Sales Hotline : 09448001653       Download App



Kokkoya မှ စားသောက်ဆိုင်နှင့် စိုက်ပျိုးခြံလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အလုပ်သင်ခေါ်ယူ

 

ရန်ကုန်တိုင်း၊ သင်္ယကျွန်းမြို့နယ်ရှိ Kokkoya Organics စိုက်ခင်း/စားသောက်ဆိုင် နှင့် ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် အလုပ်သင်များ ခေါ်ယူသွားမည်ဟု သိရှိရသည်။ 

အလုပ်သင်ကာလမှာ   ၃  လတာကြာမြင့်မည်ဖြစ်ပြီး   ကိုယ်ပိုင်စားသောက်ဆိုင်နှင့် စိုက်ပျိုးခြံစတင်လုပ်ကိုင်လိုသူများအတွက် အထူးသင့်တော်သည်။ အလုပ်သင်ကာလတွင် ဓာတုကင်းလွတ်စိုက်ပျိုးခြင်း၊ လူမှုရေးရာ ဆက်သွယ် ပြောဆိုခြင်း၊ အခြေခံစာရင်းကိုင်၊ စားသောက်ဆိုင် နှင့် ဟင်းသီး/ဟင်းရွက်ဆိုင် စီမံခန့်ခွဲခြင်း အတက်ပညာတို့ကို သင်ကြားပေးသွားမည်ဖြစ်သည်။

 

အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်သည်_

 

  • အသက် ၂၀ မှ ၂၅ နှစ်အတွင်းဖြစ်ရမည်

  • အသက်မွေးမှုသင်တန်းကျောင်းတတ်မြောက်ပြီး အတွေ့အကြုံရှိသူဖြစ်ရမည်

  • စိုက်ပျိုးရေး နှင့် စားသောက်ဆိုင်လုပ်ငန်းကို စိတ်ပါဝင်စားသူ ဖြစ်ရမည်

  • အခြေခံ အင်္ဂလိပ်စာ တတ်မြောက်ရမည်

 

အဆိုပါ အလုပ်သင်အခွင့်အရေးတွက် ယခုတစ်ခေါက်တွင်မူ ရန်ကုန်မြို့တွင်းနေထိုင်သူများမှ လွဲ၍ အခြားမြို့နယ်များမှ လျှောက်ထားလာသူများကို ဦးစားပေး ခေါ်ယူသွားမည်ဖြစ်သည်။

 

အလုပ်သင်ကာလအတွင်း နေစရိတ်/စားစရိတ်ငြိမ်းအပြင် တစ်လကို ထောက်ပံ့ကြေးငွေ ၅၀,၀၀၀ ကျပ် ပေးအပ်သွားမည်ဖြစ်သည်။ အလုပ်သင်ကာလမှာ ၂၀၂၃ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၀၂၃ မေလ ၁၀ ရက်နေ့အထိဖြစ်သည်။

 

လျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှနေ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်။

 

application link > https://forms.gle/kTUFyiM8DmyJUrL56

 

ရွေးချယ်ခံရသူများအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အကြောင်းပြန်ပေးသွားမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို  Kokkoya Organics ၏ Facebook Page ဖြစ်သော www.facebook.com/kokkoyaorganics/ တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Latest Post Local News Vocational Read 408 times