Sales Hotline : 09448001653       Download App



စားသောက်ကုန် ထုတ်လုပ်သူများအတွက် အကျိုးရှိစေမယ့် အလုပ်ရုံဆွေးနွေးပွဲ

 

 

Impact Hub Yangon နှင့် Myanmar Innovative Life Science တို့ပူးပေါင်း၍ရှမ်းပြည်နယ်တောင်ပိုင်းရှိ SBN အဖွဲ့ဝင်များနှင့် စားသောက်ကုန်ထုတ်သူများအတွက် “Ideation Workshop: Exploring Business Innovative Ideas & Food Safety” ခေါင်းစဥ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ စားသောက်ကုန်လုပ်ငန်းများမှ ဘေးကင်းပြီးအရည်အသွေးပြည့်ဝသည့် ကုန်များကိုထုတ်လုပ်နိုင်ရန် နှင့် ထပ်ဆောင်းပံ့ပိုးကူညီမှုများ အနေဖြင့် စားသောက်ကုန်လုံခြုံခြင်း နှင့်  အာဟာရဆိုင်ရာ ဗဟုသုတမျှဝေခြင်းများ၊ နည်းပညာပံ့ပိုးမှုများ၊ ဈေးကွက် နှင့် ငွေကြေးအခွင့်အလမ်းချိတ်ဆက်ခြင်းအစီအစဉ်တို့ကိုပါ ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

အလုပ်ရုံဆွေးနွေးပွဲကျင်းပမည့် အချိန် နှင့် နေရာမှာ အောက်ပါအတိုင်းဖြစ်သည်_

 

ရက်စွဲ။   ။ ၁၃ နှင့် ၁၄ ဇန်နဝါရီ ၂၀၂၃

အချိန်။   ။ မနက် (၉) နာရီ မှ ညနေ (၄) နာရီ အထိ (ပထမနေ့)၊

                မနက် (၉) နာရီမှ နေလယ် (၂) နာရီခွဲအထိ (ဒုတိယနေ့)

နေရာ။   ။ UCT ဟိုတယ်၊ တောင်ကြီးမြို့

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ (၂) ရက်တာကြာမြင့်မည်ဖြစ်ပြီး ပထမနေ့တွင် စားသောက်ကုန်လုပ်ငန်းများတွင် ကြုံတွေ့နေရသည့်  အခက်အခဲစိန်ခေါ်မှုများအတွက် ဖြေရှင်းချက်များကို စီးပွားရေးစိတ်ကူးများအနေ နှင့် အတူတကွ ထုတ်ဖော်သွားမည်ဖြစ်သည်။ ဒုတိယနေ့တွင် အစားအစာဘေးကင်းရေး နှင့် အရည်အသွေးထိန်းချုပ်ခြင်း ဆိုင်ရာ အသိပညာများ ကို မျှဝေသွားမည် ဖြစ်သည်။

 

အဆိုပါပွဲအားတက်ရောက်ခြင်းအားဖြင့် စားသောက်ကုန်ထုတ်လုပ် သူများကြုံနေရသော အခက်အခဲများအတွက် ဖြေရှင်းချက်စိတ်ကူးများထုတ်လာနိုင်ခြင်း၊ စားသောက်ကုန်ထုတ်သူများအကြားစားသောက်ကုန်လုံခြုံမှု နှင့် ပက်သက်သော  အသိပညာများတိုးတက်လာခြင်း၊ ငွေကြေးအခွင့်အလမ်းများနှင့် ထိတွေ့လာနိုင်ခြင်း၊ ကွန်ရက်များပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်လာနိုင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ 

 

အလုပ်ရုံဆွေးနွေးပွဲအား စိတ်ပါဝင်စား၍ တတ်ရောက်လိုပါက အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် ဇန်နဝါရီလ ၁၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်သည်။ 

 

စာရင်းပေးသွင်းရန်လင့်ခ်။   ။ https://bit.ly/3Cp6JfP

 

အသေးစိတ်အချက်အလက်များအား သိရှိလိုပါက Impact Hub Yangon ၏ Facebook Page ဖြစ်သော https://bit.ly/3XebXmB တွင် ဝင်ရောက်ကြည့်ရှုစုံစမ်းနိုင်သည်။

 

Crd to Impact Hub Yangon Facebook 

 

Latest Post Local News Read 317 times