Sales Hotline : 09448001653       Download App



ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် ဘာသာစကားအခမဲ့သင်တန်း လျှောက်ထားနိုင်

 

တောင်ကြီးမြို့တောင်ကြီးလူငယ်အသက်မွေးဝမ်းသင်တန်းကျောင်းမှကိုရီးယားဘာသာစကားသင်တန်း အတွက် သင်တန်းကြေး အခမဲ့ဖြင့် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းမှာ ၂၀၂၃ ခုနှစ်အတွက် တောင်ကြီးအသက်မွေးဝမ်းသင်တန်းကျောင်းတွင် ထပ်မံဖွင့်လှစ်သော သင်တန်းဖြစ်ပြီး ကိုရီးယားနိုင်ငံသို့(EPS) စနစ်ဖြင့် သွားရောက်လုပ်ကိုင်လိုသော လူငယ်များ၊ ကိုရီးယားဘာသာစကားကို နည်းစနစ်တကျ အခြေခံမှ စတင်၍ လေ့လာလိုသော လူငယ်များ၊ ကိုရီးယားနိုင်ငံသို့ ကျောင်းသွားတက်ရန် ရည်ရွယ်ချက်ရှိသူ မည်သူမဆို လျှောက်ထားနိုင်သည်။

 

သင်တန်းလျှောက်ထားရန်အတွက် လိုအပ်သော အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်

  • တောင်ကြီးမြို့တွင်း နေထိုင်သူ (သို့) အပြင်သင်တန်းဖြစ်ပါသဖြင့် ကျောင်းသို့ (လူကိုယ်တိုင်) သင်တန်းသို့ လာတတ်နိုင်သူဖြစ်ရမည်

  • ကျောင်းတွင်းချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်

  • သင်တန်းကာလပြီးဆုံးအောင်တက်ရောက်နိုင်သူဖြစ်ရမည်


 

 

သင်တန်းစတင်မည့်နေ့ရက်အချိန် နှင့် သင်တန်းလက်ခံမည့်ပုံစံမှာ အောက်ပါအတိုင်းဖြစ်သည်_

 

သင်တန်းရက် - စနေ၊တနင်္ဂနွေ

 

သင်တန်းချိန်  - နံနက် ၁၁ နာရီ မှ ၁ နာရီ အထိ

 

သင်တန်းကာလ - (၂) လ

 

သင်တန်းသားလက်ခံမည့်ဦးရေ - ကျား/မ (၁၆) ဦး

 

သင်တန်းစာရင်းပိတ်မည့်အချိန် - သတ်မှတ်ထားသော လူဦးရေစာရင်းပြည့်သည်နှင့်

 

သင်တန်းလိပ်စာ - (တောင်ကြီး - ဟိုပုံလမ်း၊တောင်ကြီးစီးပွားရေးဇုံဝန်း တီဘီစီ ၊ ၄ မိုင်     (ဆေးတက္ကသိုလ်အကျော်)၊ တောင်ကြီးမြို့။)

 

သင်တန်းတက်ရောက်ရန် အတွက်အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ဆက်သွယ်၍ သင်တန်းတက်ရောက်မည့်သူ၏

၁။အမည်အပြည့်အစုံ

၂။မွေးနေ့

၃။မှတ်ပုံတင်နံပါတ်

၄။နေရပ်လိပ်စာအပြည့်အစုံ

၅။ဆက်သွယ်နိုင်ရန်ဖုန်းနံပါတ် အပြည့်အစုံ တို့ကို ပေး၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

 

For Enrollment (စာရင်းသွင်းအပ်နှံရန်နှင့်စုံစမ်းမေးမြန်းရန်)

School Reception Hotline-09778879987

Source from Taunggyi Youth Career Institute 

Photo Credited to Taunggyi Youth Career Institute 

Local News Latest Post Vocational Read 653 times