Sales Hotline : 09448001653       Download App



မိမိရဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်အတွက် အကြံဉာဏ်ရယူနိုင်မယ့် အခမဲ့ဆွေးနွေးပွဲကြီး

 

 

အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံပေးဆွေးနွေးပွဲကြီးကို “Institute of Vocational Studies - IVS” မှဦးစီး၍ လာမည့် ဇန်နဝါရီလ (၁၄) ရက်နေ့ (စနေနေ့) တွင် IVS Campus 2 တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

 

အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘာဝါသနာပါတာလဲ၊ ဘယ်အလုပ်ကို ရူးရူးသွပ်သွပ်လုပ်ချင်တာလဲ သေချာမသိသေးသောသူများ၊ ဝေဝေဝါးဝါးဖြစ်နေသူများ၊ ကိုယ်ရွေးချယ်မယ့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်နဲ့ ပတ်သက်ပြီး သေသေချာချာ သိချင်သူများအနေဖြင့် ဒီပွဲကို တတ်ရောက်သင့်ကြောင်း ပြောကြားထားသည်။

 

အဆိုပါပွဲတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များကို IVS မှ အတွေ့အကြုံရှိ ဝါရင့် ဆရာ/ဆရာမကြီးများကိုယ်တိုင် တိုင်ပင်ဆွေးနွေးပေးသွားမည်ဖြစ်သည်။ 

 

ပညာရပ်နယ်ပယ်များအနေနဲ့အောက်ပါနယ်ပယ်များဝင်ရောက်ဆွေးနွေးနိုင်မည်ဖြစ်သည်_

 

  • ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းအားစိတ်ဝင်စားပြီး ကျန်းမာရေးနယ်ပယ်ထဲတွင်ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ချင်သူများအနေနဲ့ Healthcare Vocational Course

 

  • Hospitality Industry မှာဝင်ရောက်လုပ်ကိုင်လိုသူများအတွက် Front Office Operation Course အကြောင်း၊ 

 

  • IT နယ်ပယ်မှာ အခြေချချင်တဲ့ သူများအတွက် Information Technology Vocational Courses အကြောင်း၊

 

  • နည်းပညာတွေနဲ့ ရင်ဘောင်တန်းပြီး ခေတ်ရေစီးကြောင်းနှင့်အညီ လျှောက်လှမ်းချင်ကြသူတွေအတွက် Engineering Technician Courses အကြောင်း၊

 

  • စီးပွားရေးကို စိတ်ဝင်စားပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ချင်သူများအတွက် Business Vocational အကြောင်း စသည်တို့ကို အသေးစိတ်ရှင်းပြဆွေးနွေးပေးသွားမည်ဖြစ်သည်။

 

ထို့အပြင် Healthcare,Engineering,IT ပညာရပ်များကို ကိုယ်တိုင်ဝင်ရောက်လေ့လာရင်း လက်တွေ့စမ်းသပ်မှုများပြုလုပ်နိုင်အောင် Trail Activity များစွာကိုလည်း စီစဉ်ပေးထားမည်ဖြစ်သည်။

 

အဆိုပါပွဲအားစိတ်ဝင်စား၍ တတ်ရောက်လိုပါက အောက်တွင်ဖော်ပြထားသော လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး ဖုန်းနံပါတ် 09 765685798 , 09777487444 များသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။ 

 

RegistrationLink> https://docs.google.com/.../1fOhjltxa3CJ2bjxKi4eS5oC.../edit

 

ပွဲအစီအစဥ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်_

 

Date - January 14th ,2023

Time - 10 Am to 4 Pm

Place - IVS Campus - 2 ( No. 207, Pyay Road, Sanchaung Township,Yangon)

 

ပွဲသို့ ပထမဦးဆုံး စာရင်းပေးသွင်းသူ အယောက် (၅၀) အား Course Discount ၅၀ ရာခိုင်နှုန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


Crd: Institute of Vocational Studies - IVS

Latest Post Local News Vocational Read 540 times