 09404035996 

[email protected] 


သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မုံရွာစီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာန၏ ဖုန်းနံပါတ်များဖြစ်သော 09-400413081 , 09-259144740 သို့လည်ကောင်း  [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

 

Latest Post Local News University / College Read 1617 times