Sales Hotline : 09448001653       Download App



ချင်းမိုင်တက္ကသိုလ်မှာ ပညာတော်သင်ဆု အပြည့်နဲ့ ကျောင်းတတ်ကြမယ်

 

ထိုင်းနိုင်ငံရဲ့ အဆင့် ၃ နေရာမှာ ရှိတဲ့ ချင်းမိုင်တက္ကသိုလ်ဟာဆိုရင် အထက်တန်းအောင်ပြီးသား ကျောင်းသား/သူတွေအတွက် ၂၀၂၃ ခုနှစ်ပညာသင်ဆုတွေ ပေးနေပြီပဲဖြစ်ပါတယ်။

 

အခုတစ်ခေါက်ကတော့ ကမ္ဘောဒီးယား ၊လာအို ၊ဗီယက်နမ်နဲ့ မြန်မာနိုင်ငံUndergraduate

ကျောင်းသားတွေကို ချင်းမိုင်တက္ကသိုလ်ရဲ့ Thai as a Foreign Language (TFL) ပရိုဂရမ်ကနေပြီးတော့ Full Scholarship ပေးသွားမှာပဲဖြစ်ပါတယ်။

 

ဒီ Scholarship Award မှာဆိုရင်တော့ စာသင်နှစ် ၄ နှစ်စာအတွက် Tuition Fees (440,000 THB) နဲ့ Travel allowance တို့ကိုပေးသွားမှာပါ။ ဒီပရိုဂရမ်ကတော့ ထိုင်းနိုင်ငံမှာ ပညာသင်ယူချင်ပြီး ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲရှိနေတဲ့ ကျောင်းသား/သူတွေအတွက် ရည်ရွယ်ပါတယ်။

 

ဒီပညာတော်သင်ဆုကို လျှောက်ထားဖို့အတွက် အခြေခံလိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်_

  • ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ဗီယက်နမ် နိုင်ငံသားဖြစ်ရမည်။

  • အထက်တန်းအောင်လက်မှတ် (သို့) ထိုင်းနိုင်ငံအသိအမှတ်ပြု GED (GPA-minimum 3.0) အောင်လက်မှတ်ရှိရမည်။

  • တစ်ခြားအဖွဲ့အစည်းမှ ပညာတော်သင်ဆု ရရှိထားသူ၊ ငွေကြေးအထောက်အပံ့ ရရှိထားသူမဖြစ်စေရ။

                                                                         CLICK HERE > CHEERY EVELINE

ဘာသာစကားအရည်အချင်း နဲ့ စာရွက်စာတမ်းလိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

  • IELTS (Minimum Band Score 5.5)

  • TOEFL (Minimum Score of  470 PBT or 150 CBT or 52 iBT)

  • ထောက်ခံသူ ၂ ယောက် (Two Letters of Recommendation)

  • ထိုင်းဘာသာဖြင့်ရေးထားသောကျောင်းလျှောက်ထားရခြင်း၏ ရည်ရွယ်ချက်စာတစ်စောင် ( A Statement of purpose written in Thai)

 

တစ်ခုရှိတာကတော့ ဒီပရိုဂရမ်က ထိုင်းလိုသင်ကြားရမှာပါ။ တကယ်လို့ ပညာတော်သင်ပါသွားရင် ဟိုမှာ ထိုင်းဘာသာစကားသင်ယူဖို့ အတန်းရှိပါတယ်။ 

 

ဒါဆို ဘယ်လိုလျှောက်ထားရမလဲဆိုတဲ့ Process တွေကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်_

  • ဒီပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ်လိုအပ်ချက်တွေကို ထပ်မံသိရှိလိုတယ်၊ စုံစမ်းချင်တယ်ဆိုရင်တော့ [email protected] သို့ မေးလ်ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

  • အောက်မှပေးထားတဲ့ လင့်ခ်ကနေတစ်ဆင့် Application Form ဖြည့်ပြီး လိုအပ်တဲ့ Documents တွေကို Upload လုပ်ပါ။

  • Deadline ကတော့ 2023, February 20th ပါ။

 

Application Form Link > http://form.jotform.com/223311436399457

 

Application Timeline

 

20 February 2023

Last date for application

27 February 2023

Announcement of qualified applicants

2 March 2023

Online interview

4 March 2023

Announcement of scholarship result


 

လိုအပ်တဲ့ Information အပြည့်အစုံကိုတော့ အောက်မှာပေးထားတဲ့ လင့်ခ်ကနေတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://bit.ly/3Xy3H17

 

Ref: https://bit.ly/3Xy3H17

 

International Latest Post Read 7293 times